Yangon မှာတော့ ဟိုး 2008 ကိုကိုရဲ BAK မှာ ပွဲစလုပ်ကတည်းက ပေးမယ်ဆိုတဲ့
Ubuntu Founder ကြီး Mark Shuttleworth ရဲ့အကြောင်းလေး ပေးဖြစ်တယ်။
အဲဒီတုန်းက ကိုကိုရဲ စလုပ်တဲ့ပွဲပေါ့ အခုထိမှတ်မိတယ်။ သူပွဲလုပ်မှာကို
ကူညီပေးဖို့ဆိုပြီး ကျွန်တော်တို့ကိုခေါ်တယ်။ Training ပေးမယ်ပေါ့။ ပွဲက
တနင်္ဂနွေ။ ကျွန်တော်တို့တော့ သောကြာနေ့ကတည်းက သွားတာပေါ့။ မနက်
ကိုးနာရီအရောက်ဆိုတော့ ကိုးနာရီ အရောက်သွားပါတယ်။ ဒါပေမယ့်
ထုံးစံအတိုင်းကိုကိုရဲကတော့ နေ့လယ်မှရောက်ပါတယ်။ :-)
အဲဒီတုန်းက ကိုကိုရဲ က Presentation ပေးခိုင်းတော့ Mark Shuttleworth
အကြောင်းကို ပေးမယ်ပေါ့ဆိုပြီး လုပ်ပါတယ်။ ဒါပေမယ့် မပေးဖြစ်ပါဘူး။ စနေ
နေ့ကစပြီး ကျွန်တော်မလာနိုင်တော့ဘူးဖြစ်သွားတယ်။
Ubuntu Hour Yangon မှာကျတော့ ဘာခေါင်းစဉ်နဲ့ပေးရင်ကောင်းမလဲစဉ်းစားရင်း
အရင် Presentation ကိုသတိရသွားတယ်။ အဲဒီ Presentation ကို Stick
ထဲမှာသိမ်းထားရင် Stick ကြွသွားတော့ ဖိုင်ပါပျက်သွားတယ်။
အဲဒါနဲ့ကိုကိုရဲဆီကနေ ပြန်တောင်းရတယ်။ ပြန်တော့ရပါတယ်။ ဒါပေမယ့်
အဲဒီတုန်းက တော်တော်ငယ်သေးတော့ ကလေးအတွေးနဲ့ Slide 6 ခုပဲလုပ်ထားတယ်။
စကားများများပြောမယ်ပေါ့ဆိုပြီး။ အဲဒါနဲ့ အခုကျတော့
အသစ်ပြန်လုပ်ဖြစ်ပါတယ်။ Information တွေလည်း အသစ်ပြန်ရှာပြီး
ပေးဖြစ်ပါတယ်။ ဒါပေမယ့် မနက်ပိုင်းကမှလုပ်ဖြစ်တော့တာဆိုတော့
ဘာမှကိုစဉ်းစားလို့မရဘူးဖြစ်နေတော့ တွေ့တဲ့ အချက်အလက်တွေပဲထည့်ပြီး
ပေးဖြစ်သွားပါတယ်။ ကျွန်တော် Presentation ပေးတာ အရမ်းတိုသွားတယ်။ :-) 10
မိနစ်အတောအတွင်းပြီးသွားတယ်။ ဟိဟိ အဲဒါကတော့ ရန်ကုန်အတွေ့အကြုံပေါ့။
Ubuntu Hour Mandalay အတွက်ကျတော့ ကိုကိုရဲက လိုက်ခဲ့တဲ့။
အပြင်မသွားချင်တာ၊ ခရီးမထွက်ချင်တာ၊ တွေနဲ့ မသွားဖြစ်ပါဘူး။ အဲဒါနဲ့
Presentation ပေးဖို့ပြောတာနဲ့ Ubuntu Releases and Variants
အကြောင်းပြောမယ်လို့ပြောလိုက်ပါတယ်။ အိုင်ဒီယာကို တော့  ကိုစေတန်
MYSTERY ZILLION မှာ လုပ်ထားတဲ့ Video ကိုအားကျပြီး
အဲဒီအတိုင်းလိုက်လုပ်ပါတယ်။ Flash နဲ့လုပ်ဖြစ်သွားတာပါ။ Ubuntu
ဘယ်အချိန်ကစထွက်တယ်။ ပြီးတော့ ဘယ်ဗားရှင်းတွေထုတ်ခဲ့သလဲ။ ဘယ်လို
အမျိုးအကွဲတွေထွက်ခဲ့သလဲ စသည်ဖြင့်ပေါ့။ အရင်တုန်းက Video Tutorials
တွေလုပ်တုန်းက Flash 8 နဲ့ပဲလုပ်တော့ အဆင်တော့ပြေနေပါတယ်။ အခု CS 5
ကိုစမ်းကိုင်ပြီးတော့ လုပ်ကြည့်တာဆိုတော့ တော်တော်ဖြေရှင်းလိုက်ရပါတယ်။
ဖြစ်ပုံက ဒီလို.....
