Friday, 12 September 2008

Mystery Zillion ကလုပ်သော edu ပွဲ

MZ edu ပွဲ ကို ကြိုတင်ကြေငြာထားတဲ့အတိုင်း 12.9.2008 မှာကျင်းပခဲ့ပါတယ်
ကျွန်တော်ကတော့ ကတိအတိုင်း မနက် 9 နာရီ သွားခဲ့တယ်
ကျွန်တော်အစောဆုံးပဲထင်တာကျွန်တော့် ထက်စောတဲ့လူကြီး ရှိပါတယ် ကိုညမီးအိမ်ပါ
ကိုထွက်သွားသူလည်းရှိပါတယ်။ ကိုစေတန်ကြီးကတော့ ပရင်တာပြင်ဖို့
အပြင်ခဏထွက်သွားပါတယ်တဲ့
ကို စူသီက တော့ အိမ်သာမှာပါ။ ကိုတီလေး ကတော့ 10
မိနစ်အတွင်းလာခဲ့မယ်ပြောပြီး မိနစ် 20 လောက်ကြာပါတယ် အဲဒီတော့မှရောက်တယ်
ကျွန်တော်တို့ပြီးတော့ ပထမဦးဆုံးရောက်တာက တော့ နာမည်က ကြောက်စရာကြီး
ကိုအိုးပန်းဂန်း (OpenGun) တဲ့ ပြီးတော့ 8vilboy နောက်တော့ ကိုကီလို
စာနယ်ဇင်းများနှင့် သတင်းထောက်များ တဖြည်းဖြည်းနဲ့ 10 နာရီ
မထိုးခင်အားလုံးရောက်လာကြပါတယ်
ကိုစေတန်ကြီးနဲ့ ကိုပွဲကြိုက်ခင်(ကိုကြည်သာ) ဒါရိုက်တာမဟုတ်ဘူးနော်
တို့အတူတူရောက်လာကြပါတယ်
ကျွန်တော်ကတော့ ရောက်ရောက်ချင်း ကိုညမီးအိမ်နဲ့ ကိုအိုးပန်းဂန်းတို့ နဲ့
ကိုထွက်သွားသူတို့နဲ့ ကိတ်မုန့် 2ချပ် နှင့် ကော်ဖီ 1ခွက်စီ
သောက်လိုက်ပါတယ်
ပွဲစဖြစ်တာကတော့ 10.15 လောက်မှပါ
အကျွေးအမွေး ကတော့ ကိတ်မုန်နှစ်ချပ်(ကောင်းသောနံနက်ခင်း(Good Morning))
ကော်ဖီ ကတော့ လူတစ်ကာချစ်တဲ့ စူပါကော်ဖီမစ်က ပါ။ ကိတ်မုန့် လေးတွေ
ဖြတ်သည့် သူများ လက်မညီ သောကြောင့် ပါးသွားပါကတောင်းပန်အပ်ပါသည်။
ကော်ဖီလည်းထိုနည်းတူစွာ ရေကျဲသွားပါကတောင်းပန်ပါသည်
chief cook များကတော့ ကိုထွက်သွားသူ ကိုစည်သူ(ပထမတော့ကူပါသေးတယ်
နောက်တော့ ဘီးဇီး ဖြစ်နေတာနဲ့.......) ကိုညမီးအိမ် ကျွန်တော်
ဂျစ်ပဆီလေးတို့ပါပဲ
ကြိုဆိုရေး (reception) ကတော့ ကိုစေတန် ကိုစူသီ ဖြစ်ပါတယ်
ကျွန်တော်တို့ chief cook များကတော့ စားပွဲထိုးတာဝန်ပါယူရပါတယ်
ပွဲစတော့ ကြော်ငြာ စာမျက်နှာ 3 မျက်နှာလောက်ရှိသော edu နှင့်ပတ်သတ်သော
စာများကိုဝေပါတယ်
ပြီးတော့ dvd တစ်ချပ် cd တစ်ချပ်
dvd ကတော့ အိမ်က dvd နဲ့ ဖွင့်လို့မရပါနောက်မှပဲဖွင့်ကြည့်ပါတော့မည်
ပထမဦးဆုံး ကိုစူသီ ကဟောပါတော့သည် edu နှင့်ပတ်သတ်ပြီး
ပြီးတော့ ကိုစိုင်းစိုင်းစေတန် ပြောပါသည်
mzblog နှင့်လည်း ရှင်းပြသွားပါသည်
နောက်ဆုံး mz ၏ ရှေ့ဆက်မည်သို့မည်ပုံသွားမည်ကိုရှင်းပြသွားပါသည်
(ကိုတီလေးကိုပြောရန်ပန်ကြားသောအခါ ကိုတီလေးက အလွန်ငယ်သောကြောင့် မီဒီယာ
ကိုမတက်ချင်ပါတဲ့)
နောက်ဆုံး ကျွန်တော် တို့ ၏ ဓာတ်ပုံများ ကိုရိုက် ယူသွားပါတော့သည်။
(ကျွန်တော် ကင်မရာမပါလို့ ပါရင်ရိုက်ပြီးတင်ပေးပါတယ်)
မုန့် ဒကာခံသူကတော့ အဆုံးထိမသိလိုက်ရပါဘူး
ဆိုင် ဒကာခံသူကတော့
ကိုစိုင်းစိုင်းစေတန်ဖြစ်မယ်ထင်တာပဲ(သူ့ဆိုင်ကြောငြာချင်လို့တဲ့)
သူ့လိပ်စာကဒ်လေးများကို လည်း ဝေပေးလိုက်ပါသေးသည်(သူ့ အိမ်နဲ့ သူ့
ဖုန်းကိုကြွားချင်လို့)
ပွဲစပြီး နောက်မှရောက်လာသူကတော့ အခွေ ကိုလှူဒါန်းသူ ကိုကိုရဲ
(အဝတ်လဲပြီးလာမည်ဆိုပြီး 10.30 လောက်မှရောက်လာသူပါ)ဖြစ်ပါတော့သည်အကြောင်း
ရေးပြီးနိဂုံးချုပ်လိုက်ရပါတော့သည်
မှတ်ချက်။ ။ ဒီစာထဲတွင်အမှားပါခဲ့ပါကခွင့်လွတ်ပါရန်နှင့် ကျွန်တော်
မသိပဲ လာသူများနာမည်မပါ ပါကလည်း ခွင့်လွတ်ပါရန်
ကျွန်တော်ကတော့ နောက် တစ်ပတ်မှာထွက်မည့် စာစောင်များထဲတွင်ပါမည့်
ကျွန်တော်တို့ ၏ ပုံများကြောင့် ရင်တစ်ထိတ်ထိတ်ဖြစ်နေပါတော့သည်
ဆံပင်ညှပ် ပြီး ရုပ်ဆိုးနေသော ကျွန်တော်ပုံဘယ်လိုများထွက်လာမလဲလို့ပါ
ညောင်းသွားပြီ
ရေးသားသူ
ဂျစ်ပဆီလေး
12.9.2008
edu ပွဲကျင်းပသောနေ့
စာကြွင်း ပွဲကို နေ့လည် 12.00 တိတိတွင်အောင်မြင်စွာနှင့်ပြီးဆုံးခဲ့ပါသည်
တက်ရောက်လာသူများ ကတော့ အယောက် 30 လောက်ရှိမည်ဟုထင်ပါသည်

No comments:

Twitter Bird Gadget