Friday, 21 November 2008

ကျွန်တော်ရွေးသော Best Of 2008

ကျွန်တော်ဂျစ်ပဆီလေးမှလည်း ဂျစ်ပဆီလေးကိုယ်တိုင်ချီးမြင့်သည့် ဂျစ်ပဆီလေး အကြိုက် 2008 ဝက်ဆိုဒ်များ................


၂၀၀၈ ခုနှစ်အတွက်... ဆိုရင်တော့.........
ပထမဦးဆုံး
အကောင်းဆုံး မြန်မာဘာသာဆိုဒ် ကိုတော့.......မရှိပါဘူးခင်ဗျား.......
အဲဒီလောက်ကောင်းတဲ့ဆိုဒ်မတွေ့သေးလို့ပါ

အကောင်းဆုံး မြန်မာဘာသာ သတင်း My Home 16 ကရရှိသွားပါတယ်။
သူ့ ဆီဗုံးမှာ မြန်မာနိုင်ငံ ရဲ့ သတင်း အပြည့်အစုံရရှိပါတယ်(ဘယ်ဘယ်ကလူတွေမှန်းမသိဘူး လာလာပေးသွားတယ်)

နောက်တစ်ခုအနေနဲ့

အကောင်းဆုံး မြန်မာဘာသာ community site ကိုတော့ Mysteryzillion ကလက်ခံရရှိသွားပါ တယ်။
အကောင်းဆုံးပါပဲ။ ဖော်ရွေတယ်။ခင်မယ်တယ်။ပျော်စရာကြီး။

အကောင်းဆုံး မြန်မာဘာသာ ဘာသာရေး ကိုတော့ မောင်စေတနာ ကရ၇ှိပါတယ်
ဘာဖြစ်လို့လဲဆို တော့ သူ့ဆီသွားရင် တရားအရင်နားထောင်ရတယ်ဗျ

အကောင်းဆုံး နိုင်ငံတကာ site
Google သူကတော့ပြောစရာကိုမလိုတော့ပါဘူး
အင်မတန့်အင်မ တန်ကောင်းမွန်လှသောကြောင့်ပါ


အကောင်းဆုံး Wordpress ကိုစိုင်းစိုင်းဆေးတံကြီး
သူ့ဟာက ဘလော့မှမဟုတ်ပဲ အက်ဒမင်ကြီးဖြစ်လို့ အဲမှားလို့ အရမ်းကောင်းလို့ ချောလိုက်တာ တန်းပလိတ်ကိုပြောတာနော် ရုပ်ကိုပြောတာမဟုတ်ဘူး
ပူးတွဲအနေနဲ့တော့ ကိုကြီး ဒီဘီအေ
အရေးအသားကောင်းလို့ပါ

အကောင်းဆုံး blog
ကိုတော့ မန်းသားကြီး ကိုမောင်လှ မှရရှိသွားပါတယ်
(မေးထားတာတွေလည်းမဖြေပေးသေးဘူး) သူ့ဆီသွားရင် သူပိုက်ပိုက်ရသွားတယ်
ပူးတွဲအနေနဲ့တော့ လေးစားရသော ကိုညီလင်းဆက်
လေးစားရလို့

အကောင်းဆုံး ပညာရေးဆိုင်ရာ ကျွန်တော်တို့ရဲ့ Edu ကရသွားပါတယ်
သူ့ပွဲတုန်းက ကော်ဖီနဲ့ မုန့်တွေ ကျွေးလို့ ဟီး

အကောင်းဆုံး ဗဟုသုတဆိုင်ရာ ကိုကိုရဲ ရဲ့ ဆိုဒ်လေးကိုပေးလိုက်ပါ့မယ်
သူ့ဆီမှာ ဘယ်သူမှမရေးဖူးတဲ့ ဘုရားတရားအကြောင်းကို လက်ညောင်းအောင်ရေးပေးလို့
(သူ့ပုံတင်လိုက်တာရယ် သူ့ကို လူရွှင်တော်လို့ခေါ် ပြီးကန်တော့လိုက်တာကြောင့် အခုထိ စိတ်ဆိုး မပြေသေးပါ)

အကောင်းဆုံး စာပေဆိုင်ရာ Wiki, MZ Wiki, Myanmar Wiki
ဝီကီတွေပဲကောင်းတယ် သူ့တို့ထဲမှာဝင်ရှာလိုက်လို့ရတယ်

အကောင်းဆုံး နည်းပညာဆိုင်ရာ Hongkiat
မလေးကလုပ်တဲ့ ဆိုဒ်လို့ပဲထင်တယ် အရမ်းကောင်းတာ ကျွန်တော့် ဘလော့အတွက်သူ့ကို ပဲမှီ ငြမ်းတယ်

အကောင်းဆုံး အနုပညာဆိုင်ရာ အသက် 22 ပြည့်သွားသော မောင်ထွက်သွားသူ
ကျွန်တော်လိုတဲ့လင့်တွေပေးလို့

အကောင်းဆုံး နိုင်ငံတကာသတင်း Google ကပဲရသွားပြန်ပြီ
မြန်လို့ မပိတ်ထားလို့ ဟီး

အကောင်းဆုံး နိုင်ငံတကာ community site (facebook,myspace,etc) ကိုတော့ ဘယ်သူ့ကိုပေးရမလဲမသိတော့မပေးတော့ပါဘူးနော်

နှစ်သက်ဆုံးလူ Bill Gates (သူကနိုင်ငံခြားမှာကြီးပွားတာ)
ပူးတွဲဆု ဆေးတံကြီး (သူကမြန်မာနိုင်ငံမှာကြီးပွားမယ့်လူ)ဟီး


နှစ်သက်ဆုံး OS Windows XP(SP 3)
ပြီးတော့ နောင်ထွက်မယ့် ဝင်းဒိုး ပုပ်ပါး၊
(တစ်စုံတစ်ယောက် နမူနာပြထားသော ဝင်းဒိုး)

ဟုတ်ကဲ့ အစီအစဉ် အောင်မြင်စွာပြီးဆုံးသွားပါပြီ

ဒီနှစ်မှာ နှစ်ထပ်ကွမ်းရသွားတာကတော့ Google ရယ် ကိုဆေးတံ ကြီးရယ်ပဲဖြစ်ပါတယ်

မောင်စည်သူအောင် (အိမ်ဖော်) ပေးချင်ပေမယ့် ပိုစ့်အသစ်မတက်ဘူးကိုး ကလေးထိန်းနေရလို့တော့ ကြားတယ်

သင်တန်းတက်နေသော PP မောင်ညမီးအိမ် တင်စရာမရှိလို့မတင်တာတဲ့
တော်တော်ကောင်းတဲ့ အကြောင်းပြချက်ပဲ ဟွန့်

နှစ်သိမ့်ဆုရသွားတာကတော့ MMEnglish ပါ နောင်တစ်ချိန်မှာအရမ်းကောင်းမည် ကိုမျှော်တွေးသောကြောင့်


မှတ်ချက်။ ။ ဘက်လိုက်ထားခြင်းမရှိပါ။ အချိန် 1 နာရီလောက်ပေးလိုက်ရသည်


Original From Mysteryzillion
Twitter Bird Gadget