တစ်ခုပြီး တစ်ခု Layer လေးတွေ ထပ်နေတယ်။ Layer တွေခွဲရတယ်။ ပြီးတော့
Animation တွေ သိပ်မထည့်တော့ပဲ ဒီအတိုင်းပဲဆက်လုပ်တယ်။ Screenshot
တွေထည့်တယ်။ ကိုကိုရဲကို နောက်ဆုံးပေးရမယ့်ရက်က ၁ ရက်နေ့ သူတို့က ၂
ရက်နေ့ထွက်မှာကိုး။ 30 ရက်နေ့ကျတော့ နည်းနည်းဖျားချင်သလိုဖြစ်လာတယ်။
ဒါပေမယ့် ညနေတော့ အားလုံးပြီးသွားတယ်။ အဲဒါနဲ့ မနက်ဖြန်မနက်ကျရင်
အသံသွင်းဖို့ဆိုပြီး Video ထုတ်တယ်။ ပြသာနာအကြီးစားကအဲဒီကစတာပဲ။
လုပ်ထားတဲ့ Text တွေ တစ်ခုမှပါမလာတော့ဘူး။ 800*600 size လုပ်တာဆိုတော့
ဆိုဒ်ကြီးလို့လားပေါ့။ ဆိုဒ်ပြန်လျော့တယ်။ ဒါပေမယ့် မထူး။
ကြိုးစားကြိုးစားနဲ့ အဲဒီညက ဘာမှမထွက်လာဘူး။ ညအိပ်တော့လည်း အိပ်မပျော်
အခုပဲထပြီး power point နဲ့လုပ်ရတော့မှာလား။ အသံဘယ်လိုသွင်းရမလဲ ဆိုပြီး
စိတ်ညစ်၊ မနက်ဆိုင်ရောက်တော့ အလုပ်အားလုံးကို ခဏထားပြီး ပြန်
ကြိုးစားကြည့်တော့ Compress Video ဆိုတဲ့ဟာကို ကလစ်မနှိပ်မိဘူး
အဲဒါတစ်ချက်ပြီးတော့ Text တွေအကုန်ကို Classic Text အဖြစ် မပြောင်းခဲ့ဘူး
အဲဒါတွေကြောင့် ဒီလိုဖြစ်တာဆိုတာသိသွားပြီး စာအကုန် လိုက်ပြင် နဲ့
အိမ်ပြန်ထမင်းမစားခင်တော့ အားလုံးပြီးသွားတယ်။ အခေါက်ခေါက် အခါခါ
ပြန်စစ်လိုက်တော့ အဆင်ပြေသွားတယ်။ တစ်ချို့ Animation တွေက
အဆင်မပြေတော့ပြန်ဖြုတ်လိုက်ရတယ်။ နောက်တော့ အိမ်ပြန်ထမင်းစား ပြန်လာတော့
အသံသွင်းဖို့လုပ်ရော ပထမတော့ xp ထဲက Sound recorder နဲ့ဖမ်းတယ်။
အဆင်မပြေဘူး။ အဲဒါနဲ့ Adobe SB နဲ့ ပြန်ဖမ်းတယ်။ အဆင်တော့ပြေတယ်။
ဒါပေမယ့် နေ့လယ် ဂိမ်းဆော့တဲ့အချိန်ဖြစ်နေတော့
ဂိမ်းသံတွေနည်းနည်းပါသွားတယ်။ အဲဒီနေ့ကျတော့ နှာကစီးနေပြီ အဲဒါနဲ့
နှာစီးတဲ့အသံတွေ အသံဝင်နေတဲ့အသံတွေနဲ့သွင်းတော့သွင်းလိုက်တယ်။
ပြန်နားထောင်ကြည့်တော့ ကိုယ့်ဟာကိုယ် ရီချင်လာတယ်။ :-) ပြီးတော့
အသံထည့်တော့ Wav ကိုလက်မခံပြန်ရော MP3 ပြန်ပြောင်းပြီး
ပြန်ထည့်လိုက်တော့အဆင်ပြေသွားတယ်။ အနောက်နားမှာ Presentation က မြန်ပြီး
ကိုယ်ပြောတာက နောက်ကျသွားတယ်။ နောက်ဆုံးပြောတဲ့စကားတွေမှာ
မပြောလိုက်ရတာတွေလည်းရှိတယ်။ အဲဒီအတွက် မန္တလေးက
လူတွေကိုလည်းတောင်းပန်ပါတယ်။ ဒါပေမယ့် အဲဒီ Presentation ထဲကနေပြီးတော့
Ubuntu ကိုဘယ်နှစ်ခုလောက်ထုတ်ခဲ့တယ်။ ဘယ်တုန်းကစထုတ်တယ်။
အမျိုးကွဲတွေလယ်လိုရှိတယ်ဆိုတာလေးကို သိသွားရင်ပဲကျေနပ်ပါတယ်။ မန
္တလေးတော့ မသွားဖြစ်တော့ဘူး။
နောက်တစ်ခေါက်ကျရင်တော့ လိုက်ခဲ့မယ်လို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။
အခုထိ အသံကမထွက်ချင်ဘူး။ မနည်းအော်နေရတယ်။ ညီမက အမြဲနှာစေးတော့
နှာဆေးပျောက်ဆေး အပြင်းစားတွေသောက်ရတယ်။ အဲဒီဆေးကိုသောက်လိုက်တာ
နှာစေးတာတော့ ပိတ်သွားတယ်။ အသံဝင်တာနဲ့
အဖျားအရှိန်အားနည်းတာပဲကျန်ခဲ့တယ်။ ဘိုင်ဗျား
2 comments:
နေမကောင်းဖြစ်နေတာလား။
ဂရုစိုက်လေ။ ရာသီဥတုကလဲအးလဲအေးနေပီ။
ဟုတ်
Post a Comment