Wednesday, 7 January 2009

အရှင် ဦးကောဝိဒ ဖျားနေသည်

စစ်ကိုင်းကကွန်ပျူတာသင်တန်းဖွင့်တဲ့ ဦးကောဝိဒ ဆေးရုံတက်နေရပါတယ်လို့ ဒီကနေ့ အီးမေးမှ ဘုန်းဘုန်း ukallweda မှ အကြောင်းကြားလာပါတယ်

ဆေးရုံတက်တာ 2.1.09 ရက်နေ့ ည ၉ နာရီခွဲအချိန်မှာတက်ရတယ်။ ရောဂါကတော့ အစာအိမ်လေအောင့်ဖြစ်တာပါ။ ဆေးခန်းတွေကို သွားပြသေးတယ်။
ညပိုင်းအချိန်မှာ လုံးဝမသက်သာတာနဲ့ သီတဂူဆေးရုံကို တင်လိုက်ရပါတယ်။ ဆေးရုံစတက်တဲ့အချိန်ကစပြီး ဘာမှမစား မသောက်ရဘူး ရေတောက်မသောက်ရဘူး။
တဖြည်းဖြည်းနဲ့အရည်(အရေ)ကို စပြီးဘုန်းပေးရတယ်။ အခုတော့ ဆန်ပြုတ်တွေဘုန်းပေးနိုင်ပါပြီ။ နဲနဲတော့သက်သာလာပါပြီ။ မန္တလေး သင်တန်းကိုတော့ ခဏပိတ်ထားရတယ်။
စစ်ကိုင်းသင်တန်းကတော့ ပန်းရံတွေဆင်းနေပြီ။အုတ်ခင်းနေပြီ။ ဒါကြောင့်နားထားရတယ်။ တင်တန်းများကို 12.109 ရက်နေ့မှာ ပြန်ဖွင့်နိုင်မယ်လို့သိရပါတယ်။
ရိုက်ထားတဲ့   ဓာတ်ပုံတွေ ကိုတော့နောက်တစ်နေ့မှဘဲ ပို့ပေးတော့မယ်။

ဘုန်းဘုန်း နေအမြန်ပြန်ကောင်းပါစေလို့ ဂျစ်ပဆီလေးမှ ဆုတောင်းပေးလိုက်ပါတယ်ဗျား

No comments:

Twitter Bird Gadget