Saturday, 1 January 2011
1.1.11 အမှတ်တရ
2010 ကုန်သွားပြီး 2011 ရောက်သွားပါပြီ။
ဘလော့ကိုလည်း ပြန်လှည့်မကြည့်တာတော်တော်ကြာပြီ။ ဖုန်တွေတောင်တက်၊ ပင့်ကူအိမ်တွေတောင်ဆွဲနေပြီထင်တယ်။
ထားပါတော့လေ။ ဒီကနေ့ တစ် လေးလုံးလည်းဖြစ်တော့ အမှတ်တရအနေနဲ့ ပိုစ့်လေးရေးလိုက်တာပါ။
ဒီပိုစ့်ထဲမှာတော့ 2010 မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်ရေးပြီး ကိုယ့် ဟာကိုယ် ပြန်သုံးသပ်ကြည့်ရမယ်။ ငါဘာတွေလုပ်ခဲ့လဲ။ ငါဘာတွေလိုသေးလဲ။ ဘာတွေဆက်လုပ်ရမလဲ။
စတာတွေပေါ့။
ဇန်နဝါရီ၊၂၀၁၀
အဒေါ်ဆုံးတာ တစ်လပဲရှိသေးတော့ အိမ်မှာ နာရေးနဲ့အလုပ်ရှုပ်နေတယ်။ ရက်လည်တွေဘာတွေပေါ့ဗျား။ လ တစ်ဝက်လောက်ကျတော့ ရန်ကုန်ဘားကမ့် အတွက် volunteer လုပ်ဖြစ်တယ်။ 22/23 လားမသိဘူး တစ်နေကုန် မြန်မာ အင်ဖိုတက် ထဲမှာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး အလုပ်များနေပါတယ်။ Presentation လည်း ပေးဖြစ်တယ်။
(Yangon Barcamp 2010 အမှတ်တရ)
ပထမနေ့မှာတော့ Mysteryzillion က ကိုစည်သူက MZ အတွက် လေးလည်း တစ်ခန်းယူပြီး လုပ်ကြရအောင်ဆိုပြီး လုပ်ဖြစ်တယ်။ ကိုစည်သူ့နာမည်နဲ့ ဒါပေမယ့် ဘာမှ စီစဉ်ထားခြင်းမရှိတဲ့အတွက်ကြောင့်၊ ပြီးတော့ အခန်းက Main Hall ကနေ ဝေးသွားတာကြောင့် လူကတော့တော်တော်လေးကိုနည်းပါတယ်။ နည်းနည်း ကိုးယိုးကားယားနိုင်သွားတာပေါ့၊ ကျွန်တော့်ဖိနပ်လည်းပျောက်သွားတယ်။ နောက်တစ်ရက် အစောကြီး ဖိနပ် ထ ဝယ်ရတယ်။ အဲဒါကတော့ ကျွန်တော့် အမှတ်တရပေါ့ဗျား။ အဲဒါနဲ့ နောက်တစ်နေ့ ကိုစည်သူနဲ့တိုင်ပင်ပြီးတော့ အခန်းတစ်ခန်းယူဖြစ်တယ်။ ခေါင်းစဉ်ကတော့ Making Money Online တကယ်တော့ ကိုစည်သူပြောမှာ ဒါပေမယ့် ပထမနေ့ ပြောတဲ့လူနောက်နေ့မပြောရဘူးဆိုတဲ့ စည်းကမ်းအရ ကျွန်တော့်နာမည်နဲ့ အခန်းယူလိုက်ရတယ်။ အဲဒီနေ့မနက်ကြတော့ မပင့် က သူလည်း ဒီခေါင်းစဉ်ပြောမှာတဲ့ ပေါင်းပြောရအောင်ဆိုလို့ပေါင်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြောတယ် ဆိုတာထက် Discussion လေးသဘောပေါ့။ ဝိုင်းဆွေးနွေးကြတာပေါ့။ဒုတိယနေ့တော့လူတော်တော်များတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပေးချင်တဲ့ information လေးပေးလိုက်နိုင်ပါတယ်။
