ဘလော့ပိုစ့်များရေးတင်ကြရတွင် ကျွန်တော် ဂျစ်ပဆီလည်း
ပိုစ့်တင်ဖို့ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့်
မအောင်မြင်ခဲ့ပါဘူး။ မနေ့ကတစ်နေကုန်
အလုပ်များနေလို့ပါ။ဘာတွေများလည်းဆိုတော့ ကိုယ့်ဟာကိုယ်လည်းမသိပါဘူး။
နေလည်း ပြန်မကောင်းပြန်တော့
ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေပါတယ်။ ဘလော့ဂါများသည် ဘလော့ဒေးမှာ
ကြိုက်တဲ့ပိုစ့် ငါးပိုစ့်ကို ပြန်ရွေးပြီးတင်ရမည်ဖြစ်သော်လည်း
မတင်နိုင်ပါ။ အလုပ်တစ်ချို့ကိုလည်း ပြန်အပ်ရမှာဖြစ်တဲ့အတွက်ကြောင့်
အလုပ်များနေတာလည်းတစ်ကြောင်းပါပါတယ်။ ဒါပေမယ့် မနေ့ကတော့
ဖေ့ဘုတ်(www.facebook.com/gipsy3)
မှာ ငပိအကြောင်းလေးတော့တင်လိုက်မိပါရဲ့။
တင်လိုက်တဲ့ငပိအကြောင်းကတော့.........ငပိ ဆိုသည့်မြန်မာအစားစာသည်
International Standard Organization မှ လက်မှတ်မရထားသည့်အတွက် စတန်းဒတ်
ပဲသုံးမည်။ စတန်းဒတ်
နဲ့ပဲရိုက်မည်။ စတန်ဒတ် နဲ့ပဲနေမယ်ဆိုတဲ့လူတွေ ငပိကိုမစားမိပါစေနဲ့။
ငပိထုတ်လုပ်သူများသည် ISO မှ လက်မှတ်ရယူရန် လုံးဝစိတ်မကူးပါ။........
မပြီးသေးတဲ့အလုပ်လေးတွေဆက်လုပ်လိုက်ဦးမယ်။ ဘိုင်ဗျား
No comments:
Post a Comment