Saturday, 6 September 2008

ငလျင် လှုပ်ခဲ့သည်(earthquake)

မနေ့ကတုန်းက 3နာရီ 15 လောက်က ငလျင်လှုပ်ခဲ့သည်။
ကျွန်တော်တော့ MZ Dictionary ရိုက်နေတုန်းပါ။
ကျွန်တော်လည်း မြန်မာ့ရုပ်မြင်သံကြား လိုမျိုး တစ်ရက်နောက်ကျပြီးမှပဲ ပိုစ် တင်တော့သည်
ငလျင် အားဘယ်လောက်ရှိလဲဆိုတာသိချင်လို့ မနေ့ က မိုးလေ၀သကိုကြည့်ရာ မပါလာပါ။
အော် ဒါ သူတို့ ကြိုရိုက်ထားတာပါလား လို့တွေးရင်း ပိုစ် တင်ဖို့စဉ်းစားမိသွားတယ်
ဒီပိုစ့် က ကျွန်တော် ပြောတာမဟုတ်ပါ
စာအုပ်တစ်အုပ်ထဲ က အတိုင်း ဖော်ပြတာပါ။ အဲဒီ စာအုပ်ထဲမှာ ငလျင်အဟောဆိုပြီးပါလာပါတယ်
အဲဒါကိုရေးချင်လိုပါ
Sunday မှာလှုပ်ရင် ပြည်သူပြည်သားချမ်းသာအံ့။
Monday မှာ လှုပ် ရင် အစားအစာပေါများအံ့။
Tuesday မှာလှုပ်ရင် အသီးအနှံ ရှားပါးအံ့။
Wednesday မှာလှုပ်ရင် ဆင်ဖြူရတနာပေါ်တက်အံ့။
Thursday မှာလှုပ်ရင် သူတောင်းကောင်း မွေးအံ့။
Friday မှာလှုပ်ရင် စည်ပင်ဝပြောအံ့။
Saturday မှာလှုပ်ရင် သူငှေးသူကြွယ်တို့ ပျက်စီး အံ့။

မှတ်ချက်။ ။ ကျွန်တော်ရေးတာမဟုတ်ပါ။ စာအုပ်တစ်အုပ်မှတွေ့လို့ ဝေမျှလိုက်တာပါ။
ကျွန်တော် Template လေးကိုပြောင်းထားပါတယ်
အဲဒါလည်းယာယီပါ။(မိန်းကလေးပုံစံ ဆန်လို့)
MZ Dictionary ပြီးသွားပါက အပြီးအပိုင် ပြောင်းပါမည်
အခုတော့ အဲဒါပဲဆက်ရိုက်လိုက်ဦးမည်။
ဂျစ်ပဆီ
06. 09. 2008

No comments:

Twitter Bird Gadget