Wednesday, 10 December 2008

အော် ဂျစ်ပဆီလေး

အော် အခုတစ်လော အလုပ်ရှုပ်နေတဲ့ ဂျစ်ပဆီလေးပါလား (ကျွန်တော့်ဟာ ကျွန်တော် ပြန်ခေါ်ခြင်း)
အခုတစ်လော တကယ် အလုပ်တွေရှုပ်နေတယ် မနက်ပိုင်းဆိုရင် အပြင်ထွက်ရေ၇ာ ညီမလေးကျောင်း ကိစ်စ
ဟိုဟာတွေဒီဟာတွေရှုပ်နေတာပဲ ဗျား အိမ်ကတောင်ပြောတယ် နင် ခုံဖိနပ်ထူထူဝတ်ထားတဲ့ အခုဖိနပ်နဲ့ မတန်ဘူးတဲ့ တဖြည်းဖြည်းပါးလာမှာစိုးလို့ထင်တယ် မုတ်ဆိတ်မွေးလည်းမရိတ်ဖြစ်ဘူး မနေ့ ကတောင် အချိန်မနည်းလုပြီး လက်သည်းညှပ်ထားရတာ။ ဒီကနေ့မနက် ကိုဘလာဂေါက်နဲ့ သွားတွေ့ မေးစရာရှိတာမေး သူတိုက်တဲ့လက်ဖက်ရည်သောက်(ဒီကြား ထဲ ဟိုမင်မင် နေ့မီးအိမ် က မသွားဘူးဖြစ်သွားပြန်) ပြီးတော့ ကိုမျက်လုံးကိုလည်းတွေ့ခဲ့တယ် ကိုမင်းယွန်းသစ်ပြောသလို ဘလော့ လောကလူအချင်းချင်းတွေ့ရင် ရင်းနှီးလွယ်တယ်တဲ့ ဟုတ်တယ်မှန်တယ် ပြီးတော့ မarozif ဆီသွားတွေ့တယ် အကြာကြီးမထိုင်နိုင်လို့ ထပြေးရတယ်(ဒီကြားထဲခလုတ်ကတိုက်သေးတယ်) ပြီးတော့ ဗိုလ်စေတန် ဆီ သွားပြီး သတင်းပို့တာ မရှိ
ဒီမနက် ကဆွေးနွေးချက်တွေကတော့ အောက်ပါအတိုင်းပင်ဖြစ်ပါတော့တယ်ဗျား အလုပ်နောက်ကျတာ နှစ်ခါရှီပြီဗျ


မနက်က ပွဲစီစဉ်သူ ကိုဘလာဂေါက် ခေါ် ကိုဇော် ကိုသွားတွေ့ပါတယ်(မင်မင်ကြီးမအားလို့ မင်မင်ကြီးကိုယ်စားလှယ်အနေနဲ့ပေါ့ဗျား) မော်မော် ကိုယ်တော်ချော ကလည်း အိပ်နေတယ်တဲ့ အစောကြီးကတည်းကကြိုပြောထားတယ် လိုက်ခဲ့ပါလို့ဆိုတာကို မလိုက်ဘူး။ အဲဒါနဲ့ ကျွန်တော်တစ်ယောက်တည်းသွားလိုက်ပါတယ် သွားလိုက်တော့ ကိုဇော် နဲ့တွေ့ပါတယ် ပွဲထဲမှာထည့်ဖို့ ပြောတော့ ကိုဇော်က လက်ခံပါတယ် ထည့်လို့ရပါတယ်တဲ့ သူတို့ဘက်က စပွန်ဆာအခက်အခဲ၊ စက်အခက်အခဲ၊ ငွေကြေးအခက်အခဲများကြောင့် စက်တစ်လုံးပေးပါမည်တဲံ့ ကိုယ်ပြချင်တာပြပါတဲ့ ကျွန်တော်စိတ်ကူးတာကတော့ MZ Forum and ME Learning Site ကိုပြဖို့ရှိပါတယ် သူတို့ဘက်ကတစ်လုံးတည်းပေးသောကြောင့် နောက်တစ်လုံးကို လက်ပတော့ စသည်ဖြင့် တစ်ခုခုဖြင့်ပြရန်ပြောပါတယ် အဲဒီကိစ္စ ကတော့ ကိုစေတန် ပဲကြည့်လုပ်ပေးပါ ပြီးတော့ Vinyl လည်းလုပ်လို့ရပါတယ် ကိုစေတန် ဘယ်လိုလုပ်ချင်လဲမသိဘူး ပြီးတော့ အစ်ကို့ ဘလော့လည်းပြမှာလား။ သူတို့ဖက်က တော့နောက်ထပ်ပြချင်လည်းရပါတယ် စီစဉ်ပေးပါမယ်တဲ့ ဒါပေမယ့် စက်အခက်အခဲကြောင့် ကိုယ့် လက်ပတော့လေးတွေနဲ့ ပြဖို့တောင်းဆိုထားပါတယ် သူတို့ဖက် က ရည်ရွယ်ချက်တွေတောင်းထားပါတယ် အခုကျွန်တော်ရိုက်ပြီး ပို့လိုက်ပါ့မယ် ကိုစေတန်ရေ အဲဒါလေးရမယ်ဆိုရင် ကျွန်တော့်ဆီပို့ပေးပါ့လား မနက်ကလာတယ် မလာသေးဘူးဆိုလို့။ ပြီးတော့ ကိုစေတန် ကိုယ့်စား လက်ဖက်ရည်သောက်ပြီး ပြန်လာခဲ့ပါတယ် မမ်ဘာတစ်ယောက်ဆီဝင် ကိုစေတန်ဆီသွား ပြီးတော့ လောလောနဲ့ ဆိုင်ကိုပြန်လာခဲ့ပါတော့တယ်ဗျား

အခုလောလောဆယ် ပြဖို့ စီစဉ်ထားတာတွေကတော့
Mysteryzillion.org Forum
MMenglish.net (ကိုစေတန်ဆီက လက်ပတော့အဆင်ပြေမှဖြစ်မည်)
ကျွန်တော့်ဘလော့

No comments:

Twitter Bird Gadget