Tuesday, 30 December 2008

စစ်ကိုင်းတောင်ရိုးမှာလှူရအောင်

ကျွန်တော် 25 ရက်နေ့ My Web My Style Show သွားတုန်းက ဘုန်းဘုန်းတစ်ပါးကိုတွေ့ခဲ့တယ်။ နောက်တော့ ကိုဇော် က ဆွမ်းကျွေးရန် ကျွန်တော့်အားတာဝန်ပေးတယ် အဲဒါနဲ့ ကျွန်တော်လည်း ကိုဇော် ပိုက်ပိုက်နဲ့ ဘုန်းဘုန်းရယ် Canteen ကိုထွက်ခဲ့တယ် ဘုန်းဘုန်းနဲ့ စကား ပြောဖြစ်တယ်ဗျ။ ပြောဖြစ်တော့မှ သိလိုက်ရတာ ဘုန်ဘုန်းက ဒီပွဲမှာ ဝင်ပြိုင်တဲံ ဘုန်းဘုန်း ဦးကောဝိသ ဖြစ်နေကြောင်းကိုပါ။ ဘုန်းဘုန်းက အခု စစ်ကိုင်းတောင်ရိုးစစ်ကိုင်းတောင်ရိုးသာသနဝေပုလ္လကျောင်း မှာ စာသင်ပေးနေပါတယ် ကွန်ပြူတာမတက်သေးသော ဘုန်းဘုန်းများကိုစာသင်ပေးနေပါတယ်။ အခုတော့ မီးမလာလို့ အခက်အခဲဖြစ်နေပါတယ်။ ကျွန်တော်လည်းလှူချင်ပါတယ် ဗျား ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အလှူနိုင်ဘူးဖြစ်နေတယ် ဒါကြောင့် ဘလော့မှာတင်ပြီး ကုသိုလ်ယူရပါတယ်ဗျား။ တခြားဘုန်းဘုန်းအဆင်မပြေမူဖြစ်သော wordpress ကိုလည်း ကျွန်တော်လုပ်ပေးနေပါတယ် ဒါပေမယ့် ကျွန်တော်မကျွမ်းကျင်မူကြောင့် အခက်အခဲများစွာဖြစ်ပါတယ် ဒါပေမယ့် ကိုကိုရဲ ကိုဂူးဂူး တို့ကူပေးနေပါတယ်။ ကိုရဲ ကတော့အားမယ်မထင်ဘူး အခုကိုဂူးဂူးက တော့ hosting နဲ့ domain လှူမယ်လို့ပြောပါတယ် ဘုန်းဘုန်းဆီလည်းမေးပို့ထားပါတယ် ရရင် ဆက်လုပ်မယ်ဗျား။

အလှူငွေလှူဒါန်းလိုသူများ ဆက်သွယ်ရန်
ဦးကောဝိသ
kovida09@gmail.com
www.kovida.multiply.com
www.kovida.wordpress.com(ပြင်နေတုန်းပါ)

No comments:

Twitter Bird Gadget