Friday, 9 December 2011

e-Government နဲ့ ကျွန်တော့်အမြင်

e-Government နဲ့ ကျွန်တော့်အမြင်

အခုမှလုပ်တာမဟုတ်ပါ။

သမ္မတ အသစ်ပြောင်းပြီးတော့ အိုင်တီက လူတော်တော်များများက e-gov
ကိုသတိထားလာကြတယ်။ အဲဒီထဲမှာ ကျွန်တော်လည်းပါပါတယ်။
ကျွန်တော်လည်းစိတ်ဝင်စားပါတယ်။ အခုတစ်လော ဘာမှ

ထွေထွေထူးထူးမရှိတာနဲ့ e-gov နဲ့ဆိုင်တဲ့စာတွေလိုက်ဖတ်ကြည့်တယ်။ e-gov
ကို ကျွန်တော်သိတာသိပ်မကြာလောက်ဘူး။ အရင်အစိုးရတွေလက်ထက်ကတည်းက
ဒီဟာကိုလုပ်နေကြပါတယ်။

အခုတစ်လော e-gov ကိုရေးမြန်မာလိုရေးထားတာကို ဖတ်မိတဲ့စာအုပ်လေးပါ။
တော်တော်ကောင်းပါတယ်။ 2004 လောက်ကတည်းက ပြုစုထားတာ။
တော်တော်အကြောင်းအရာတွေပြည့်စုံပါတယ်။ ဒီစာအုပ် ကိုသမ္မတ

ဖတ်ပြီးမပြီးတော့ ကျွန်တော်လည်းမသိဘူး။ ဒါပေမယ့် သမ္မတနဲ့ e-gov
ကိုဆောင်ရွက်နေတဲ့လူတိုင်းဖတ်ကြည့်သင့်ပါတယ်။
(http://www.mediafire.com/?djxld1q7yndis4m, Credit to Myanmar
e-government

facebook group)

အဲဒီစာအုပ်ထဲမှာက စင်္ကာပူက e-gov ကို အထူးအလေးပေးဖော်ပြထားပါတယ်။

စင်္ကာပူ e-gov အကြောင်းကို အောက်ပါလင့်များမှာဖတ်နိုင်ပါတယ်။

http://www.ecitizen.gov.sg/
http://www.egov.gov.sg/

အောက်ပါလင့်ကတော့ i-phone တို့ android တို့တိုးတက်လာတဲ့ခေတ်မှာ
နိုင်ငံသားတွေဖုန်းထဲမှာသုံးလို့ရအောင် application တွေရေးပေးထားကြပါတယ်။

http://data.gov.sg/AppShowcase/AppList.aspx


အပေါ်ကစာအုပ်ထဲမှာ ကျွန်တော်ကြိုက်တဲ့ စာကြောင်းတစ်ကြောင်းရှိပါတယ်။ e-gov
ဖြစ်ဖို့ဆိုတာ websites တင်ထားရုံနဲ့မဖြစ်နိုင်ပါဘူး။ အခုမြန်မာနိုင်ငံက
အစိုးရ ၀န်ကြီးများရဲ့ website များကိုကြည့်ကြည့်ပါ။

http://news.yatanarpon.com.mm/node/19516

တော်တော်များများ Out of date ဖြစ်နေပါတယ်။ မကောင်းဘူးလို့မပြောပါဘူး။
တက်နိုင်သမျှကောင်းအောင်လုပ်ထားပေးကြပါတယ်။

ဥပမာ....ကျွန်တော့်ညီမ က GTC ရဲ့ နောက်နှစ် syllabus ကိုသိချင်တော့

http://www.most.gov.mm နည်းပညာဝန်ကြီးဌာနထဲကိုသွားပြီးရှာတာ
ပိုအဆင်ပြေပါတယ်။ ပြီးတော့ မနှစ်တုန်းကတော့မတွေ့ခဲ့ဘူး။
ဒီနှစ်ကျမှတင်ထားတာလားမသိဘူး ကျောင်းဖတ်စာအုပ်တွေ၊

မေးခွန်းဟောင်းတွေတင်ထားတာတွေ့ပါတယ်။ တော်တော်လေးကိုကောင်းပါတယ်။

ဒါပေမယ့် ဘာလို့မအောင်မြင်ရတာလဲ ?????

