Wednesday, 17 December 2008

Time Line of My March and April

My March, 2008…………သူ့စာမေးပွဲ က 10 ရက်နေ့ဖြေရတယ် လိုက်လုပ်ပေးရတယ် သူစားချင်တာ သူ လုပ်ချင်တာတွေပေးလုပ်ရတယ်။ စာမေးပွဲသွားဖြေတော့ လိုက်ပို့ရတယ်။ စာပြပေးရတယ်။ အမှန်ပြန်တိုက်ပေးရတယ်။စာမေးပွဲလည်း ပြီးတော့ 16 ရက်နေ့ကစပြီး သူငယ်ချင်း ကျော်ခိုင် ဝင်း ရဲ့အင်တာနက်ဆိုင်မှာ စလုပ်ဖြစ်တယ်။ ကျွန်တော်အတွက်ကတော့ မတ်လကအရမ်းကံ ကောင်းတဲ့လပဲ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ် လောက် က Company မှာ အလုပ်စဆင်း တာလည်း မတ် 15 ရက်နေ့။ Company မှာအလုပ်စလုပ်တော့ အရမ်းပျင်းစရာ ကြီး အသိ တစ်ယောက်နဲ့ ချိတ်ပြီး ဝင်သွားတယ်ဆိုတော့ သိပ်တော့မကြည်ဘူးပေါ့။ နောက် ပိုင်းတော့ ပျော်လာပါတယ်။ဒီအင်တာနက်ဆိုင်မှာလုပ်တော့လည်း ပထမတော့ သိပ်မသုံးရ ဘူးနောက်တော့ သုံးရတော့ ပျော်လာပါတယ်။ ကျွန်တော့် မွေးနေ့ က ဒီလ 30 ရက်နေ့ဒါပေမယ့် ဘာမှမလုပ်ဖြစ်ပါဘူး မနှစ်တုန်းကတော့ ပျော်စရာကြီး နောက်တော့ရေးပါ့မယ် အဲဒီအကြောင်းကို……..မျှော်…….ဒီနှစ် Birthday Wish ပြောတဲ့သူများကတော့ ထိုင်းမှာ ရောက်နေတဲ့ မကလျာ(Zorpia) မှာ Wish လုပ်သွားပါတယ်။တစ်ယောက်ပဲရှိတယ်။ အဲဒီနေ့ ကစောင့်သေးတယ် သူဖုန်းဆက်လာမလားလို့ ဒါပေမယ့် ………………….Nope!

My April, 2008 .......အလုပ်ကပြန်နားသည်။ အဒေါ် operation ရှိသောကြောင့် ခွဲမည့်နေ့က 8 ရက်နေ့။ သူငယ်ချင်းတွေက ကျောင်းအပ်မည်ဆိုပြီးဖုန်းဆက်။ချိန်းတဲ့နေ့က 8 ရက်နေ့ မသွားနိုင်။ ပေးလိုက်ပါသည် သို့သော် အချက်အလက် မပြည့်စုံသောကြောင့်မရ ပါ နောက်မှ တစ်ယောက်တည်းသွားအပ်ရသည်။၁၅ ရက်နေ့လောက်အလုပ်ပြန်ဝင်သည်။ချက်တင်ထိုင် အီးမေးစစ် နဲ့ အချိန်ကုန်သွားသည်။

No comments:

Twitter Bird Gadget