Wednesday, 10 September 2008

်မနက်က AC ရောက်ခဲ့သည်

ဒီကနေ့ မနက် က အိမ် မှမနေချင်တာနဲ့ ဘယ်သွားရင်ကောင်မလဲ လို့ စဉ်းစားရင်း အေစီ သွားမယ်လို့
အမေရိကန် ကောင်စီ လေ ။ စာအုပ်ငှားဖို့ပါ အစ်မတစ်ယောက်ပြောလို့ ကွန်ပြူတာစာအုပ်တွေအများကြီးပဲတဲ့
အဒါနဲ့ ရောက်ရော ။ ဝင် သွားတော့ foreigner ကြီး Security လေ။ ဘယ်ရမလဲ ကျွန်တော် ကလည်း ဗိုလ် လို
မှုတ်လိုက်တာ ပေါ့ i want to be a member
သူကဘာပြန်ပြောလဲ သိလား ခဏလေး တဲ့
ကျွန်တော်ကြောင်သွားတယ်
ဟ ငါတို့ မြန်မာစကားကို ဖော်ရင်နာတွေလည်း သင်ရပါ့လားဆိုပြီးတော့ အဲဒါနဲ့ သူက ဖောင် ယူပြီး ပေးတယ်
ဒါတွေဖြည့်တဲ့ ပြီးတော့ စနေနေ့လာခဲ့ပါတဲ့ ဖောင်တင်ဖို့
ကျွန်တော်ထက်တောင်စကားပီသေးတယ်
ဝင်ကြေး က 5000
ဓာတ်ပုံ 2 ပုံ
အိမ်ထောင်စုဇယား
ဒါပဲလိုတယ်တဲ့ စနေနေ့သွားလိုက်ဦးမယ်
အိမ်ကဆူလည်းဆူချင်စရာ
ဒီတစ်ပတ်လုံး အပြင်ပဲထွက်နေတာ
တနင်္လာနေ့ က မြောက်ဒဂုံ
အဂါင်္နေ့ က အိမ်မှာပဲ(တစ်နေရာသွားစရာရှိတာ သူက မလာနဲ့တော့တဲ့)
Wednesday က အေစီ
မနက်ဖြန် က မြို့ထဲ
သောကြာ က edu ပွဲ (လမ်း 50 http://www.mysteryzillion.org)
စနေက အေစီ
တနင်္ဂနွေ က မနက် 9 နာရီ က နေ ညနေ 5 နာရီ အထိ ကျူရှင်
ပြီးသွားပြီ တနလာင်္ ကစပြီး အိမ်မှာ နေရတော့မယ်ထင်တယ်
ဟီး ငိုချင်လိုက်တာ
ဂျစ်ပဆီလေး
10.9.2008

No comments:

Twitter Bird Gadget