Facebook ကဲ့သို့သော Social Network တွေမသုံးတာရယ်တွေကြောင့်

အဆက်အသွယ်ပျက်သွားတာပါ။(ကျွန်တော်ထင်တယ် သိပ်မကြေငြာရဲတာကလည်း အစိုးရက
တစ်ခုခု website တင်တိုင်း ddos တိုက်တာခံနေရ တာကိုး၊တင်လိုက်တိုင်း
အတိုက်ခံနေရတော့

သူတို့လည်းကြောက်သွားတာကိုး၊)

ပြီးတော့ သူတို့က reply back ကိုလည်းမသုံးကြဘူး။ မြန်မာအကြီးအကဲတွေက
reply ပြန်ပေးရမှာကိုတော်တော်ကြောက်ကြတယ်ထင်တယ်။ တော်ကြာ
သူဖြေလိုက်တဲ့ဟာကို

အကြီးအကဲသဘောမကျရင် ရန်ရှာခံနေရမှာကိုး။ သူတို့ဆိုဒ်မှာတောင် question
and answer ပုံစံတောင်မထည့်ထားဘူး။ contact လည်းမထည့်ထားဘူး။

e-gov ဖြစ်သွားရင် အများကြီးအကျိုးကျေးဇူးရကြမှာပါ။

ဥပမာ အားဖြင့် အခုပြောနေတဲ့ လာဘ်ပေးလာဘ်ယူ တို့ရန်သူ
ဆိုတာတွေပျောက်သွားပါလိမ့်မယ်။ အွန်လိုင်းကနေပြီးတော့ပဲ
အားလုံးသွားကြရမှာလေ။

အဲဒါကြောင့် အင်တာနက် ကဖေးလေးဖြစ်ဖြစ်သွားလိုက် ဒါမှမဟုတ် အိမ်က cdma
ဖုန်းကနေပြီးတော့ပဲဖြစ်ဖြစ် လျှောက်လိုက် ကျလာလိမ့်မယ်။ ပြီးတော့
လူကြီးတွေ ဂိတ်ပေါက်စောင့်တွေကို ကြောက်ရတဲ့ခေတ်လည်း

ဝေးသွားလိမ့်မယ်။ မီတာခ ကိုအွန်လိုင်းထဲကပေးလို့ရပြီလို့လည်းကြားတယ်။
ဒါပေမယ့် ဘယ်နားမှာသွားလုပ်ရမှန်းမသိဘူး။
သေချာကြေငြာထားတာမျိုးတွေကိုလည်းမတွေ့ရဘူး။

ကျွန်တော်တို့အခုလိုနေတာတွေက တန်းစီရတဲ့စနစ် တိုးရတဲ့စနစ်တွေကိုပျောက်ဖို့ပဲ။

အချိန်ကတန်ဖိုးရှိတဲ့ခေတ်မှာ ကျွန်တော်တို့မြန်မာတွေပဲ တစ်နာရီလောက်
အချိန်ပေးပြီး မီတာသွားဆောင်၇တယ်။ တခြားနိုင်ငံကလူတွေဆို
ယုံမှာတောင်မဟုတ်လောက်ဘူး။ ပြီးတော့ ကျောင်းအပ်တဲ့စနစ်တွေ

ဟိုတစ်နေ့က GTC ကျောင်းသွားအပ်တာလိုက်သွားပေးတော့ ဘောင်းဘီဝတ်လို့
မပေးဝင်တော့ဘူး။ မြန်မာ့ရိုးရာအတိုင်းဝတ်လာပါတဲ့ အဲဒီတော့မှ
ဝင်လို့ရမယ်ပေါ့။ အဲဒီ Rule က ဒီနှစ်မှ ပေါ်လာတာ။

