Friday, 8 April 2011

Multicultural Thingyan @ American Center

Multicultural Thingyan Festival @ American Center

သွားမယ်၊မသွားဘူး....

သွားမယ်။မသွားဘူးမဲခွဲနေရင်းနဲ့ သွားမယ်ဆိုတဲ့မဲက ပိုများသွားတဲ့အတွက် သွားဖြစ်လိုက်တဲ့ပွဲလေးပါ။ Multicultural ဆိုသည့်အတိုင်း သင်္ကြန်ကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက သူတို့သင်္ကြန်ကို ဘယ်လိုဆင်နွဲကျတယ်ဆိုတာကို ပြတဲ့ပွဲပါ။ ဒီပွဲကို American Center မှာ အခြေစိုက်တဲ့ ကလပ်တွေတော်တော်များများက Support လုပ်ကြပါတယ်။ ကျွန်တော်ကျတော့ Indian Student Association ရဲ့မမ်ဘာတစ်ယောက်အနေနဲ့သွားခဲ့တာပါ။ ဆိုင်မှာလူမရှိတော့ ညနေ ၄ နာရီလောက်မှ စထွက်ဖြစ်ခဲ့တယ်။ တကယ်တမ်းစ တာကတော့ သုံးနာရီပါ။ အဲဒါကတော့ ဂျစ်ပဆီ ထုံးစံပါလေ။ နောက်ကျမှရောက်တာ။ ထားပါ့တော့။ ရောက်သွားတော့ လက်မှတ်စစ်တဲ့နေရာမှာ လက်မှတ်ကိုအပေါက်ဖောက်ပြီးတော့ ဝင်ပါတယ်။ 

ရောက်သွားပြီး

အထဲရောက်တော့ ကိုညီထွေး(BAK) နဲ့စတွေ့ပါတယ်။ လူတော်တော်များများလည်း ရောက်နေကြပါပြီ။ အေစီ ရဲ့ထုံးစံအတိုင်း အားလုံးမတ်တပ်ပေါ့။ အေစီ အထာသိတဲ့လူငယ်တွေကတော့ အားလုံး မြက်ခင်းပြင်ပေါ်မှာထိုင်နေကြပါတယ်။ ရောက်ပြီး ရပ်တုန်းပဲရှီသေးတယ်။ Break time တဲ့။ တန်းစီပြီးတော့ မုန့်လေးယူလိုက်ပါတယ်။ မုန့်လည်း ဒီတစ်ခေါက်ကျွေးတာ အဆင်ပြေပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပြီးတော့ တခြား ရိုးရာ အစားစာတွေလည်းရောင်းနေတာတွေ့ပါတယ်။ Stage က တော့ အရင်ပုံစံအတိုင်းပါပဲ။ Vinyl လေးပဲကပ်ထားတယ်။ 

Co_Sponsored

Vinyl ပေါ်မှာတော့ ထူးထူးဆန်းဆန်း Co-Sponsored ကိုတွေ့လိုက်ပါတယ်။ T8 ကပေးတာပါ။ ထူးထူးဆန်းဆန်းပါပဲ။ အေစီမှာလုပ်တဲ့ပွဲတွေကို စပွန်ဆာပေးတာနည်းပါတယ်။ နောက်တော့ပွဲပြန်စတယ်။ 

သင်္ကြန်ရဲ့အနှစ်သာ၇ သံချပ်


သံချပ်နဲ့ပဲပြန်စတယ်။ နည်းနည်းဝေဝေဝါးဝါးဖြစ်နေပေမယ့် တစ်ချို့ဟာတွေတော့ရယ်ရပါတယ်။ နောက် ပရိုဂရမ်လည်း သံချပ်ပါပဲ။ အဲဒီသံချပ်ကတော့ အရမ်းကောင်းပါတယ်။ အေစီက သင်တန်းတွေဈေးကြီးတာတို့၊ officer နေရာလုတာတို့စသည်ဖြင့် အေစီ ကိုချွတ်တဲ့ သံချပ်ပါပဲ။ 

Street Music

နောက်တော့ ကိုညီထွေးရဲ့ ညီ တို့လုပ်တဲ့ Street Music တဲ့ ကျွန်တော့် ဘ၀မှာ လမ်းဘေးမှာ တီးတဲ့ ကောင်လေးတွေရဲ့ လက်ရာပြီးတော့ ဒီမြူးဇစ်ကတော့ ကျွန်တော်ဒုတိယမြင်ရတဲ့ တီလုံးပါ။ တော်တော်ကောင်းပါတယ်။ ဓာတ်ဆီ တွေဖြည့်တဲ့ဘူးတွေနဲ့။ သံကြီုးတွေနဲ့ မြူးဇစ်လုပ်သွားတာ ကျွန်တော်တကယ်လေးစားမိတယ်။ နောက်တော့ ကဗျာပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲတို့လုပ်ပါတယ်။ 

Myanmar + Indian 
နောက်တော့ မြန်မာ+ International(Hindi) တွေပေါင်းပြီး ကကြပါတယ်။ မြန်မာသီချင်းဆိုရင် Indian တွေက လိုက်က Hindi သီချင်းဆိုရင် မြန်မာတွေက က နဲ့တော်တော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်တော့ အားလုံးကလို့ကောင်းတဲ့တီးလုံးလေးနဲ့ကကြပါတယ်။ 

My Favourites Programs.

ကျွန်တော် တကယ်ကြိုက်တဲ့အစီအစဉ်ကတော့ နောက်ဆုံးမှပါ။ ဒါပေမယ့် အားလုံးမတ်တပ်ရပ်ခိုင်းပြီး ကခိုင်းတဲ့အတွက် တစ်ချို့လူတွေက အစီအစဉ်ပြီးပြီထငိလို့ ပြန်ကြပါတယ်။ နောက်ဆုံးမှာလုပ်တဲ့ Programs လေးကတော့ အနုပညာခရီးသွားသုခုမှ မှ ဖျော်ဖြေတင်ဆက်တာပါ။ သူက Sign Language ကိုသု့းပါတယ်။ စကားမပြောပဲနဲ့ လက်အမူအရာ မျက်နှာအမူအရာနဲ့လုပ်သွားတာ တော်တော်ပီပြင်တယ်။ တီးလုံးအနေနဲ့သူတို့အဖွဲ့က တစ်ယောက်က ဂစ်တာလေးတီးပြီးတော့ ဖျော်ဖြေပါတယ်။ပြီးတော့ သူတို့အဖွဲ့ကပဲ ဆရာကြီးမင်းသုဝဏ် ရဲ့ လူလိမ်ကြီး သုံးယောက် ပုံပြင်လေးပြောပြပါတယ်။ ပြီးတော့ သူတို့ပဲပြန်ပြီး သရုပ်ဆောင်ပြပါတယ်။ အချိန်ကလည်း ရှစ်နာရီကျော်နေပြီ။ အဲဒါနဲ့ အိမ်ကို အမြန်ဆုံးနည်းနဲ့ပြန်ခဲ့ရပါတယ်။ တကယ်တမ်းတော့ မပြန်ချင်သေးဘူး။ အဲဒါလေးပြီးအောင်ကြည့်ချင်သေးတယ်။ ဒါပေမယ့် ဒါပေမယ့်..................
 

No comments:

Twitter Bird Gadget