MYSTERY ZILLION 4th ANNIVERSARY AND MYANMAR TUTORIALS ANNIVERSARY ADN WEB DISIGN CONTEST CEREMONY
ပွဲအတွက် စီစဉ်ကြပုံများ
သွားဖြစ်အောင်သွားရမယ့် ပွဲတစ်ခုဖြစ်တဲ့အတွက် ဆိုင်ကို လေးယောက် လောက် အလိုကတည်းက ခွင့်တောင်းထားတယ်။ အမ်ဇက်နဲ့အမ်တီ ပေါင်းဖြစ်တာကတော့ ပထမ အမ်ဇက်ထဲမှာ ဘယ်နေ့လုပ်ရင်ကောင်းမလဲမသိဘူးဆိုတဲ့ မေးခွန်းတွေဖြစ်နေတယ်။ သင်္ကြန်ပြီးရင်လုပ်မလား။ ဒါမှမဟုတ် သင်္ကြန်မတိုင်ခင်လုပ်မလားပေါ့။ အဲဒီလိုနဲ့ ကိုပီဇိ(ကိုသီဟ)ကနေပြီးတော့ အမ်တီ နှစ်ပတ်လည်နဲ့ ဆုပေးပွဲကို လာမယ့် ဧပရယ် 10 ရက်နေ့လုပ်မယ်ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့ ကိုစေတန်တို့ ကိုဖြိုးဟိန်းကျော်တို့က ပေါင်းပြီးလုပ်ကြရအောင် အမ်ဇက် မမ်ဘာတွေလည်း အမ်တီ Fan တွေပဲ အဲဒီတော့ အားလုံးဒီလူတွေပဲ။ ဆိုတာနဲ့လုပ်ဖြစ်ကြတာပါ။ ပွဲမှာတော့ ဘာမှ မကူဖြစ်လိုက်ပါဘူး။ လိုအပ်တဲ့အကြံဥာဏ်လောက်ပဲပေးဖြစ်ပါတယ်။ အဲ တကယ်တမ်းပြောရရင် နောက်ဆုံးတာဝန်ယူထားရတဲ့ Registration Form and Survey Form တောင် မအားလို့မလုပ်ဖြစ်လိုက်မိဘူး။ အဲဒါနဲ့ ရိုးရိုးစာရွက်မှာပဲ registeration လုပ်ခိုင်းလိုက်ရတယ်။ အဲဒီအတွက်တောင်းပန်ပါတယ်။
သွားဖြစ်ပုံ
ပွဲနေ့ကျတော့ပထမ အတူတူသွားဖို့ ကိုညမီးအိမ်ကို ချိန်းတယ်။ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ နေတဲ့နေ၇ာမတူတာကြောင့် အတူတူမသွားဖြစ်လိုက်ဘူး။ 9 ရက်နေ့ ညနေကျမှ ကိုကျော်ဖြိုးအောင် နဲ့ ချက်ဖြစ်ပြီး တူတူသွားဖို့ဖြစ်လာတယ်။ သူ့အိမ်ရှေ့က ပဲစီးမှာဆိုတော့ သူထွက်စောင့်နေမယ်ဆိုပြီးပြောလို့ 8 နာရီထိပဲစောင့်လို့ ကျွန်တော့်က အကျင့်တစ်မျိုးရှိတယ်။ ချိန်းထားရင် အမြဲနောက်ကျတက်တယ်။ 9 ရက်နေ့ညကလည်း အိမ်ပြန်ရောက်တာ မိုးချုပ်တယ်။ အိပ်တာ ည 12 နာရီထိုးတော့မယ်။ အိမ်ကလူတွေကိုပြောထားလို့ ကျွန်တော့်ကို 6.30 လောက်နိုးပေးတယ်။
အဲဒါနဲ့ ကိုကျော်ဖြိုးနဲ့ကားဂိတ်မှာတွေ့ပြီး တူတူသွားဖြစ်ပါတယ်။
ရောက်သွားတော့
ကိုးနာရီ ရှိပါပြီ။ ကိုကိုရဲ ကဗွီနိုင်းတက်ချိတ်နေပြီး၊ ကိုဖြိန်းကတော့ အလုပ်တွေရှုပ်နေပါတယ်။ နောက်တော့ ကိုပီဇီ ကတော့ ပရောဂျက်တာစမ်းနေပါတယ်။ တခြားလူ 10 ယောက်ကျော်ကျော်လောက်ပဲရောက်သေးတယ်။နောက်တော့ register လုပ်ဖို့ စီစဉ်ပြီးတော့ အကျီင်္တွေပေးနဲ့ ပွဲကို 10.00 နာရီလောက်စဖြစ်ပါတယ်။
