နောက်ပိုင်းလုပ်တဲ့ event တွေထဲမှာ အလွန့်အလွန် အရေးကြီးသည့်ပွဲမှလွဲလို့
ကျန်တဲ့ပွဲတွေ မသွားဖြစ်ပါ။ တစ်ချို့လူတွေကလည်း
မာနကြီးသည်၊ ဟုလည်းပြောကြတယ်။ ထင်ချင်သလိုထင်နိုင်ပါတယ်။ ကျွန်တော့်ဖက်က
ပြောနိုင်တာတစ်ခုကတော့ ကျွန်တော် ဘယ်သူနဲ့မှတွေ့ဖို့ဆန္ဒမရှိပါ။
လူများတဲ့နေရာတွေမသွားချင်တော့ပါ။ ကိုယ်ဟာကိုယ်
တစ်ယောက်တည်း သီးသန့်နေဖို့ ကို အများနဲ့တွေ့ဖို့ထက်
ဦးစားပေးလိုက်ပါပြီ။ နောက်ကွယ်မှာ လူတွေပြောတဲ့ဟာတွေကိုလည်း
ကြားမိပေမယ့် မကြားသလိုပဲနေလိုက်ပါ့မယ်။ ပြောချင်ဝေဖန်ချင်ရင် အရှေ့မှာ
လာတွေ့ပါ။ အနောက်မှာပြောပြီး ကျွန်တော် ပြန်ကြားသော စကားများကို ဘာမှ
ပြန်မပြောလိုပါ။
လေးစားစွာဖြင့်
ဂျစ်ပဆီ(ပြည့်စုံ)
No comments:
Post a Comment