ဒီကနေ့ ညီမလေးကျောင်းစဖွင့်တယ် အဲဒါနဲ့ အိမ် က ကျောင်းလိုက်ပို့ပေး ကျောင်းကြိုပေးလို့ပြောလို့ သွားရပြန်တယ်။ ပထမတော့ ပြန်လာဖို့ပဲ ဒါပေမယ့် ချစ်သူငယ်ချင်းကြိး ပြေလင်း ကိုလည်းမတွေ့တာကြာပြီဖြစ်လို့ နံသာကုန်း က သူ့အိမ်ကိုဝင်လိုက်ပါတယ် သူရှိပါတယ် မီးပျက်နေလို့ သူ့အဒေါ်အိမ်ဆီသွားပြိး စကားသွားပြောကြတယ် ပြီးတော့ အင်တာနက်သွားသုံးကြတယ် သူ့အဒေါ်လည်းပါတယ် သူမေးပို့ဖို့ပေါ့လေ ကျွန်တော် ကတော့ကပ်သုံးပေါ့ဗျား ဈေးကြိးလိုက်တာ အင်တာနက် တစ်နာရီ 800 တဲ့ မီးပျက်ရင် 1000 အော်သုံးလိုက်ပါ တယ် သုံးပြီးတော့ သူကအိမ်မှာ ထမင်းလိုက်စားပါတဲ့ အားနာနာနဲ့ ထမင်းလိုက်စားလိုက်ပါတယ် (ကျွေးတဲ့လူ စေတနာမပျက်ရအောင်လေ) အိမ်ကိုလည်းဖုန်းဆက်လိုက်ပါတယ် မလာတော့ဘူးလို့ ပြီးမှကြိုပြိးလာခဲ့မယ်လို့ ပေါ့
ထမင်းစားပြီးလက်ဖက်ရည်ဆိုင်ထိုင်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြိးကို သူ့ဆိုင်ကယ်လေးနဲ့ ချီတက်ကြ ပါတယ်ဗျား၊ ကျောင်းမှာ ဆရာမတွေ နဲ့တွေ့ပြိးတော့ သူတို့ကျွေးတဲ့လက်ဖက်သုတ် စား လေဖုတ်ပြီး စာမေးပွဲပါဖြေလိုက်ရသေးတယ်ဗျ၊ ပြီးမှ ကျောင်းသွားကြိုဖြစ်တော့တယ် သူ့ဆိုင်ကယ်နဲ့ လိုက်ပို့တယ် ကျောင်း ရောက်တော့ 3 နာရီလောက်ရှိပြီ ကျောင်းမှာတစ်ယောက်မှမရှိတော့ဘူး အားလုံးပြန်သွားကြပြီတဲ့ အဲဒါနဲ့ အိမ်ကို ဖုန်းပြန်ဆက်။ ဆက်တော့ရောက်နေပြီတဲ့။ဟူး တော်ပါသေးတယ်ဗျား။ ပြီးတော့ သူ့ဆိုင်ကယ်နဲ့ ဂိတ်ဝထိပြန်ပို့ပေးတယ်။ လမ်း 50 မှာဆင်း ကိုစေတန် နဲ့ သွားတွေ့လိုက်သေးတယ် မင်မင်နဲ့မတွေ့တာကြာလို့ဆို ပြီး(မန်းကပြန်လာတာ ဘာလက်ဆောင်ပါလာသလဲလို့သွားမေးတာဟီး) report တင် ပြီးတော့အိမ်ကို ကြွချီလာပါ တော့တယ်ဗျား။ ကျောင်းတွေကလည်းဝေးတယ်ဗျ ဟိုးကျောက်တန်းအထိတောင် ပြီးတော့ ကျောင်းကလည်း စာမသင်ဘူးတဲ့ နောက်ထပ်ရှိသေးတယ် 4 နာရီ ဆင်းမယ်ပြောပြီး အစောကြီးပေးလွတ် တာ သူတို့လုပ်တာနဲ့ အားလုံးအကျင့်ပျက်ကုန်တော့မှာပဲဗျား
စိတ်မကောင်းစွာဖြင့်
ဂျစ်ပဆီလေး

No comments:
Post a Comment