ပထမဦးဆုံးအစီအစဉ်ကတော့
ကိုသီဟနဲ့ ကိုဖြိန်းတို့က အမ်ဇက် နဲ့ အမ်တီ အကြောင်းကို စကားစမြည်းပြောကြပါတယ်။ အမှန်ဆိုရင် Presentation လေးကြိုပြင်ထားသင့်တယ်။ အမ်ဇက် စခဲ့တာကတော့ ဘယ်သူ။ ဘယ်လိုပုံစံနဲ့စခဲ့ကြတယ်။ ဒုတိယနှစ်က ဘယ်လိုကျင်းပခဲ့လဲ။ တတိယနှစ်ပတ်လည် ကိုဘယ်မှာကျင်းပတယ်။ Gathering လေးတွေကို ဘယ်လိုတွေလုပ်ခဲ့ကြတယ်။ စသည်ဖြင့် ဓာတ်ပုံလေးတွေနဲ့ ပြသင့်တယ်။ ဒါပေမယ့် ကိုဖြိန်းတို့ မအားတာကြောင့်လားမသိဘူး မလုပ်ဖြစ်ခဲ့ကြပါဘူး။
ကိုသီဟရဲ့ အိုင်တီသမားတစ်ယောက်ရဲ့ ဘဝကောက်ကြောင်း
ဒုတိယအစီအစဉ်အနေနဲ့ ကိုသီဟရဲ့ အိုင်တီသမားတစ်ယောက်ရဲ့ ဘဝကောက်ကြောင်းဆိုပြီး သူလည်းသူ့အကြောင်းပြောပြသွားတယ်။ နောက်တော့ ပွဲတစ်ယောက်လာတဲ့ပညာရှင်များကလည်း သူ့တို့အကြော်ငး နည်းနည်း နည်းနည်း ဆီပြောပြသွားကြတော့ အဲဒီအစီအစဉ်လေးကိုကြိုက်မိတယ်။
တတိယ အစီအစဉ်ကတော့
ကိုအိမောင်ရဲ့ Web Professional တစ်ယောက်ရဲ့ လမ်းကြောင်း၊ ဘယ်လိုသွားရမလဲ။ ဘာတွေသိရမလဲ စသည်ဖြင့် ပြောပြသွားပါတယ်။ ကိုအိမောင်ကတော့ ပွဲတော်တော်များများကို Web အကြောင်း ပဲပြောတာတွေ့တော့ တခြား အကြောင်း လေးပြောတာနားထောင်ချင်မိတယ်။
ပြီးတော့ Break Time. အစားအသောက်ကတော့ အပြင်အစားအစာ မသွင်ရဆိုတဲ့ MICT ရဲ့စည်းကမ်းချက်အတိုင်း သူတို့ဆီက အစားအစာပါပဲ။ ကော်ဖီနဲ့ပေါ့။
ပွဲပြန်စတော့
ကိုထူးမြင့်နောင် ရဲ့ IT Consumer အကြောင်းကိုသူ့ ရဲ့ Product တွေနဲ့နမူနာပြပြီး ပြောပြသွားပါတယ်။ တကယ်ကောင်းတဲ့ Presentation ပါ။ ကျွန်တော်တကယ်ကြိုက်ပါတယ်။သူပြောသွားတာကို အကြမ်းအားဖြင့်ပြောရယင်
MyanmarSM လားမသိဘူး။ အဲဒါကို သူက 2007 ခုနှစ်ကစတယ်။ ပြီးတော့ Mobile Mate Telecommunication က Invest လုပ်တယ်။ အဲဒါနဲ့ စဖြန့်ဖြူးတယ်။ 2008 လောက်ရောက်တော့ Defined လားမသိဘူး အဲဒါကို ပြန်လုပ်တယ်။ ပြီးတော့ ရောင်းအားတစ်ဝက်လောက်မှာ ဗားရှင်းအသစ်ပြန်ထုတ်တယ်။ နောက်တော့ ထိပ်ဆုံးရောင်းအားကိုပြန်ရောက်တယ်။ ပြန်ကျတဲ့အချိန်မှာ နောက်ထပ်ဗားရှင်းထုတ်တယ်ပေါ့။ ပြီးတော့ သူတို့ဘယ်လိုမာကက်တင်းဆင်းရသည် စသည်ဖြင့် ပြောပြသွားတာတော်တော်လေးလည်း ပညာရပါတယ်။
နောက်တော့ မအဲမွန် အလှည့်
