Friday, 20 February 2009

မဆိုင်သလိုပဲ

ဆောရီးပါဗျား ဘလော့မှာ ပိုစ့်အသစ်မတက်နိုင်တဲ့အတွက်တောင်းပန်ပါတယ်
နောက်ဆုံးနှစ် သူငယ်ချင်းတွေ အမှတ်တရ Album လေးထွက်ဖို့လုပ်ပေးနေရလို့ပါ။
ဟဲ ဟဲ ဒီကနေ့တော့ လုပ်မယ့်သူငယ်ချင်းတစ်ယောက်ကမလာလို့ ပိုစ့်ထိုင်ရေးနေတာ

ဒီကနေ့ Big Bag AD 3000 ထဲက မဆိုင်သလို ပဲ နားထောင်ပြီးတော့ရေးမယ် ရေးမယ် ဆိုတဲ့အတွေးလေးပေါ်လာတယ်
အခုတစ်လောခံစားနေရတာကလေ

လူတွေရဲ့ ဟိုးအဝေး  သူငယ်ချင်းတွေရဲ့ ဟိုးအဝေး အမျိုးအသိုင်းဝိုင်းတွေရဲ့ ဟိုးအဝေး အိမ်ကလူတွေနဲ့ ဟိုးအဝေး
.........ရဲ့ဟိုးအဝေး မှာတစ်ယောက်တည်း တဲအိမ်လေးနဲ့တစ်ယောက်တည်း နေသလိုခံစားရတယ်ဗျား။

အရမ်းအထီးကျန်တာပဲ။ ဘယ်လိုတွေဖြစ်နေမှန်းကိုမသိတာ။

ကျားပေါက် တို့ဆိုထားတဲ့  အရင်အတိုင်းရန်ကုန်ကလည်း ကျွန်တော်နဲ့တူနေသလိုပဲလို့ ခံစားနေရတယ်ဗျား
ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာလေးတွေဆက်လုပ်ရမှာပါပဲလေ။
ဆက်လုပ်လိုက်ဦးမယ်ဗျား

No comments:

Twitter Bird Gadget