Tuesday, 11 November 2008

နောက်ဆုံးနှစ်အမှတ်တရများ................


နောက်ဆုံးနှစ် အမှတ်တရလေးတွေ ပါ....................

ကျောင်းစတက်တဲ့ပထမနေ့ (15.10.2008)

ပထမနေ့ ကတည်း က ပြောထားတဲ့အတိုင်း လမ်း 50 ပတ်စီး မှတ်တိုင်မှာ မနက် 7နှစ်နာရီ .........
လာတဲ့လူတွေကတော့ မမြတ်ဆု (15 မိနစ်နောက်ကျ)၊ ကိုဇော်ထွန်း၊ ကျွန်တော်၊ 8vilboy၊ မင်းထောချန်း(ကောမလေးနှင့်ချိန်းထားသောကြောင့်မလာတော့ပါ ဟုအကြောင်းကြားလာသည်) စထွက်ကြတော့ ကျောင်းကို 8 နာရီလောက်ရောက်သွားတယ် အတန်းရှာ ပြီးတော့ အဲဒီနေ့တော့ အတန်းပြည့်အောင်တက်လိုက် သေးတယ် ပြီးတော့ တူတူပြန်လာ အိမ်ကို 5 နာရီလောက်ပြန်ရောက်တယ်။ အဲဒီနေ့ကထူးထူးဆန်းဆန်း မိုးရွှာတယ် တာဝမှာ ထီးဆောင်ပြီးပြန်လာကြပါတယ်..... ကျူရှင်သွားတက်သေးတယ်(မေ့တော့မလို့)



ဒုတိယနေ့
8 နာရီ ကိုဇော်ထွန်း၊ မင်းထောချန်း၊ စနိုး၊ မမြတ်ဆုမေ၇ာက်လာ၊ နေ့တစ်ဝက်လောက်တက်ပြီး ပြန်ကြတယ် အဲဒီနေ့ကစပြီး တီလေး မြတ်ဆုက စိတ်ဆိုးတာပဲ ဘာဖြစ်လို့လဲမသိ အိမ်ကိုမလာရတော့ဘူးတဲ့ အိမ်လာခွင့် ကို Banned လိုက်တယ် ပြီးတော့ နေ့လယ်လောက်ကျတော့ပြန်ကြတယ် မမြတ်ဆု လည်းပါတယ်
သူ့ အစီအစဉ်အရ စနိုးတို့အိမ်(ထမင်းလက်ဖက်သုတ်နဲ့ကျွေးတယ်)၊ မသွယ်တို့အိမ် (အအေးတိုက်တယ်) ပြီး တော့ မုန့်တွေဝယ် ကြက်ကြော်တွေဝယ် ပြီး ကျူရှင် 5 နာရီအမှီဂိုးရတယ် ကျူရှင် ကပြန်တော့ ကမ်းနားသွားထိုင်ပြီး အိမ်ပြန်သွားပါတယ် အိမ်ကိုတော့ 9 နာရီလောက်မှပြန်ရောက်ပါတယ်

တတိယနေ့
ဘယ်သူမှမလာပါ :-( ကျွန်တော် တစ်ယောက်တည်း အတန်းတက် နေ့လယ်လောက်တော့ ပြန်လာ တယ် မမြင်တာကြာပြီ ဖြစ်တဲ့ ကျွန်တော့် သူ မနှင်းနုကိုသွားရှာဖို့ ထွက်လာတယ် မြို့ထဲရောက်တော့ လေးနာရီလောက်ပဲ ရှိသေးတယ်အဲဒါ နဲ့ ကိုကြီး စေတန် ဆီသွားပြီး အာလာပ သာလာပတ် ပြောရင်း
ကိုကိုရဲ ကြီး ရောက်လာတယ် ပြီးတော့ ကိုစူသီ လူဆုံတုန်း ကိုစေတန် က ကိုစူသီ ဆီက အကြွေး ရလို့လက်ဖက်ရည်တိုက်မယ် တဲ့ လက်ဖက်ရည်သောက်ကြ တယ် ပြီး တော့ 5 နာရီ 15 လောက် ကျွန်တော် သွားကြိုတယ် တွေ့ပါတယ် သူ့ နဲ့ ကမ်းနားမှာ သွားထိုင် 8 နာရီလောက်မှ ပြန် ကြတယ် (အိမ်ကို တော့ ကျူရှင် ရှိတယ်တဲ့) လျှာရှည်ပြီး ဆရာကန်တော့ပွဲအတွက် EC Member ဝင်လိုက်သေးတယ်၊ ပိုက်ပိုက်တွေ သွားကောက်ပေးပြီး လိုက်ရေ ပေးသေးတယ်