မအဲမွန်ကို အွန်လိုင်းထဲကခင်ပေမယ့် အပြင်မှာ တစ်ခါမှမတွေ့ဖူးသေးဘူး။ဒီပွဲမှာမှ ပထမဦးဆုံးမြင်ဖူးတာပါ။ မအဲမွန်က အန်ဒရိုက်မှာ မြန်မာကီးဘုတ်ကို ဘယ်လိုလုပ်ရမလဲစသည်ဖြင့်ပြောသွားတာ ကီးဘုတ်တစ်ခုလုပ်တာ ဒီလိုတွေရှိမှန်း အခုမှသိတော့တယ်။ ဒါပေမယ့် မကြားချင်တဲ့ စကားလုံးတစ်ခုကြားလိုက်ရတယ်။ လာတဲ့လူတွေထဲကပါ။ ဒုံးကျည်လွတ်ရတာထက် မအဲမွန်ပြောသွားတာခက်တယ်တဲ့။ ကျွန်တော်တော့ အဲဒီစကားလုံးမကြိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အားမပေးတဲ့အပြင် ပြောတဲ့သူကိုပါ အားနည်းသွားအောင်လုပ်တဲ့ target လို့ကျွန်တော်မြင်တယ်။ မြန်မာတွေက အဲဒီလိုပဲ တစ်ယောက်သာတော့မယ်ဆိုရင် တစ်ယောက်က ဘာနဲ့မှ မနှီပ်စက်ဘူး စကားနဲ့ပဲ သူလက်လျော့သွားအောင်ပြောတက်တယ်။
နောက်ထပ်အစီအစဉ်ကတော့ ကိုဇော်မင်းတင်ရဲ့ .htaacess အကြောင်းပြောသွားတာလေးပါ။ ကျွန်တော်တော့ နုံလို့ပဲလားမသိဘူး။ သိပ်နားမလည်းဘူး။
ပြီးတော့ကိုBRB ရဲ့ Security အကြောင်း
မြန်မာတွေဘယ်လို လုံခြုံရေးကိုဂရုစိုက်သင့်ကြောင်းပြောသွားတာလေးကောင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံမပါတော့ တစ်မျိုးကြိးပဲ။
နောက်တော့ Panel Discussion လုပ်မယ်လို့ပြောထားတယ်။ ဒါပေမယ့် ကိုငွေထွန်းကပဲ ဆက်လက်ပြောကြားသွားပါတယ်။
ပြီးတော့ ဆုပေးပွဲ
ဆုပေးပွဲကပထမတော့ Vote တွေလုပ်မယ်လို့ပြောထားပေမယ့် ဗိုဒ်မလုပ်ဖြစ်ပါဘူး။ပြီးတော့ အဲဒီဆုပေးပွဲနဲ့ပတ်သတ်ပြီးပြောရယင် ကြိုပြီးတော့ သတ်မှတ်ထားသင့်ပါတယ်။ ဆုဘယ်လိုရွေးမယ်ဆိုတာပေါ့။ ကြိုပြီးတော့ကြေငြာထားသင့်တယ်။နောက်ဆုံးတော့ အွန်လိုင်းဗိုဒ်ကိုပဲရွေးလိုက်ပြီး အဆုံးအဖြတ်ပေးလိုက်ပါတယ်။
ရပ်ပါကြီးစေတန်၏ ဗွီဒီယို
နောက်တော့ဖောင်ဒါကြီး ကိုစေတန်ရဲ့ ရက်ပါ စကားနဲ့ပြောကြားထားတဲ့ Mobile Application ဆိုတာလေးကိုဖွင့်ပြတယ်။ တော်တော်ပညာရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာကိုအားထားသင့်လဲပြောသွားတာလေးစိတ်ဝင်စားဖို့ကောင်းပါတယ်။မြန်မာနိုင်ငံအတွက်ကတော့ သူ့စကားအရ Android ပဲလုပ်သင့်တယ်ပေါ့။လက်လှမ်းမမှီတဲ့ အိုင်အိုအက်စ်ကို တော့ မလုပ်သင့်ဘူးပေါ့။ စသည်ဖြင့်ပြောကြားသွားပါတယ်။
အားနာစရာလေးတစ်ခု
အဲ ကျွန်တော့်ကို ကောင်မလေးတစ်ယောက်က 10 ရက်နေ့မှာမုန့်ကျွေးမယ်လို့ပြောတာ။ မစားဖြစ်လိုက်ဘူး။ ကိုညမီးအိမ် နဲ့တူတူပြန်ဖြစ်လို့။ အဲဒီတစ်ယောက်ကိုတော့ တော်တော်အားနာပါတယ်။ နောက်နေ့မှပဲ စားတော့မယ်လို့.
