Monday, 26 July 2010

အလုပ်ပြန်လုပ်ပြီ

ကျွန်တော် ဂျစ်ပဆီ အလုပ်ပြန်လုပ်ပြီ။ အင်တာနက်ဆိုင်မှာပဲ ဒါပေမယ့်
ဒီတစ်ခေါက် က Vista နဲ့သိပ်မတူတော့ဘူး။ ဒီဆိုင်မှာ ကိုယ်
စိတ်ကြိုက်လုပ်ခွင့်ရှိတယ်။ ဆာဗာ မှာထိုင်ရတယ်။ ကိုယ့် လက်ကိုယ့်ခြေရာပဲ။
ဒီ အလုပ်လည်း အရင် လုပ်ခဲ့တဲ့ အလုပ် နှစ်ခု လိုပဲ Father's Side
ကိုပေးမသိသေးဘူး။ ဒါပေမယ့် ဒါက 2 လ 3 လလောက်ပါပဲ
အဒေါ် ကိုတင်နေတဲ့အကြွေးတွေရှိတယ် အဲဒီအကြွေးပေးပြီးရင်တော့ တရားဝင်
အလုပ်လုပ်လို့ရပါတယ်။

ကျွန်တော် အလုပ် ပြန်မလုပ်တာ တစ်နှစ်ကျော်သွားတယ်။ ပြီးခဲ့တဲ့ နှစ် မတ်
လလောက် က နားလိုက်တာ။ အဲဒီတုန်းက နေလည်းလုံးလုံးမကောင်း၊ အစ်မ မင်္ဂလာဆောင်
ဆိုတော့ အရမ်းပင်ပန်းပြီး တစ်လလောက်ကြာတယ် ပြန်ကောင်းဖို့အတွက်။
ဒီအလုပ်ကလည်း မထင်ထားဘူး။ ဦးလေးက Petronas မှာ လုပ်ဆိုပြီး
လျှောက်ထားတယ်။ အခုထိ ဘာမှ reply ပြန်မလာသေးတဲ့အတွက် ပြီးခဲ့တဲ့လ
သူနဲ့တွေ့တဲ့အခါ ကြတော့ တခြားနေရာမှာ ၀င်ရင်ဝင်လို့ပြောတဲ့အတွက်လည်း
ဒီမှာ လုပ်ဖြစ်တာပါ။ ဒီကြားထဲမှာ တခြား အလုပ်တွေကို Cancel
လုပ်ပြီးနေလာခဲ့တာပါ။

ဒီအလုပ်ကိုလည်း အိမ်နီးနာချင်း ဖြစ်တဲ့ Greyfinder က ခေါ်လာတာပါ။ သူက
Network ဆင်တော့ ကျွန်တော်က ဆိုင်ထိန်းပေါ့လေ။ ရပ်ကွက် က Chairman ပဲ
သူဆီမှာလုပ်ဖြစ်တာပါ Chance တွေလည်းတော်တော်များများရပါတယ်။ ဒါပေမယ့်
အချိန် အချိန်က မနက် ကိုး ကနေ ည ကိုးအထိ နားရက်မရှိ။ နောက် လမှ နားရက်
ရမယ်။ အခု မှ စဖွင့်လို့။ အခု ဆိုတစ်နေကုန် Online မှာပဲ
ပုန်းပြီးနေနေသေးတယ်။ အခု ထိ လုပ်စရာအလုပ်တွေ က များတာကိုး။

အင်တာနက် ဆိုင်မှာ လုပ်ဖြစ်တော့ ငါဘာတွေလုပ်ရမလဲ စဉ်စားတယ်။
အခုလောလောဆယ်တော့ စဉ်းစားထားတာ အများကြီးပဲ ဒါပေမယ့် ပထမဦးဆုံး Online
Discussion လေးကို အကောင်အထည် ဖော်ဖြစ်တယ်။ MOA ကို ပြန်လည်သုံးသပ်မယ်။
လက်တော့မလျော့သေးဘူ။

နောက်တော့..........ဘလော့ လေးလည်း ပြင်မယ်။ အများကြီးပဲဗျား လုပ်စရာတွေက
ကဲ ကဲ လုပ်လိုက်ဦးမယ်နော်။

No comments:

Twitter Bird Gadget