သူမေးထားတာက သူက အသက်ငယ်တယ်တဲ့အဲဒါ Programming Language တွေသင်နိုင်လားတဲ့ သူ့အသက်က 10 ပဲရှိသေးတယ်တဲ့ 5တန်းတက်နေပါတယ်တဲ့ ကိုစေတန်တို့ဆိုင်မှာအမြဲသုံးနေပါတယ်တဲ့
ကျွန်တော်ညနေဖက်ကြတော့ ဂျိတော့တက်လာတယ် အဲဒီမှာ emoracket@gmail.com ဆိုပြီးအွန်လိုင်းဖြစ်နေတယ် အဲဒါနဲ့ကျွန်တော်အရင်မိတ်ဆက်လိုက်တယ် မင်္ဂလာပါလို့ပေါ့ သူနဲ့ တစ်နာရီလောက် စကားပြောဖြစ်တယ် သူအခုသင်ပြီးသွားတာက html နောက်ထပ်တက်ချင်သေးတယ် ဒါပေမယ့် လူကြီးတွေက နောက်မှတက်လို့ ပြောလို့တဲ့ ကျွန်တော်တောင်တော်တော်လေးစားသွားတယ် ငယ်ငယ်လေးကတည်းက တက်ချင်စိတ်ရှိလို့လေ။ သူ့ဦးလေးလားမသိဘူး ဟောင်ကောင် ကနေ လက်ပတော့ ပို့ပေးမယ်တဲ့ ဟ ကောင်းတာပေါ့လို့ ကျွန်တော်ပြန်ပြောလိုက်တယ် အင်း ဒီလိုမျိုးသာ သူဆက်သင်နေရင်တော့ သူဟာ တစ်ချိန်မှာ ဒုတိယ ကိုစေတန် လိုမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်ဗျား

1 comment:
I hope he will be, I decided I must teach him about all of mine
Post a Comment