ပြန်ခဲ့ပုံ
နောက်တော့ ဓာတ်ပုံရိုက် ပြီးတော့ ကိုညမီးအိမ်နဲ့တူတူပြန်လာခဲ့ပါတယ်။ ကားပေါ်မှာ အိပ်လည်း ငိုက်၊ ဗိုက်ကလည်း ရေရေလည်လည်ဆာနေတာနဲ့ အိမ်လည်း မပြန်ချင်သေးတာနဲ့ နောက်အစီအစဉ်တစ်ခုကို ဆက်လိုက်ပါတယ်။
နောက်အစီအစဉ်တစ်ခုစဖြစ်ပုံ
လင်းစဒေါင်းမှတ်တိုင်ရောက်တာနဲ့ မကြီးမြတ်ဆု အိမ်မှာ ထမင်းစားချင်လို့ရောက်သွားပါတယ်။ အဲ ပြသာနာက အဲဒီကစတာ မကြီးမြတ်ဆုအိမ်သွားတာ သူနဲ့တွေ့ပြီး ထမင်းစားဖို့။ တွေ့ဖြစ်တာကတော့ မကြီးမြတ်ဆုမဟုတ်ပဲနဲ့ သင်္ဘောသားပူပူလောင်းလောင်းလေး မင်းထောချန်းဖြစ်နေပါတယ်။ မတွေ့တာ သူသင်္ဘောထွက်ကတည်းကဆိုတော့ တစ်နှစ်ကျော်သွားပါပြီ။ အဲဒါနဲ့ ကိုဇော်ထွန်းဆီ ရှာပုံတော် ထွက်ပါတယ်။ မောင်ဇော်ထွန်း အလုပ်ရုံက တခြားရွှေ့သွားလို့ ရှာပုံတော်ဖွင့်လိုက်ရပါတယ်။ ဗိုက်လည်းဆာ၊ အားလည်းပျက်လု နီးပါးဖြစ်နေတော့ မနည်း လမ်းလျှောက်လိုက်ရပါတယ်။ နောက်တော့ သူနဲ့တွေ့ စက်ဘီးစီးပြီး မကြီးမြတ်ဆုဆီ ပြန်ရောက်ပါတယ်။ နောက်တော့ သူတို့လည်းရောက်လာပြီး ခုနှစ်ခွဲကြတော့ အိမ်တော်ပြန်ချိန်ရောက်ပါတယ်။စကားတောင်သိပ်မပြောဖြစ်ပါဘူး။နာရီဝက်လောက်ပဲ။ အဲ အဲဒီအချိန်မှ သဘောင်္သားလောင်းက ငါကျွေးမယ် ဆိုတော့ အချိန်ကလင့်နေပြီလေ။ အိမ်တော်ပြန်ရမယ့်အချိန်ရောက်နေတော့ နောက်နေမှကျွေးတော့ဆိုပြီး မနည်းပြန်လစ်လာရပါကြောင်းနဲ့ အိမ်ကို ရှစ်နာရီခွဲမှ ပြန်ေ၇ာက်ပြီး။ ထမင်းစားတော့မှ အားလေးပြန်ပြည့်လာပြီး။ ည 11 နာရီလောက်မှာ အိပ်ရာဝင်လိုက်ပါတော့တယ်။ အိပ်တဲ့အချိန်ကျတော့မှ စိုင်းစိုင်းမွေးနေ့ရှိုးကိုသတိရလိုက်ပါတော့တယ်။
အဲ ကျွန်တော် သင်္ကြန်မှာ ဘာအစီအစဉ်မှမရှိဘူး။ အိမ်မှာအိပ်မယ်စားမယ်ပြီးတော့ ညနေပိုင်းဆိုင်လာစောင့်ပေးရမယ်ဗျ။ အားရင်ဆိုင်လာခဲ့ကြဗျား
No comments:
Post a Comment