မင်္ဂလာပါ
ပြီးခဲ့တဲံ Augustလ 15 ရက်နေ့က ကိုကိုရဲ နဲ့ Online Discussion
လုပ်ခဲ့ပါတယ်။ ပထမဦးဆုံးဆိုတော့ နည်းနည်းတော့ ဒုက္ခတော့ရောက်ခဲ့ပါတယ်။
အနီးကပ်ရောက်မှ ပထမစီစဉ်ထားတဲ့ mysteryzillion@jaconda.im က
ဒေါင်းသွားပါတယ်။ အဲဒါနဲ့ Online discussion လုပ်မယ်ဆိုကတည်းက ကြိုတင်
register လုပ်ထားတဲ့
mysteryzillion@partychapp.appspotchat.com ကိုသုံးဖြစ်သွားပါတယ်။
အကောင့်ဒေါင်းလိုက်လို့ မမေးလိုက်ရတဲ့လူတွေကိုလည်းတောင်းပန်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ပြောခဲ့တဲ့ Log တွေကို
http://ifile.it/eymbj6s
တွင်ပြန်တင်ထားပေးပါတယ်။File Expire ဖြစ်ခဲ့ပါက
gipsyhnh@gmail.com သို့ Mail
ပိုပြီးတောင်းခံနိုင်ပါတယ်။စည်းကမ်းချက်များကတော့ အရင်လအတိုင်းပါပဲ။
အသစ်အသစ်သော လူများ သိရအောင်လို့ ပြန်ဖော်ပြပေးလိုက်ပါတယ်။
ဆွေးနွေးမည့်သူများ လိုက်နာရမယ့် စည်းကမ်းချက်
၁။ burglish မသုံးရပါ။
၂။.Topic နှင့်ဆိုင်သော မေးခွန်းများသာမေးခွင့်ပြုပါတယ်။
၃။ အာလပတ်သာလပတ် မပြောရပါ။
၎။ ကိုယ်မေးချင်သော မေးခွန်းဖြစ်ဖြစ် ကိုယ်ဖြေချင်သော မေးခွန်းဖြစ်ဖြစ်
ပြီးပါက Ok ဆိုပြီးရိုက်ပေးရပါမယ်။
အခုဝင်လာသော မမ်ဘာများ အတွက် Partychat ShortCutsကိုဖော်ပြပေးလိုက်ပါတယ်။
/help လို့ရိုက်ရင် တခြား Shortcuts များကို ဖော်ပြပေးပါတယ်။
အခု ကျွန်တော်တို့ September လအတွက် ကတော့ နှစ်ယောက်ကိုဖိတ်ထားပါတယ်။
နှစ်ရက်ပေါ့လေ။ အဲဒီနှစ်ရက်မှာလုပ်မှာပါ။
Mysteryzillion Online Discussion For September (19.9.2010)
Special Guest.........Ko Thar Thar( ကိုသာသာ)
Time...... 9.30 to 11.30
Date.......19.9.2010
Place.....mysteryzillion@partychapp.appspotchat.com
Topic...... His Experience with the Mobile Dictionary(Ornagai)
About Him..... ကိုသာသာ ဆိုသည်မှာ အခုလောလောဆယ် စင်္ကာပူတွင်နေထိုင်ပြီး
Mysteryzillion က Project များကို ကူညီပေးနေသူပါ။ ကိုသာသာ သည်
Mysteryzillion Member of The Year 2009 ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။
သူရရှိခဲ့ခြင်းမှာ Mysteryzillion မှ Dictionary ကို ဖုန်းတွေမှာ
သုံးလို့၇အောင် သူရေးခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အခု စက်တင်ဘာလ ၏
ပထမဦးဆုံး ဆွေးနွေးမယ့်သူ အဖြစ် ဖိတ်ပြီး သူတီထွင်တုန်းက
ဘယ်လိုတွေလုပ်ခဲ့ရသလဲ ဆိုပြီး သိရအောင်လို့
ဖိတ်ခေါ်လိုက်ရခြင်းပဲဖြစ်ပါတယ်။။
Mysteryzillion Online Discussion For September (26.9.2010)
Special Guest ..........Ko Zaw Zaw Myo Lwin( ဘလာဂေါက်)
Time.......9.30 to 11.30
Date.......26.9.2010
Place......mysteryzillion@partychapp.appspotchat.com
Topic........Their Online Services
About Him........ကိုဇော်ဇော်မျိုးလွင် သည် မူလက ဘလာဂေါက်ဆိုသည့်
နစ်နိမ်းဖြင့် ဘလောက်စတင်ရေးသားပြီး ယခုအခါ zawzaw.com (http://zawzaw.com/)
အမည်ဖြင့် တကိုယ်ရေ ဦးစားပေး ပါစင်နယ် ဘလောက်ကို ရေးသားနေသူဖြစ်ကာ
ပြီးခဲ့သည့် Barcamp Yangon 2010 တွင်လည်း organizer တဦးအဖြစ်
ပါဝင်ခဲ့သူတဦးဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်မှစတင်ပြီး ဘလောက်ဂါ အဖြစ်
စတင်ခဲ့ပြီး နည်းပညာတိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်နေသူတဦးဖြစ်ကာ
သူ၏ ဘလောက်ပေါ်တွင် ပြည်တွင်းစီးပွားရေးကြော်ငြာ များကို ပထမဆုံး
လက်ခံရရှိခဲ့သည့် သူတဦးဖြစ် ပြီး စွန့်ဦးလုပ်ငန်း ရှင်လူငယ်တဦးလဲ
ဖြစ်ပါသည်။ ယခုအခါ Biznaz ဆိုသည့်လုပ်ငန်းအမည်ဖြင့်
အိုင်တီနှင့်ပတ်သက်သည့် လုပ်ငန်းများကို စတင်တော့မှာဖြစ်တဲ့ အတွက် ဘယ်လို
ဖန်တီး ကြမယ် ဆိုတာကို သိစေချင်လို့ယခုလို ဖိတ်ကြားတာ ဖြစ်ပါတယ်။
You Are Warmly Welcome to PartyChat with us.
No comments:
Post a Comment