Fail ဒီဟာ လုပ်လည်း Fail။ ဒီတစ်လော ဘာလုပ်လုပ် Fail ဖြစ်ဖြစ်နေတော့ ဘာမှ
လည်းး ဆက်မလုပ်ချင်တော့ဘူး။ ကိုယ့် စိတ်ကြိုက်လုပ်ခွင့်မရတဲ့
ဘဝကြီးကိုလည်း စိတ်ကုန်လာတယ်။
Fail ဖြစ်လာရတဲ့အကြောင်းအရင်းတစ်ချို့ကိုကိုယ့်ဟာကိုယ်ပြန်သုံးသပ်ကြည့်တယ်။
ကျွန်တော် ဥာဏ်မီသလောက် စဉ်းစားမိတော့ ကျွန်တော့်
လိုအပ်ချက်တွေသွားတွေ့တယ်။ အများအားဖြင့်က ကျွန်တော် က " ငါ ဘာကောင်လဲ"
ဆိုတာကိုမေ့သွားလို့ဖြစ်ရတဲ့အကြောင်းအရင်းတွေချည်းပဲ။ ငါ
အများကြီးလိုသေးတာကို မေ့သွားတယ်။ တကယ်တမ်းလုပ်ရမယ့် ဟာတွေကျတော့
မလုပ်ဘူး။ ကျွန်တော် ကိုယ့်ဘဝအတွက် ဖြည့်ရမယ့် ကွက်လပ်တွေအရမ်းများတာလည်း
မေ့သွားတယ်။ အရင်တုန်း က စဉ်းစားတာက အဲဒီကွက်လပ်တွေဖြည့်ပြီး မှ
စိတ်ကူးထားတာတွေ ဆက်လုပ်မယ်ပေါ့။ ကျွန်တော် အရမ်းလောသွားတယ်။
ကွက်လပ်တွေမဖြည့်သေးပဲနဲ့ ကျွန်တော် လုပ်ချင်ရာကို
ဇွတ်ထိုးပြီးလုပ်လိုက်တယ်။
အကျိုးဆက်တွေကတော့ ပြောစရာမရှီအောင်ကိုဖြစ်သွားတယ်။ လူနဲ့စိတ် နဲ့
မကပ်တော့ဘူး။ ကိုယ်လုပ်ချင်တာတွေကိုမျိုသိပ်ပြီး။
ကျွန်တော်လုပ်သင့်တာတွေကိုပဲလုပ်တော့မယ်။ သူများတွေလို အားလုံးကို
မသိဟန်ဆောင်ပြီးနေလိုက်ချင်တော့တယ်။ ဖေ့ဘုတ် ကိုလည်း မနေ့တစ်နေ့က
စပြီးဖြတ်တယ်။ အောင်မြင်တယ်လို့ပြောရမှာပဲ။ Fan Page တစ်ချို့ရဲ့ Admin
နေရာကနေလည်း ကိုယ့်ဟာကိုယ်ဖြုတ်လိုက်တယ်။ ဖေ့ဘုတ်ကိုလည်း မနက် တစ်ကြိမ်၊
ညနေ အိမ်ပြန်ချိန်တ တစ်နေ့ နှစ်ကြိမ်ပဲဝင်တော့တယ်။ အရင်တုန်းက Gmail မှာ
Invisible နဲ့နေရာက အခု လုံးဝ Sign Out လုပ်ထားလိုက်ပြီ။ အစ်မ ကိုလည်း
ဆိုင်က အကောင့်နဲ့ အက်ထားတယ်။ တခြား စကားပြောစရာရှီတဲ့လူတွေကိုလည်း ညီမ
အကောင့်နဲ့ အက်ထားတယ်။ ကျွန်တော် ဂျီတော့ လည်း တက်မှာ မဟုတ်တော့ဘူး။
ဖေ့ဘုတ်မှာလည်း msg တင်ဖြစ်မှာမဟုတ်တော့ဘူး။ အရမ်းစိတ်ညစ်လာလို့ရှိရင်
Facebook Account ကို Delete လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်လိမ့်မယ်။
လုပ်ဖြစ်ရင်လည်း ဘယ်သူမှ ကိုအကြောင်းကြာမှာမဟုတ်ဘူး။အခု Profile Picture
ကိုဖြုတ်လိုက်ပြီ။ တင်ထားတဲ့ဓာတ်ပုံတွေ Tag ထားတဲ့ ဓာတ်ပုံတွေကို
ဒေါင်းလုတ်ဆွဲသိမ်းထားပြီး ရင်ဖျက်ချင်ရင်ဖျက်ဖြစ်မယ်။
တကယ်တန်ဖိုးထားရတဲ့ သူငယ်ချင်းတွေကိုတော့ နှမြောတယ်။ အခုတော့ ဘာမှ
လည်းမလုပ်ဘူး။ တစ်နေ့တစ်နေ့ စက်ထဲထည့်ထားတဲ့ ဓာတ်ပုံတွေကြည့်တယ်။
ရုပ်ရှင်တွေကြည့်မယ်။ Chat Log တွေပြန်ကြည့်မယ်။ ကတီပါ ဖိနပ်ကို
စွန့်တော့မယ်။ သားရေဖိနပ်ဒီကနေ့သွားဝယ်မယ်။ နေပူထဲထွက်ရင်လည်း
ထီးဆောင်းဖို့အစီအစဉ်မရှိ။ ကျွန်တော့်ကိုတွေ့လိုလှမ်းခေါ်ရင်
ရယ်ပဲပြတော့မယ်။ မတွေ့ခဲ့ရင်လည်း ကိုယ့်ဟာကိုယ်သွားမယ်။ ဘယ်သူ့မှကိုလည်း
မခေါ်ချင်တော့ဘူး။ ဘယ်သူနဲ့မှလည်းမတွေ့ချင်တော့ဘူးဗျား။
No comments:
Post a Comment