Friday, 12 September 2008

အွန်လိုင်းကနေပိုက်ပိုက်ရဖို့စဉ်းစားထားတာလေး(Kyats is now online project လေးပါ)

ကျွန်တော်လည်းအခုတစ်လောပိုက်ပိုက်သိပ်မရှိလို့ အွန်လိုင်းကနေပိုက်ပိုက်ရမယ့်နည်းလမ်းတွေကိုစဉ်းစားနေတာလေးပါ

ကျွန်တော်လည်းလုပ်ချင်နေတာ
သိရင်ဖြေပေးကြပါခင်ဗျား
ကျွန်တော်က ဘလောခ့် ကနေပြီးတော့ပိုက်ပိုက်ရချင်နေတာ
တခြားနည်းနဲ့ ရရင်လည်းကျေနပ်ပါတယ်ခင်ဗျား
ကျွန်တော် မနေ့ ကည ကစာကျက်ပြီးတော့စဉ်းစားထားတာလေးရှိပါတယ်
အဲဒါက google adsense က ကျွန်တော်တို့မြန်မာနိုင်ငံကို ချန်ထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း အဲဒီလိုမျိုးလုပ်ရင်ကောင်းမလားလို့ပါ။ blogger, wordpress, စသည်ဖြင့်ကိုယ့်မှာ ဆိုဒ်လေးတွေရှိတယ်ဗျား အဲလူတွေက အွန်လိုင်းကနေပိုက်ပိုက်ရချင်တယ် အဲဒီတော့ ကျွန်တော်တို့ က ဆိုဒ်လေးတစ်ခုထောင်မယ်အဲဒီမှာ ပိုက်ပိုက်ရချင်သူများက register လုပ်ပေါ့လေ လုပ်ပြီးတော့ သူတို့ ဆိုဒ်လေးထဲမှာ google analytics လိုမျိုးတစ်ခုထည့်ပေါ့ အဲဒါကို အက်ဒမင်ကတစ်ပတ်လောက်ကြည့် ကြည့်ပေါ့ သူလျှောက်တုန်းက သူ့ဆိုဒ်လေးကို တစ်နေ့ လူ 10ယောက်အမြဲတမ်းလာတယ်ပေါ့ အဲဒါဟုတ်မဟုတ်ကြည့်ပေါ့ ပြီးတော့ တစ်ပတ်လောက်နေရင် အက်ဒမင် ကသူ့ကိုကြော်ငြာပေးရတော့မယ် အက်ဒမင်က သူနဲ့သင့်တော်မယ့် company ကိုပေါင်းထည့်လိုက်ပေါ့ ဥပမာ ကိုစိုင်းစိုင်းစေတန် ဆိုဒ် က တစ်နေ့ လူ 90 လောက်လာတယ်လို့သူပြောတာပဲ ။ အဲဒီလိုမျိုးဆိုရင် သူဆိုဒ်ကို ထည့်ချင်တဲ့ company တွေကများမှာပဲ ဒါပေမယ့် ကြော်ငြာ ငါးခု ပဲလက်ခံရမယ် စသည်ဖြင့်ပေါ့ အက်ဒမင် က ပိုက်ဆံ တွေကို company ကလက်ခံရမယ် ပြီးတော့ blogger တွေကိုပေးရမယ် နယ်ဆိုရင် ဘဏ်ကပို့ ရန်ကုန်ဆိုရင်ကိုယ်တိုင်လာယူပေါ့ အဲဒီ အက်ဒမင် လည်း ကြော်ငြာတစ်ခုကို company ကနေ 2 percent စသည်ဖြင့်ပေါ့ ရရမယ် စသည်ဖြင့်ပေါ့။ လူလာတာနည်းတဲ့ဆိုဒ်ကို ပိုက်ပိုက်နည်းနည်းပဲတက် နိုင်တဲ့ company တွေကိုလက်ခံပေါ့ အဲဒါတွေအကုန်လုံးကို အက်ဒမင် ကဆုံးဖြတ်ပေးရမယ်
ဘယ်လိုလဲတော့မသိဘူး mz member များကရောထောက်ခံလား ကြိုက်တယ် မကြိုက်ဘူး ကောင်းတယ်မကောင်းဘူး ဝေဖန်ပေးကြပေါ့။ ကျွန်တော်ကတော့ ထောက်ခံတယ်။ (ကျွန်တော်ရေးတာကိုး) google adsense နဲ့တော့ လူတစ်ယောက်ပဲသိမယ်ထင်တယ် ကိုမောင်လှလေ သူ့ဆိုဒ်မှာပဲတွေ့ဖူးတယ် သူ့ကိုလည်းမေးကြည့်ပေါ့ဗျား
စဉ်းစားလို့ရရင်ဆက်ရေးလိုက်ဦးမယ်
အခုတော့ ရေးချင်တာမေ့သွားပြီ
idea တို့ multimedia (သူငယ်ချင်းရှိလို့) စသည့် ကြော်ငြာ company များနှင့်လည်းပေါင်းသင့်ပါကပေါင်းရပါမည် company တွေကိုအသိပေးတာပေါ့ ဒီလိုမျိုးလေးရှိတယ် လုပ်မလား လုပ်မယ်ဆိုအက်ဒမင်တွေနဲ့ဆက်သွယ်ပေါ့

No comments:

Twitter Bird Gadget