ဒီနှစ် Christmas ကတော့ ဘာမှ မလုပ်ဖြစ်ပဲ ဒီအတိုင်းပဲပြီးသွားပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်က လုပ်ခဲ့တဲ့ My Web My Style The Web
Show 2008 ကို လွမ်းမိပါတယ်။ ဒီပိုစ့်ကိုလည်း ခရစ်စမတ်မှာရေးမယ် ဆိုပြီး
အလုပ်နည်းနည်းများနေတာနဲ့ အခုမှပဲရေးဖြစ်တော့တယ်။
My Web My Style The Web Show 2008
အဲဒီပွဲကို ကိုဇော်ဇော်မျိုးလွင် က ဦးစီးပြီး လုပ်ခဲ့တာပါ။ ဒါ ကျွန်တော်
အိုင်တီ ထဲကို စ၀င်ပြီး ပထမဦးဆုံးပါဝင်ကူညီပေးခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။
2008 ထဲမှာပဲ ကျွန်တော်အမ်ဇက် ကိုတွေ့ခဲ့တယ်။ ပြီးတော့ ကိုစေတန်၊
ကိုညမီးအိမ်၊ ကိုစည်သူ၊စတဲ့ အမ်ဇက်က
သူငယ်ချင်းတွေတော်တော်များများကိုသိခဲ့တဲ့နှစ်ဆိုလည်းမမှားပါဘူး။
ပွဲအကြောင်းကို အင်တာနက်ထဲက သိခဲ့တယ်။ ပြီးတော့ အမ်ဇက် က လုပ်နေတဲ့
အဘိဓာန်ကို ကူရိုက်ပေးခဲ့တယ်။ အဲဒီနောက် ကိုဇော်နဲ့တွေ့ပြီး
သူဒီပွဲလုပ်နေတယ်။ မင်းတို့ပြချင်တဲ့ ဟာတွေရှိယင်ပြဆိုပြီးပြောတော့
ကျွန်တော့်ဘလော့(www.gipsy3.co.cc) ကိုတော့ပြဖြစ်တယ်။ အမ်ဇက်အနေနဲ့
အမ်ဇက်နဲ့ဆိုင်တဲ့ စာမျက်နှာတွေဖြစ်တယ်။
ပွဲလုပ်မယ်ကြားတော့ အဲဒီတုန်းက ကိုဇော် ကို Service + မှာသွားတွေ့တယ်။
အဲဒီမှာ ကိုထွန်းထွန်းကျော်နဲ့စခင်တယ်။ ပြီးတော့ ကိုမျက်လုံးနဲ့စသိတယ်။
အဲဒီလိုနဲ့ကူခွင့်ရခဲ့ပါတယ်။ ပွဲပုံစံက မြန်မာမှာ
ပထမဦးဆုံးလုပ်တဲ့အတွက်ကြောင့် တစ်ချို့လူတွေက
ဒီပွဲရဲ့အကြောင်းသေချာတောင်မသိလိုက်ပါဘူး။ ပွဲက ကိုယ့် Web Page Design
ကိုပြတာပါ။ အဲဒီကနေပြီးတော့ လူကြိုက်များတဲ့ ဆိုဒ်ကို ဆုပေးတာပါ။
လာတဲ့လူတွေက Vote လုပ်ရတယ်။ စက်တွေလည်းလိုလို့ ကိုစေတန်ရဲ့အရင်ဆိုင်
Cycodyno ကနေပြီးတော့ စက်တွေဌားတယ်။ နောက်နေ့မနက်ပိုင်းတွေမှာ ရေကျော်မှာ
သွားသွားပြီး ဘာတွေဘယ်လိုလုပ်ကြမလဲဆိုတာတိုင်ပင်ကြပါတယ်။ ပွဲနေ့ရောက်တော့
မှတ်မှတ်ရရ စပြီးခင်မိတာက ကိုဇော်မင်းတင် အရင်တုန်းက
အွန်လိုင်းမှာပဲတွေ့ဖြစ်တယ်။ အပြင်မှာတစ်ခါမှမတွေ့ဖူးဘူး။
ပွဲနေ့မနက်အစောကြီး Cycodyno ကိုရောက်လာတဲ့သူကတော့ ဇော်မင်းတင်ပါပဲ။