ဖေဖ်ာဝါရီ၊၂၀၁၀
ဖေဖော်ဝါရီကတော့ ကျွန်တော်အနားယူတယ်လို့ပြောရမယ်။ ဘာမှမလုပ်ဖြစ်ဘူး AC သွား စာအုပ်ငှား ရုပ်ရှင်ငှား အင်တာနက်သုံး အိမ်ပြန်လာ အဲဒါပဲလုပ်နေတယ်။
14.12.2010 ကတော့ ကျွန်တော့်အဖေ ဆုံးတာ 16 နှစ်ပြည့်တဲ့နှစ်ပတ်လည်နေ့ ဆိုတော့ ဘုန်းကြီး ဆွမ်းကပ် အလှူဒါနလေးတွေလုပ်ဖြစ်တယ်။
ပြီးတော့ BCY-2010 မှာလုပ်သွားတဲ့ ကျွန်တော်တို့ဆွေးနွေးပွဲလေးကနေ စိတ်ကူးတစ်ခုရတယ်။ အဲဒီစိတ်ကူးကို အခြေခံပြီး Myanmar Online Advertising ဆိုပြီး စီစဉ်ဖြစ်တယ်။ ဒါပေမယ့် လုပ်မယ့်သူက ကျွန်တော်တစ်ယောက်တည်းပဲဖြစ်တာရယ်ပြိးတော့ Marketing မအောင်မြင်တာရယ် ကြောင့် ပျက်သွားတာ အခုထိ ပြန်မစရသေးပါဘူး။
မတ်၊၂၀၁၀
ဒီလလည်းဘာမှမလုပ်ဖြစ်ပါဘူး၊ ၃၀.၃.၂၀၁၀ က ကျွန်တော် ဒီမြေပေါ်ရောက်တာ ၂၁ နှစ်ပြည့်တဲ့အထိမ်းအမှတ်လေးကို အိမ်မှာပဲလုပ်ဖြစ်ပါတယ်။ မနက် ဘုရားသွား၊ ပြီးတော့ အင်တာနက်သုံး အိမ်မှာ ရှမ်းခေါက်ဆွဲ(ဆန်စီး) ချက်စားကြတယ်။ ၁၈ နှစ်ပြည့် မွေးနေ့နဲ့တော့ တော်တော်လေးကိုကွာတာပေါ့နော်။
ဧပရယ်၊ ၂၀၁၀
ကံကောင်း၊ ကံဆိုး၊ အလုပ်များတဲ့ လ လေးပဲ၊
ကံကောင်းခြင်း၊
ဧပရယ် ပထမ အပတ်တွေတုန်းက အင်တာနက်သုံးတော့ စိုင်းစိုင်းခမ်းလှိုင် ရဲ့မွေးနေ့ပွဲရှီုး ကံစမ်းမဲကို ကံစမ်းလိုက်တာ ပေါက်သွားတယ်လေ။ အဲဒါက ကံကောင်းတာပေါ့။ အယောက်ငါးဆယ်ပဲခေါ်တာနော်။ အဲဒီထဲက တစ်ယောက် က ကျွန်တော်ပေါ့ဗျား။
ကံဆိုး၊ အလုပ်များတယ်ဆိုတာက
ကျွန်တော် American Center မှာ ဝင်ထားတဲ့  Association လေးတစ်ခုရှိတယ်။ Indian Student Association(www.isamyanmar.org) အဲဒီအတွက် ဒိုမိန်းဝယ်ပေးရတယ်။ သူတို့ပထမသုံးတာကတော့ Ning သုံးတယ်။ ဒါပေမယ့် ဆက်မသုံးချင်တာနဲ့ ဒိုမိန်းဝယ်ပေးလိုက်တယ်။ ပထမတော့ ning မှာ ကိုယ့် ဒိုမိန်းနဲ့ ကိုယ် ချိတ်လို့ရမယ်ထင်ထားတာ။ အမှားကြီးလုံးဝမှားသွားတယ်။ ကိုယ့်ဒိုမိန်းနဲ့ ကိုယ် ချိတ်ခွင့်မပေးဘူး။ တော်တော်စိတ်ညစ်သွားတယ်။ ကျွန်တော်မှတ်မိတယ်။ အဲဒီနေ့က စနေနေ့၊ အေစီ ကပြန်လာတော့ အင်တာနက် ဝင်သုံးနေတာ။ သူတို့ဒိုမိန်းလည်းရပြီဆိုတော့ ထိုင်ချိတ်နေတာပေါ့။ လုံးဝမရဘူး။ အဲကွန်းအခန်းထဲမှာ ချွေးတွေ ပေါက် ပေါက် ကျနေတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။ သူတို့ကလည်း သင်္ကြန်အမှီလိုချင်တယ်ပြောလို့။ တစ်နေကုန် ထမင်းမစားရသေးတာလည်းပါတာပေါ့။ ညနေလေးနာရီထိုးသွားတယ်။ ဆိုင်ကပြန်ဆင်းတော့ ဖိနပ်ပျောက်သွားတယ်။ အဲဒါနဲ့ သူများဖိနပ် ပြန်စီး ပြီးပြန်လာရတယ်။ ဖိနပ် နောက်တရံလည်းထပ်ဝယ်ရတယ်။ မရတော့လို့ ဘလော့နဲ့ချိတ်ပေးလိုက်ရတယ်။
ပြီးတော့ အိမ်တွင်းရေးပြသာနာလေးတွေလည်းပေါ်လာခဲ့တယ်။ ဒီရန်ကုန်အိမ်တော့မဟုတ်ပါဘူး။ နယ်က ပြသာနာလေးတွေပါ။ ကျွန်တော်က မရှင်းပေးရဘူးဆိုပေမယ့်။ ပြန်ကြာရေးတာဝန်ယူရတယ်။ ဟိုကိုပြော ဒီကိုပြန်ပြောပေါ့။ အဲဒီတာဝန်လေးပါပဲ။ 10 ရက်နေ့ စိုင်းစိုင်းမွေးနေ့ပွဲသွားတာဆို ပိုတောင်ဆိုးသေးတယ်။ နေ့လည်ထမင်းကို မြောက်ဒဂုံအိမ်မှာစားတယ်။ ပြီးတော့ ပွဲအမှီ အိမ်ကိုပြန်ရသေးတယ်။ ရေတစ်ခွက်သောက်ပြီး။ ပွဲပြန်ပြေးရတယ်။ အရမ်းပင်ပန်းပြီး 10 နာရီလောက်ကျတော့ ဆက်မရပ်နိုင်တော့ဘူး။ တက္ကစီ စီးပြီးအိမ်ပြန်လာရတယ်။
သင်္ကြန်တော့ အိမ်မှာပဲ။ ဘယ်မှမသွားဖြစ်ဘူး။
မေ၊၂၀၁၀
အိမ်မှာပဲ ဘာမှအမှတ်တရမရှီပါဘူး။ ကျရှုံးခဲ့တဲ့ Myanmar Online Advertising လေးကို ပြန်သုံးသပ်နေတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့ ဒါပေမယ့် အဖြေမရှိ။
ဇွန်၊၂၀၁၀
ဟိုသွား၊ဒီသွား၊ ဟိုလုပ်၊ ဒီလုပ်၊ ဟိုစား၊ ဒီစား၊ ၁၀၉၊၁၁၀ ဘဝပေါ့ဗျား။ အဲမေ့လို့ World Cup 2010 တော့ ကြည့်ဖြစ်တယ်။
ဂျူလိုင်၊၂၀၁၀
လမ်းထိပ်က အင်တာနက်ဆိုင်တစ်ဆိုင်မှာ အလုပ်စလုပ်ဖြစ်တယ်။ အဲဒီအကြောင်းကို ပိုစ့်တင်ထားလို့ အကျယ်တဝင့်မရေးတော့ဘူးနော်။
သြဂုတ်စ်၊၂၀၁၀
တစ်နေကုန်အွန်လိုင်းဖြစ်လာတဲ့အထိမ်းအမှတ်အနေနဲ့ Online Discussion လေးစလပ်ဖြစ်တယ်။ Mystery Zillion နာမည်နဲ့ပေါ့။ Online Discussion With Ko Ko Ye (August) နဲ့လုပ်ဖြစ်တယ်။ ခေါင်းစဉ်က Ubunt and His Variants ဖြစ်ပါတယ်။