အရင်တုန်းကမရှိဘူး။ ပြီးတော့ အထဲရောက်ရင်လည်း first year က ဘယ်နေရာမှာလဲ။
second year က ဘယ်နေရာမှာလဲ စသည်ဖြင့် လိုက်မေးရတယ်။ ပြီးတော့ form
ယူဖို့အရေး မနည်းတိုးရတယ်။ ပြီးရင် ဟိုသွား

ဒီသွား နဲ့။ ကျောင်းတစ်ခါသွားတာ ကျောင်းတစ်ကွင်းလို့ရောက်ဖူးသွားတယ်။
ဟိုသွားရ ဒီသွားရနဲ့။ ပြီးတော့ တခြားကိစ္စတွေအများကြီးရှိပါသေးတယ်။
ဒီဟာလေးတွေက Minor တွေပါ။ တကယ့် ကြီးတဲ့ projects

တွေက အများကြီးပါပဲ။

ကျွန်တော် Company မှာလုပ်တုန်းက myanmar trade net ပေါ်တယ်။
အွန်လိုင်းကနေပြီးတော့ လိုင်စင်တင်တဲ့စနစ်ပေါ့။ အဲဒီမှာ
လုပ်နေတဲ့လူတွေကတော့ အောင်မြင်တယ်လို့ပြောတယ်။

ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ဒီဟာက အွန်လိုင်းကနေပြီးတော့ တင်တယ်။ ပြီးတော့ ထုံးစံအတိုင်းပဲ မိတ္ထူတွေ
လေးငါးစုံလောက်ဆွဲပြီးတော့ တင်ရတယ်။

နေပြည်တော်ကို မသွားရဘူးလားဆိုတော့ အွန်လိုင်းပေါ်လာတော့လည်း
နေပြည်တော်သွားရပါတယ်။ ဒီအထူကြီးတွေကိုကိုင်ပြီးတော့။ ဟိုရောက်တော့လည်း
ဒီအွန်လိုင်းဆားဗစ်က ဘာလုပ်လဲဆိုတော့

ကိုယ်လျှောက်ထားတဲ့ နံပါတ်ကို ကြည့်ပြီး ပြန်တိုက်တယ်။ သူတို့လည်း
စာရွက်စုံမစုံစစ်တယ်။ ပြီး၇င်အဆင်ပြေရင်ယူထားလိုက်ပြီး မီတင်တွေ
ကနေပြီးတော့ စစ်ပြီးမှပြန်ကျပါတယ်။

အွန်လိုင်းကနေကျတာမဟုတ်ပါဘူး။ နေပြည်တော်မှာပဲသွားယူရတာပါ။
တကယ်တမ်းပြောရယင် စာရွက်အထူကြီး ကိုဖြုတ်လိုက်သင့်ပါပြီ။ လူတွေကပြောတယ်
e-gov ရဲ့အဓိက အခြေခံက အင်တာနက်

ကောင်းအောင်လုပ်ဖို့ပါ။ အဲဒါလည်းမှန်ပါတယ်။ လိုင်းကောင်းမှ
ဒီအွန်လိုင်းကိစ္စတွေလုပ်နိုင်မှာပါ။ ဒါပေမယ့် ယခုနိုင်ငံတော်အနေနဲ့
လိုင်းတွေက ကောင်းအောင်လုပ်နိုင်ပါတယ်။ ကောင်းအောင်မလုပ်ကြတာပါ။ အခုထိ

အင်တာနက်ကို စိတ်မချတဲ့အတွက်ကြောင့်မို့လို့ Internet filter
တွေခံထားပြီးလုပ်ကြပါတယ်။ အဲဒါတွေကနေပြီးတော့လည်း
လိုင်းတွေမကောင်းတာပါပါတယ်။ ကျွန်တော်ကြည့်တာကတော့
ရေအောက်လိုင်းပျက်တာတို့