ပြီးတော့ နတ်ဝေါ့တွေညှပ်ပေးမယ့် ကိုကိုရဲတို့အတွဲရောက်လာတယ်။ ပြီးတော့
ကိုစေတန်တို့အားလုံးလူစုံတော့ ကွန်ပြူတာတွေသယ် တက္ကစီတွေဌားက
အဲဒီလိုနဲ့သွားကြတယ်။ ပွဲမှာ ပြမယ့်ကွန်ပြူတာတွေကိုစီတယ်။
အွန်လိုင်းမရတာနဲ့ offline လုပ်ထားတဲ့ screenshot တွေပဲပြကြတယ်။
ပထမရသွားတဲ့လူကတော့ ကိုမျက်လုံးပါ။ အမ်ဇက်က အွန်လိုင်းမှာပဲသိပြီး
အပြင်မှာမသိတဲ့လူတွေကိုလည်းတော်တော်များများသိခဲ့ရတယ်။
မနွယ်နီစိုးကိုလည်းစတွေ့တယ်။ ပွဲက တော်တော်ကောင်းပါတယ်။ လာတဲ့လူတွေကသာ
ပွဲအနှစ်သာရကိုမသိတဲ့အတွက် ဘယ်လိုလုပ်ရမလဲမသိဖြစ်နေကြတာပါ။
ဆုပေးပွဲတွေပြီးသွားတော့ စက်တွေသိမ်း၊ပြန်ဖို့လုပ်ကြပါတယ်။ တစ်နေကုန်
စက်တွေသယ်၊ဟိုပြေးဒီပြေးရတာနဲ့လူကနည်းနည်းပင်ပန်းနေပါပြီ။နောက်ဆုံးစက်တွေကို
cycodyno ကိုလိုက်ပို့ပြီးတော့မှ
ကိုစေတန်၊ကိုစည်သူ၊ကိုကိုရဲတို့နဲ့လက်ဖက်ရည်သွားထိုင်ကြပါတယ်။
အဲဒီမှာမှတ်မှတ်ရရလေးတွေကတော့ ကိုစေတန်
လက်ဖက်ရည်နှစ်ခွက်ပေါင်းသောက်တာပါ။ ကျွန်တော်ဆိုရင်
အဲဒီလိုမျိုးမသောက်နိုင်ဘူး။ သူတော့ဘယ်လိုသောက်လိုက်တယ်မသိ။
ခဏလေးနဲ့ကုန်သွားတယ်။ ပြီးတော့ ည ၇ နာရီကျော်ပြီဆိုတော့
အိမ်ပြန်ရမယ့်အချိန်ရောက်တာနဲ့ပြန်တော့မယ်ပေါ့. ကိုရဲတို့က
အဲဒီမှာနောက်တာ မပြန်ပါနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တော်တော်နဲ့တော်တော်ပေးမထဘူး။
နောက်မှထပြီးပြေးတော့ သူလည်းပြေးပြီးလိုက်တယ်။
နောက်တစ်ဆိုင်နှစ်ဆိုင်ကျော်သွားမှ ရပ်တော့တယ်။ အဲဒီအဖြစ်အပျက်ကတော့
အခုထိတွေ့တိုင်း ပြန်ပြန်ပြောဖြစ်တဲ့အကြောင်းလေးပါ။
အဓိကကတော့ ဒီလိုမျိုးပွဲလေးတွေပြန်လုပ်စေချင်တယ်။ 2009 ခုနှစ်မှာ
ကိုဇော်နဲ့တွေ့တော့လည်းမေးတယ်။ ပြန်လုပ်မလား။ 2010 မှာတွေ့လည်းမေးတယ်။
ဒါပေမယ့် ဒီလိုမျိုးပွဲတွေမတွေ့ရဘဲ၊ ငါစပွန်ဆာပေး
ငါတက်ပြောတာတွေပဲတွေ့နေရတယ်။ ပြီးတော့ တစ်ခါလာလည်း ဒီအကြောင်း
တစ်ခါလာလည်းဒီအကြောင်းတွေနဲ့ ရိုးအီနေပြီ။ နောက်ပွဲတွေမှာ အဲဒီလူပါရင်
ဘာအကြောင်းပြောမယ်ဆိုတာကအစ ခန်မှန်းလို့ရနေပြီ။
ကျွန်တော်တို့ အမ်ဇက်မှာဆွေးနွေးခဲ့တာလေးကို အောက်ကလင့်မှာဖတ်လို့ရပါတယ်။
No comments:
Post a Comment