Wednesday, 31 December 2008

လွန်ခဲ့တဲ့လေးနှစ်လောက်က ဒီအချိန်မှာ

လွန်ခဲ့တဲ့လေးနှစ်လောက်က ဒီအချိန်မှာ..................
ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့မှာ အစ်မ ဝမ်းကွဲတစ်ယောက်ရှိပါတယ် အဲဒီအစ်မက ကောင်လေး ငယ်ငယ်လေးကတည်းက မလေးမှာ အလုပ်လုပ်နေတာပါ သူ ပြန်ရောက်တာလည်းသိပ်မကြာသေးပါဘူး အဲဒီတုန်းကပေါ့ အရမ်းခင်ဖို့ကောင်းတာ။ ကောင်လေးအစ်မ က မလေးမှာ ကရင်အစ်ကိုကြီးတစ်ယောက်နဲ့ လက်ထပ်ဖြစ်သွားပါတယ်ကြိုက်ပြီးတော့ အဲဒီတော့ အဲဒီအစ်ကိုကြီးလည်း သူနဲ့တူတူ အိမ်ကိုရောက်နေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကရင် နှစ်သစ်ကူးမှာ ကောင်လေး အမေ ကဖုန်းဆက်ပြီး မြောက်ဒဂုံ အဲဒီအိမ်ကို ကောင်လေးကို လွတ်လိုက်တယ် အစ်ကို ကို Wish လုပ်ဖို့ပါ ရောက်သွားပါတယ်မြောက်ဒဂုံ ဒါပေမယ့် ကောင်လေး ယောက်ဖက မရှိဘူး ကရင်နှစ်သစ်ကူးကို အာလိန်ငါးဆင့်မှာသွားလုပ်တယ်တဲ့ နေလိုက်ပါလို့ပြောလို့နေဖြစ်သွားတယ် ညနေပိုင်းကျတော့ ကောင်လေးယောက်ဖနဲ့ သူ့ညီမ ပါလာတယ် သူ့ညီမ ကိုကောင်လေးက တစ်ခါမှမတွေ့ဖူးပါ အဲဒီနေ့မှာမှတွေ့သွားတယ် ချစ်ဖို့ကောင်းတယ်ပေါ့ ကောင်လေးစိတ်ထဲမှာ စွဲသွားတယ် အဲဒီအချိန်တုန်းက ကောင်လေး ဟာ စိတ်ကစား တက်တဲ့အရွယ်ပါ အဲဒါနဲ့ နေဖြစ်သွားတာ 31 ရက်နေ့အထိရောက် သွားတယ် သူကတော့ 31 မနက်ပိုင်းမှာ ပြန်သွားပါလေတယ် ။ အဲဒါနဲ့ ကောင်လေးလည်း တစ်ယောက်တည်းမျိုသိပ်နေလိုက်ရပါတယ် ပြီးတော့ New Yr ကိုအစ်မဖြစ်သူ အစ်ကိုဖြစ်သူ ရယ် ဦးလေး ရယ် တူတော်မောင်များ ရယ် တခြားသောဧည့်သည်များနဲ့ လုပ်ကြပါတယ် အရမ်းပျော်ဖိုပကောင်းတာပဲ ဒီလိုနဲ့ အိမ်ကတောင် ဖုန်းဆက်ခေါ်ယူရတဲ့အဆင့်ထိရောက်သွား တယ်ဗျား တကယ်ပါ အဲဒီ ညလေးကိုတော့ဘယ်လိုမှမမေ့တော့ပါ ကောင်လေး လည်း နောက်ပိုင်းအဲဒီ ကောင်မလေးဆီရောက်ခဲ့သေးတယ် ဒါပေမယ့် သူတို့အိမ်က မကြိုက်မှာဆိုးလို့ ဆက်မသွားတော့ဘူး 2007 ဖေဖော်ဝါရီ လ 14 ရက်နေ့ က ကောင်လေးရောက်တာနောက်ဆုံးပဲဗျ။ လက်ဆောင်သွားပို့တာ နောက်ပိုင်းတော့.................................

1 comment:

Prizewai said...

နောက်ပိုင်းတော့ ... ဘာဖြစ်သွားပါလိမ့် ?????

Twitter Bird Gadget