My May, 2008........၁ ရက်နေ့ မုန်တိုင်းတိုက်မယ်လို့လုံးဝမသိပါ။ ည ၈နာရီ ပြန်ခဲ့သည်။ မိုးသားများမှောင်နေသည်။အိမ်ရောက်မှသိသည်။မုန်တိုင်းတိုက်မည်ဆိုသည့်သတင်းကို။ရိုးရိုးပဲထမင်းစားပြီးရုပ်ရှင်ကြည့်သည်။ 9 နာရီလောက်မီးပျက်သွားသည်။ ဝင်အိပ်သည်။ 2ရက်နေ့ မနက်ပိုင်း ၄နာ၇ီလောက် ကစပြီးအိပ်လို့မရတော့ပါ။လေတွေစတိုက်ပါပြီ။ဒီလိုနဲ့ မနက် ခြောက်နာရီ ပိုဆိုးလာပြီး ထလိုက်ရသည်။ တံခါးက က ပွင့်ထွက်သွားမတက်ဖြစ်နေသောကြောင့် အဒေါ်အငယ်နှင့် ဝိုင်းဆွဲထားရသည်။ နာဂစ်ဒဏ်ခံစားလိုက်ရသည်။တစ်လလုံးနီးပါး မုန်တိုင်းနောက်ဆက်တွဲ အဖြစ် ရေမရှိခြင်း၊ ရေခပ်ရခြင်၊မီးမရှိခြင်း စသည်တို့နှင့် အလုပ်ရှုပ်နေပါသည်။ လကုန် လောက် မှ အလုပ်ပြန်စဆင်းပါပြီ။အင်တာနက် က လေးတုန်းပင်ရှိပါသေးသည်။ မီးစက်ဖြင့် ဖွင့်ပါသည်။
My June,2008 .......ဘာမှထွေထွေထူးထူးတော့မရှိပါဘူး ကျောင်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ဖို့ကြိုးစားတယ် ဘာတွေဖြစ်လဲ ဆိုတာတွေ သွားကြည့်တယ်။ လေးရက်နေ့မှာ ဘလော့စရေးပါတယ်။ ပထမတော့ မေးထဲကဟာတွေကို ပြန်တင်မလို့ပါ နောက်မှ ကိုယ့်ဟာကိုယ် ကိုးကား ပြီးရေးဖြစ်သွားတယ်။ဘလော့လုပ်ခြင်းတွေနဲ့ပဲအချိန်ကုန်ပါတယ် 26 ရက်နေ့မှာ အမ်ဇက် ကို စသိပါတယ်။
အောက်ဖော်ပြပါလူတွေရဲ့ Timeline လေးတွေကိုလည်းသိချင်ပါတယ်ဗျား
မင်မင်စေတန်
မင်မင် စူသီ(မအားလို့ ရေးနိုင်မယ်မထင်ဘူး)
မင်မင် ထွက်သွားသူ
မော်မော်နေ့မီးအိမ်
မင်မင် phpcrazy
ကိုတီလေး (စိတ်ဆိုးနေလို့ရေးမယ်မထင်ပါ)
အမ်ဇက်ဖိုရမ်
ကိုကိုရဲ
နောက်မှသတိရတဲ့လူကိုဆက်ရေးမယ်
နောက်ခြောက်လကိုတော့နောက်မှဆက်ရေးတော့မယ်

No comments:
Post a Comment