Wednesday, 10 February 2010

ကျွန်တော် ဂျစ်ပဆီလေး နှင့် 2009

January
လ မှာတော့Vista Internet & Cafe မှာပဲလုပ်နေတုန်းပဲ။ MZ Organizer Meeting လေးလည်း ပြေးတက်လိုက်နဲ့။

February
လ.ကျွန်တော်နေမကောင်းတဲ့လပေါ့ဗျား။ စာအုပ်တစ်အုပ်ရေးဖို့အတွက် Source တွေလိုက်ရှာရ စာရိုက်ရနဲ့ တန်းပလိတ်ပြင်နေရနဲ့ အလုပ်ကိုရှုပ်နေတာပဲ။ နောက်တော့ နေမကောင်းပဲ အလုပ်ကနေထွက်လိုက်တယ်။ အစ်မတစ်ယောက် မင်္ဂလာဆောင်လည်းရှိနေတော့။

March
လကတော့ အစ်မမင်္ဂလာဆောင် နဲ့ အလုပ်ရှုပ်နေတာပဲ။ အမ်ဇက် ပွဲလည်း နီးလာပြီဆိုတော့ လိုက်ကူပေးနေရတယ်။

April
လမှာ တော့ အမ်ဇက် ပွဲလေးလုပ်ဖြစ်ပါတယ်။ တော်တော်လေးကို ကူခွင့်ရပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အပိုင်းတွေလည်း လုပ်ခွင့် ရပါတယ်။ နောက်ပိုင်းတော့ သင်္ကြန် မှာ တော့ ကိုပီဇီ က ကိုရင်ဝတ် ဖို့ခေါ်တယ် ဒါပေမယ့် အရမ်းနီးသွားလို့ မ၀တ်ဖြစ်လိုက်ဘူး။

May
လမှာတော့ အိမ်မှာပါပဲ ဘာမှသိပ်မလုပ်ဖြစ်ဘူး။

June
လမှာတော့ php သင်တယ်။

July
မှာတော့ ခ၇ီးသွားဖြစ်တယ်။ မှတ်ပုံတင် လဲဖို့အတွက်ပေါ့။

August
အိမ်မှာပဲ။

September
ကိုဇော် ရဲ့ mm2hand ကို မတက်တတက်လေးနဲ့ သွားလုပ်ပေးတယ်။ ဒါပေမယ့် မရပါဘူးဗျား ကိုယ့် အိမ်မှာ ကွန်ပြူတာမရှိတာရယ်၊ သေချာမတက်သေးတာရယ်နဲ့ လက်လျော့လိုက်ရတယ်။

October
php ကိုရအောင် ပြန်သင်တယ်။

November
 မှာ Ubuntu Show @Bak ကိုကူပေးတယ်။ ဒါပေမယ့် တကယ်တက်ပြောရမယ့် နေ့ကျတော့ အဒေါ်တစ်ယောက် အိပ်ရာထဲလဲသွားလို့ presentation မပေးလိုက်ရဘူး။

December
အဲဒီ အဒေါ်ဆုံးသွားလို့ အိမ်မှာ ၀ိုင်းကူပေးနေရတယ်။

No comments:

Twitter Bird Gadget