တခြားကိစ္စတွေရှိမှသာ လိုင်းတွေမကောင်းတာပါ။
ရိုးရိုးအချိန်မှာတော့သုံးနိုင်ကြပါတယ်။ တကယ်လို့
အဲဒီလိုမျိုးတွေပျက်သွားခဲ့ရင် ဒီ
အွန်လိုင်းနဲ့လုပ်နေတာတွေရပ်ကုန်မှာလားဆိုတော့ မဟုတ်လောက်ဘူး။ ဥပမာ

ရေအောက်လိုင်း အခုပျက်သွားတယ်။ ဒါပေမယ့်
တခြားနေရာကနေရနေတဲ့လိုင်းတွေလည်းရှိပါတယ်။ စကိုင်းနတ် ဂြိုလ်တုကနေရနေတဲ့
လိုင်းတွေရှိပါတယ်။ ပြီးတော့ Media Corner ကိုကျတော့ေ

နေရာတစ်ကာမှာဖွင့်နိုင်တယ်။ အမြဲတမ်းအင်တာနက်ရမယ့် နေရာတွေကျတော့
အစိုးရကဘာလို့မဖွင့်တာလဲ။ အဲဒီလိုမျိုး အမြဲတမ်းဖွင့်ထားလိုက်ရင်
ဘယ်ကပဲကျကျ အဲဒီနေရာက

ကွန်နက်ရှင်မကျအောင်လုပ်ထားလိုက်ရင် ဒီအွန်လိုင်း ဆိုတာကိုမကြောက်ရတော့ပါဘူး။

ပြီးတော့ လူကြီးတွေက ကြောက်ကြတယ်။ သူတို့အနှစ်နှစ် အလလ ပြုစုထားတဲ့
ဒီစာရင်းတွေ လူတွေလက်ထဲရောက်သွားမှာလား။

သီးသန့်အဖွဲ့ ဖွဲ့ပြီးလုပ်ရင်မရောက်နိုင်ပါဘူး။ အခုဖေ့ဘုတ်မှာ
ဖွင့်ထားတဲ့ e-government အဖွဲ့ဆိုတာလည်း မရှိသင့်ဘူး။
နိုင်ငံတော်ကလုပ်တဲ့ ပရောဂျက်လေ။ အိုင်တီ လူငယ်တွေ

ပါပြီးကူညီမှ ဆိုတာမှန်တယ်။ ဒါပေမယ့် အဲဒီ ဂရုပ်ကနေပြီးတော့ ဒေတာတွေကို
အပြင်ရောက်သွားရင် အစိုးရလည်းမကောင်းဘူး၊ လုပ်ပေးတဲ့လူတွေလည်းမကောင်းဘူး။
ဒါပေမယ့်

အခုလုပ်တဲ့ပုံစံကိုရောကြိုက်လားဆိုတော့ မကြိုက်ဘူး။ အစိုးရက
သူသိတဲ့လူတွေကို အလုပ်ပေးတယ်။ မသိတဲ့လူတွေကို စာရင်းထဲတောင်ထည့်မတွက်ဘူး။
အဲဒါတော့မကောင်ပါဘူး မြန်မာမှာ သိတဲ့

တက်တဲ့လူတွေအများကြီးပဲ အဲဒီလူတွေကို ခေါ်ပြီးလုပ်ရင် ပိုတောင်
အိုင်ဒီယာကောင်းကောင်းလေးတွေထွက်လာဦးမယ်။

အခုတော့ဒီလောက်ပဲ နောက်မှ အပိုင်းတွဲ ၂ တွေဘာတွေရေးတော့မယ်။


ဂျစ်ပဆီ(ပြည့်စုံ)

No comments:

Twitter Bird Gadget