Log လိုချင်ပါက ကွန်မန့်တွင်ဖြစ်ဖြစ် ကျွန်တော် email ကိုဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်။
စက်တင်ဘာလ၊၂၀၁၀
ဆိုင်မှာပါပဲ။ ဒီလတော့ ကိုသာသာရယ်(His Experience On Mobile Dictionary(ornagai) ကိုဇော်ဇော်မျိုးလွင်(ကိုဂေါက်)(Their Online Services) တို့နဲ့လုပ်ဖြစ်ပါတယ်။ ကိုသာသာနဲ့တော့ pfd ထုတ်ဖြစ်ပြီး ကိုဇော်နဲ့တော့ မအားတာနဲ့ pdf မလုပ်ဖြစ်ပါဘူး။
ကိုသာသာ နှင့်ပြုလုပ်သော Online Discussion Log.
http://www.mediafire.com/?z76odegfhw73aot
ကိုဂေါက်နဲ့လုပ်တဲ့ လော့ခ် လိုချင်ပါက ကွန်မန့်တွင်ဖြစ်ဖြစ် ကျွန်တော် email ကိုဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်။
အောက်တိုဘာလ၊၂၀၁၀
ဆိုင်မှာ ဟိုလုပ် ဒီလုပ် ဟိုရှုပ် ဒီရှုပ် နဲ့ပေါ့ဗျား။
အောက်တိုဘာလ၊၂၀၁၀
ဟိုလိမ့်ဒီလိမ့် ဟိုအော် ဒီအော် နဲ့
နိုဝင်ဘာလ၊ ၂၀၁၀
ဘားကမ့် အော်ဂနိုင်ဇာ လုပ်ခွင့်ရခဲ့ပါတယ်။ PR Team ထဲမှာပါ။ စင်္ကာပူက ကိုအောင်စည်သူကျော် (ဂိမ်းတီထွင်ဖန်တီးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ) နဲ့ Online Discussion လုပ်ဖြစ်တယ်။
Online Discussion With Ko Aung Sithu Kyaw Log
http://www.mediafire.com/?33hfc0utorkazrb
ဒီဇင်ဘာလ၊၂၀၁၀
ဘားကမ့်အစည်းအဝေးတက်ဖြစ်တယ်။ ဟဲ ဟဲတတိယ အကြိမ် တက်တဲ့မိတင်ပါ။ မိတင်မတက်လို့တာဝန်မကျေဘူးဖြစ်နေတာ။ ကျွန်တော်က ဂိမ်းဘယ်တော့မှ မဆော့တက်ဘူး။ ဒါပေမယ့် Generals မှာ ကီးထည့်ဖို့လိုက်ရှာရင်းနဲ့ ဆော့ကြည့်လိုက်တာကြိုက်သွားတယ်။ အဲဒါနဲ့ စဆော့တော့တာပဲ။ ကံကောင်းချင်တော့ အခန်းတွေ တောက်လျှောက်အောင်နေတယ်။ ဟဲ ဟဲ 31.12.2010 မှာ နာမည်ကြီးသူများ သူတို့ဘလော့ကို ယူနီကုတ်ပြောင်းနေကြပါတယ်။ ကျွန်တော်တော့ မပြောင်းသေးပါဘူး။ ခဏစောင့်ကြည့်ပါဦးမယ်။
ွှThat is My 2010
Thank For Reading.
ဂျစ်ပဆီ(ပြည့်စုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment