Monday, 8 September 2008

စိတ်ဓာတ်တွေကျတယ်ဗျား

အခုလောလောဆယ် ဘာမှကို မလုပ်ချင်ဘူး အဲဒါကြောင့် မ ကနေ့ တစ်နေကုန်လုံး Template လိုက်ရှာနေတာ
4 နာရီလောက်ကြာတယ် လိုက်စမ်းတာတွေ တစ်ခုမှအဆင်မပြေဘူး ဒါလည်း ဆိုးတော့
မဆိုးပါဘူး ကောင်းပါတယ်
ညဆိုရင် လည်း အိပ်ချင်တယ် စာမကျက်ချင်ဘူး ဒါပေမယ် အိမ် က အော် မှာ စိုး လို့ စာတွေကျက်နေရတယ်
အဲဒါတောင်အော်သေးတယ်
ဒီလစကတည်း က အိမ် က ဘယ်သူနဲ့ပဲပြောပြော စကားများရပြန်ပြီ ။ ပြီးတော့ အမျိုးတွေ့ ကလည်း နှိမ်
ဒီ ကြားထဲ ကွန်ပြူတာ ၀ယ်ဖို့ ညီမလေး နဲ့ တိုင်ပင်နေတာ ဒါပေမယ့် ပိုက်ပိုက် မသိပ် မရှိသေး ဘူး တစ်ခုချင်းဆီပဲ
ဝယ်တော့မယ်ဗျား။ ငယ်ငယ် လေးတုန်း ကတည်း ကသတ်မှတ်ထားတဲ့ ပိုက်ပိုက် ဖွင့်ဆိုချက်လေးပါ
ငယ်ငယ်တုန်က အစ်ကိုတစ်ယောက်နဲ့ သူ က နယ် အိမ်ကိုလာလည်တာ သူ က ဟိုပန် က လာလည်တော့ ည
ိဆို စကားပြောကြရော ပြောတော့ သူ ကမေး တယ် မင်း စာမေးပွဲ အစစ်ကြီးမှာ အဆင့်ဘယ်လောက် ရလဲ တဲ့
ကျွန်တော် ကလည်း အစစ်ကြီးမှာ အဆင့်နဲ့ မထုတ်ဘူးRoll Call နဲ့ ပဲထုတ်တာလို့ ပြောတော့ သူ ကမယုံဘူး တဲ့
အဲဒီမှာ ငြင်းခုံကြရော ပြီးတော့ ကျွန်တော် က အငယ်ပဲ ဆိုတော့ အဒေါ်တွေ ဦးလေး တွေ ၀င်ပြောတော့ ကျွန်တော်ပဲ အလျော့ ပေးလိုက်ရတယ် ဒါပေမယ့် မကျေနပ်ဘူး ကျွန်တော်ရှုံး ရမလားဆိုပြီးတော့ မနက် ကျတော့ ပိုက်ဆံ 10000 ပေးသွားတယ်တဲ့ မုန့်ဖိုးတဲ့ အဲဒါက ကြာပါပြီ လွန်ခဲ့တဲ့ 7 နှစ်လောက်က ပါ
အဲဒီ ကတည်း ကပိုက်ဆံ ကို Definition ဖွင့်ဆိုလိုက်တာ တန်အောင်ပြောခံပြီးမှရသောအရာ ဆိုပြီးတော့
ဘိုင်ဗျား
ဂျစ်ပဆီလေး
9.9.2008
(ရေးထားတာကြာပြီ ဒီကနေ့မှတင်ဖြစ်တော့တယ်)

No comments:

Twitter Bird Gadget