မနက်က AC ကငှားလာတဲ့ ဦးဘွန်တူး ရုံးသုံး စာအုပ်ကို ပြန်ဖတ်နေ အိပ်ငိုက်စွာ(ညက A Love to Kill Me အစွမ်းတွေပေါ့) ဖတ်နေတုန်းမှာ ရက်ကိုကြည့်လိုက်တော့ နောက်လ 3 ရက်နေ့ တဲ့ အဲ အဲဒီနေ့က အစ်မ(ဝမ်းကွဲ)
စေ့စပ်ပွဲနေ့ အိမ်မှာအလုပ်ရှုပ်နေလိမ့်မယ်။ ဒါနဲ့ အခုပဲ သွားအပ်တော်မူလိုက်မယ်ဆိုပြီး။ အိမ်ကိုပြော၊ အဝတ်အစားလဲ
အဲ ဆင်းတော့ အဒေါ် ကမှာလိုက်တယ် ဟိုဘက် အိမ်ခဏတက်ပေးတဲ့ ပေးစရာလေးရှိလို့တဲ့။ ဒါနဲ့ ဦးဘွန်တူး ကိုကိုင် ကဒ် ကိုယူ ခြေတစ်လှမ်းဆီဆင်း၊ ဟိုဘက်အိမ်ကို တက်တော့ အဲဒီအိမ် မှာ ကွန်ပြူတာ ကျောင်းဆင်း အဒေါ် တစ်ယောက်ရှိတယ် အဲဒါနဲ့ ကျွန်တော် စာအုပ်ကိုဘာစာအုပ်လဲလို့မေးတော့
"အော်.........ဦးဘွန်တူး စာအုပ်ပါ"
လို့။ ဒါနဲ့ သူက ခဏပြ ငါကြည့်ချင်တယ်ဆိုလို့ ပေးကြည့်လိုက်တာ သူက ဘာပြန်ပြောလဲဆိုတော့
"အဲ နင်က ဒီဇီုင်း ဘက်ကို တော်တော် စိတ်ဝင်စားတာပဲတဲ့။"
ကျွန်တော်လန့်သွားတယ် အရမ်းရယ်ချင်ပေမယ့်။ အောင့်လိုက်တယ်။
အော် ကောင်းပါ့ Ubuntu ဆိုတာ OS တစ်မျိုးပါ့လားလို့ ကွန်ပြူတာကျောင်းကမသင်ပေးလိုက်ဘူးထင်တယ်။

2 comments:
ဦးဘွန်တူးက OS ဆိုတော့ ဦးစိုး ရဲ့ငယ်နာမည်ပေါ့နော်။ ကွန်ပြုတာ ကျောင်း သားလဲတက်ချင်တယ်။ ဘာမှ မသင်ဘူးဆိုလို့
thank u very much,because now i've ever heard of Ubuntu and now i know it's a name of OS.(a girl who graduated from UCSY)
Post a Comment