လေးရက်မြောက်နေ့

7 နာရီ ချိန်း ထားတာ ဘယ်သူမှမလာ တစ်ယောက်တည်း သွားရပါသည်ကျောင်း မှာ တစ်ရက်ပဲတက်မယ်ဆိုတဲ့ ဂူးဂူး၊ မေသူ၊ တို့နဲ့တွေ့ ပြီးနောက်တော့ ရောက်လာကြပါတယ်၊ နောက်တော့ ကျွန်တော်တို့လည်း ပိုက်ပိုက်သွားကောက် တော့ သူတို့ ထွက်သွားကြပါပြီ တော်သေးတယ် ကိုပြည့်ဖြိုးမင်းကယ်လို့
အဲဒါနဲ့ သူ့ကား နဲ့ ချစ်သူငယ်ချင်းလေး ပြေလင်း(သန်လျင်) အိမ်မှာ သွားပြီး နေ့လယ်စာစားကြပါတယ် (ထမင်းသုပ်၊ ကော်ဖီ၊ လက်ဖက်သုပ်) ပြီး တော့ ထန်းရည်သောက်ရန် GTC  နားက မိတ်ဆက်ဆီချီတက်ကြပါတယ် ဓာတ်ပုံတွေတော့နောက်မှပဲတင်တော့မယ်နော်၊ အဲဒီနေ့ က ဆိုက်ကယ် စီးလိုက်ရတယ် ကျောင်းတက်ပြီးတော့ ဆိုင်ကယ် စီးတာဒီတစ်ခါပဲ ပြီးတော့ရောက်တော့ ကျွန်တော်မသောက်ပါ(နှစ်ခွက်လောက်ပါပဲ)ပြီးတော့ ဖဲကစားကြ၊ သုံးနာရီခွဲလောက်ကြတော့ ကိုပြည့်ဖြိုးမင်းကားနဲ့ ပြန်ကြပါတယ် မောင်ပြေလင်း ရဲ့ ဆိုင်ကယ်အလှပြကွက်များကိုလည်းမြင်ခဲ့ရပါတယ်(မူးနေလို့) လေးနာရီ လောက်ပြန်ရောက်တယ် အင်တာနက်သွားသုံးသေးတယ်

ငါးရက်မြောက်နေ့


အိမ်မှာ စာကျက်သည်

ခြောက်ရက်မြောက်နေ့

အိမ်မှာစာကျက်သည်

ခုနှစ်ရက်မြောက်နေ့
ကျောင်းက ဆရာကန့်တော့ပွဲ၇ှိလို့ အဖြူအကျီ(သူဝယ်ပေးထားသော) နဲ့သွားပါတယ်( အီးစီ မမ်ဘာပီပီပေါ့) ကျောင်းရောက်တော့ ကူစရာရှိတာကူ ပြီးတော့ ဆရာတွေကိုကန်တော့ကြ၊ ပြီးတော့ လက်ဖက်ရည်ဆိုင်ထိုင် ပြီးရင်အိမ်ပြန်ကြ ပေါ့လေ ကိုပြည့်ဖြိုးမင်း ကားနဲ့ပြန်ဖြစ်တယ် (မမြတ်ဆု စိတ်တိုနေတာနဲ့ မောင်ဇော်ထွန်း နဲ့ မောင်မင်းထောချန်း တို့တော့ ဘက်စ် နဲ ဒိုးရတယ်) နေ့လယ်ပိုင်း အိမ်ပြန်ရောက်။

ရှစ်ရက်မြောက်နေ့
အိမ်မှာ ပဲ စာကျက်သည်

ကိုးရက်နေ့
အိမ်မှာ ပဲ ညနေ့တော့ မနေနိုင်လွန်းလို့ မင်းထောချန်းဆီ ဂိုးတယ်၊ ရောက် တော့ မောင်မင်းထောချန်း ကအိပ်ပျော်နေတယ် တစ်နေကုန်အိပ်နေတာတဲ့ ပြီးတော့ ထမင်းချိုင့်ယူ(ကိုဇော်ထွန်းဆီ ညအိပ်စာကျက်ရန်၊ မနက်စောစော သူ့ကောင်မလေးဆီ သွားလို့ရရန်) ကိုဇော်ထွန်းဆီသွား လမ်းမှာတွေ့ နောက်နေ့အတွက်ချိန်းပြီး အိမ်ကို 8 နာရီလောက်ပြန်ရောက်ပါတယ်

နောက်ဆုံးနေ့
ချိန်းထားသည့်အတိုင်း မနက် 8 နာရီ ဘယ်သူမှမရောက်ပါ အဲဒါနဲ့ မောင်ဇော်ထွန်းဆီသွား၊ အဲဒီမှာပဲ လက်ဖက်ရည်ဆိုင်ထိုင် ပြီးတော့ ကိုပြည့်ဖြိုးမင်းကိုဖုန်း ဆက်ခေါ်ရောက်လာတော့ ကိုပြည့်ဖြိုးမင်း အိမ်မှာ ထမင်း စားခဲ့ရပါတယ်။နေ့လယ်တော့ အိမ်ပြန်စာသွားကျက်တော့ပါတယ်..........................



No comments:

Twitter Bird Gadget