မနေ့က Barcamp Yangon 2011 ရဲ့ Last Organizer Meeting ပွဲသွားတုန်းက ကိုကိုရဲ တို့ ကိုဇော်ဇော်မျိုးလွင်တို့က QR Code ဆိုတာလေးကို မိတ်ဆက်ပေးခဲ့တယ်။ ပြောတုန်းကတော့ သိပ်မရှင်းခဲ့ဘူး ညဆိုင်ရောက်တော့လည်း မိုးချုပ်နေတာနဲ့ အိမ်ပဲပြန်သွားတော့တယ်။ မနက်ကျတော့ အဲဒီ QR Code ကို ရှာပုံတော်ဖွင့်တော့တာပဲ။ ဘာကြီးလဲပေါ့။ စတွေ့သွားတာကတော့ ဒီအောက်ကလင့်မှာပါ။
မဆိုးဘူး နည်းနည်း လေးတော့သိလာတယ်။ အရင်တုန်းက ကျွန်တော်တို့ BarCode သုံးတယ်။ အဲဒီ့ ဘားကုဒ် အစား ဒီ QR Code ကိုသုံးလာတယ်။ ကျွန်တော် နောက်ထပ် ရှာကြည့်တယ်ထပ်တွေ့တာကတော့ ဒီ လင့်မှာပါ
အဲဒီလင့်က နေပြီးတော့ qrcode တွေကို ဖန်တီးလို့ရပါတယ်။ ကျွန်တော်ပထမဦးဆုံး ဖန်တီးကြည့်တာကတော့ ကျွန်တော့်ဘလော့လေးပါ။
အဲဒီလင့်မှာသွားကြည့်လို့ရပါတယ်။
ဖန်တီးပြီးသွားပြီဆိုရင် ဒါဆို အဲဒီကုဒ်တွေကို ဘာနဲ့ဖတ်မလဲပေါ့။ အဲဒါနဲ့ရှာလိုက်တာ
ဖုန်းတွေနဲ့ပဲဖတ်လို့ရတာသွားတွေ့တယ်။
အဲဒီမှာရှိတဲ့ လင့်တွေမှာ ကလစ်လုပ်ပြီး သွင်းနီုင်တယ်။ ကိုယ့်ဖုန်း အမျိုးအစားအလိုက်ပေါ့။ အဲဒီမှာမတွေ့ရင်လည်း googling လေးလုပ်ကြည့်ပေါ့။ qr code reader for..... ဆိုပြီး။
ဒါနဲ့ ဖုန်းတွေနဲ့ပဲဖတ်လို့ရလား။ Pc တွေနဲ့ဖတ်လို့မရဘူးလား စပ်စုကြည့်တော့ တွေ့ပါတယ်ဗျား
ဒီလင့်မှာပါ အဲဒီလင့်မှာ ကလစ်လုပ်လိုက်ပြီးတော့ ဒေါင်းလိုက်ပြီးရင် သွင်းလိုက်ပေါ့။ အဲ web cam လေးတော့ တပ်ထားဖို့လိုတာပေါ့။ ပြီးရင် အဲဒီ qr code ကို web cam နဲ့ ဖတ်ကြည့်လိုက်ရင် စာသားဖြစ်ဖြစ် လင့်ဖြစ်ဖြစ်ပေါ်လာလိမ့်မယ်။ ဟဲ ဟဲ မော်ဒန် ရည်းစားစာပေးဖို့ နည်းလမ်းတစ်ခုရပြီကွ ဟဲ ဟဲ

No comments:
Post a Comment