အခုတစ်လောဘာမှမလုပ်ဖြစ်ဘူးဗျား
တစ်နေ့တစ်နေ့ ဆိုင်အလုပ်တွေ၊ တစ်နေကုန် အွန်လိုင်းထဲမှာရှီတယ်။ ဒီအတိုင်းပဲပုန်းနေတာ။ ပထမတော့ ဘလော့ တန်းပလိတ်ပြန်ပြင်မလို့ပဲ။ ပြင်ပြီးမှပဲ ပိုစ့်တွေစရေးတော့မလို့ပဲ။ ဒီကနေ့ Reader ဖတ်နေရင်းနဲ့ ဒီဂိုလာ ဘလော့နဲ့ ကိုဒီဘီအေ ဘလော့တွေ ဖတ်နေ၇င်းနဲ့ ဘလော့အရမ်းရေးချင်စိတ်ဖြစ်သွားတာ။ ဒီအတိုင်း
ဘာရေးရမှန်းမသိဘူး ။ စိတ်ထဲရှိတာတွေပဲချရေးနေတာ။
ကဲပါ အခုတစ်လော ဂျစ်ပဆီလေး ဘာလုပ်နေတယ်ဆိုတာပဲရေးတော့မယ်။
အင်း အခုတစ်လောလုပ်ဖြစ်တာတစ်ခုမှကိုမရှိတာ။ ဟိုဟာလုပ်မယ်ဆိုလည်း တစ်ဝက် ဒီဟာ လုပ်မယ်ဆိုလည်း တစ်ဝက် ပြီးအောင်ကိုမလုပ်ရသေးဘူး။
ေ၇းနေရင်းနဲမှ သတိရတယ်။ Org တစ်ခုကို psd တစ်ခုဆွဲပေးရဦးမယ်။ ဆွဲနေတုန်းပဲ။
တစ်နေ့တစ်နေ့ ဖဘ ကိုဝင်လိုက် ဘယ်သူတွေဘာတွေပြောထားလဲကြည့်လိုက်။ ဓာတ်ပုံလေးတွေကြည့်လိုက် ဟဲ ဟဲ ဘယ်သူတွေ Online Discussion တက်လည်း ကြည့်လိုက်နဲ့ ပြီးသွားတယ်။
Online Discussion နည်းနည်းအောင်မြင်တယ်လို့ပြောရမယ်။ (ကိုယ့်အမြင်ပေါ့) စလုံးက အစ်ကိုကြီးတွေ ရခိုင်က အစ်ကိုကြီးတွေ စတာတွေပါဝင်ပြီး တက်ကြွ စွာပါဝင်ဆွေးနွေးပေးကြပါတယ်။ ဒီ ကိုဇော်ဇော် နဲ့လုပ်တဲ့ ဆွေးနွေးပွဲကိုတော့ Log တွေကို PDF ထုတ်ရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားနေတယ်။
အ၇င်လုပ်ခဲ့ တဲ့ ပွဲများကိုတော့ PDF ထုတ်ထားပေးပါတယ်။ အောက်မှာ ဒေါင်း လို့ရပါတယ်
Mystery Zillion Online Discussion With Ko Ko Ye
http://ifile.it/eymbj6s
Mystery Zillion Online Discussion With Ko Thar Thar
http://www.mediafire.com/?z76odegfhw73aot
ကိုဇော်ကတော့ လုပ်နေတုန်းပဲ။နောက်မှ ပြန်တင်ပေးမယ်။
နောက်လတော့ မစီစဉ်ရသေးဘူး နောက်လ လုပ်ရင်ကောင်းမလား မလုပ်ရင်ကောင်းမလား စဉ်းစားနေတယ်။ဒါပေမယ့် ကြိုးစားကြည့်ပါမယ်။
နောက်လတော့ အရမ်းအလုပ်များမယ်ထင်တယ်။
၁၀ နေ့မတိုင်ခင် Org တစ်ခုရဲ့ Mini-books တစ်ခုလုပ်ပေးရမယ်။
၁၃ ရက်နောက်ပိုင်းကတော့ ဘုရားပွဲတစ်ခုရှီတော့ နည်းနည်းအလုပ်ရှုပ်မယ်ထင်တယ်။
ဒါတောင် Online Discussion မစီစဉ်ရသေးဘူး
နိုင်ဝင်ဘာ 20 ကျရင် ပွဲတစ်ပွဲအတွက်လည်း လုပ်ပေးရဦးမယ်။
တယ်လည်း အလုပ်များတဲ့ ငါပါလား။
ပြီးတော့ ကိုယ် လုပ်ချင်နေတဲ့ ပရောဂျက်တစ်ခုရှိတယ်။ စဉ်းစားထားတုန်းပဲ။ လက်တွေ မလုပ်ဖြစ်ဘူး။ပထမ ဒီလထဲ မှာ လုပ်ဖြစ်မယ်လို့ထင်ထားတာ။ ဒါပေမယ့် အခုပဲ လကုန်တော့မယ်။ နောက်လတော့အပြီးလုပ်ရမယ်။
ကဲ ကဲ ဘလော့လေးတော့ ပုံမှန်လေးရေးပါတော့မယ်။
ဂျစ်ပဆီ
No comments:
Post a Comment