Thursday, 27 November 2008

ခြောက်လပြည့်


အခုတစ်လော ပိုစ့်အသစ်တွေလည်း သိပ်မတင်ဖြစ်ဘူး ဆိုင်မှာ အလုပ်ကနည်းနည်းများတာရယ် ရေးဖို့အကြောင်းသိပ် မရှိတာရယ် နဲု့ ပါ ဒီပိုစ့်ကိုရေးမယ်လို စဉ်းစားတာ တစ်ပတ်လောက်ရှိပါပြီ အခုမှပဲ Draft ထဲက နေ Publish အဆင့်ရောက်တော့တယ်
ဒီလ က ကျွန်တော့် ရောသမမွေ ဘလော့လေး ခြောက်လ ပြည့်ပါပြီ

ကျွန်တော် စရေးလာတာ June ကတည်းကပါ

ပထမပိုစ့်က...............04/06/08 .......အဲဒီနေ့ကရေးတာပါ နာမည်က တော့ My Future Plan ဆိုတာဖြစ်ပါတယ် ပထမတော့ မေးထဲက Forward တွေပြန်ပို့၇လို့စိတ်ညစ်လို့ အဲဒီ Forward မေးတွေကို ဘလော့မှာပြန်တင်ဖို့စဉ်းစား တာက စပါတယ်။ အဲဒီပိုစ့်ပြီးတော့ ကျွန်တော့် မေးထဲက Forward မေးတွေကိုပဲတင်ဖြစ်တယ် နောက်မှ အမ်ဇက် လည်းရောက် ဘလော့တွေလည်းဖတ်လာတော့ ကိုယ့်ဟာကိုယ်ရေးဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ ပဲအခုဆက်ရေးဖြစ် နေတော့တာပဲ

ပထမဆုံး ကွန်မန့်လာပေးသွားသူကတော့...
Tenielle  ဘယ်ပိုစ့်မှာလဲဆိုတော့ Secret Love ဆိုတဲ့ပိုစ့်မှာပါ

ပထမဆုံး CBox မှာအော်သွားတာကတော့ ကျွန်တော်ပဲဖြစ်ပါတယ် နောက်မှ ဆိုင်က 8vilboy ကိုအတင်းထည့် ခိုင်းတော့ သူရေးပေးသွားပါတယ် တတိယတစ်ယောက်က စပ်မိစပ်ရာ ပဲဖြစ်ပါတယ် နံပါတ် ငါးယောက်မြောက်မှာ မောင်ညမီးအိမ် လာအော်သွားတယ်ဗျ

အခုလောလောဆယ် ပိုစ့်ပေါင်း 83 ခု(ဒီပိုစ့်မပါ) ရှိသွားပါပြီ
ကွန်မန့်ကတော့နည်းတယ်ဗျ အခုမှ 13 ခုပဲရှိသေးတယ်
ဆီဗုံးမှာလာအော်သွားတာကတော့. 212 ခုရှိသွားပါပြီ
အခုလောလောဆယ် နေ့စဉ်လာကြည့်တာကတော့ အယောက် 20 နဲ့အထက်မှာရှိပါတယ် တစ်ခါတစ်လေတော့ 10 အောက်ရောက်သွားတယ်ဗျ တစ်ခါတစ်လေ ဆိုရင်2 ယောက်လောက်ပဲလာတော့တယ်
အခုလောလောဆယ် RSS Feed ပြင်ထားတယ် အရင်ကဟာ မရတော့ဘူး အဲဒါကြောင့် အရင်က ယူထားသူများ ရှိရင် ပြန် ယူပေးပါဗျို့

အဲဒီ ဇွန် လောက် ကစခဲ့တဲ့ ဘလော့လေးကို လူအများကြီး ကကူညီပေးခဲ့ပါတယ် နာမည်တွေတော့မဖော်ပြတော့ပါ ဘူး။ ကျန်ခဲ့မှာစိုးလို့ပါ။ အဲဒီလူများအားလုံးကို ကျွန်တော့်ဘလော့ ခြောက်လပြည့် မှ ကျေးဇူးအထူးတင်အပ်ပါတယ်ဗျား
ကျွန်တော့ဘလော့က မပြည့်စုံတာတွေအများကြီးပါ ကျွန်တော်တက်နိုင်သလောက် ပြည့်စုံအောင်လုပ်သွားပါ့မယ်ဗျား

No comments:

Twitter Bird Gadget