ဟီး မနက်ဖြန် တန်ဆောင်တိုင်
ိကိုမင်းယွန်းသစ် ကသီးတင်းကျွတ် တုန်းကသူ့ ဖိုးဖိုး ဖွားဖွားများကိုကန့်တော့လိုက်သည် ။ ကျွန်တော်တော့
သီးတင်းကျွတ် တုန်းက စာမေးပွဲ နဲ့ ဘီးဇီးနေသောကြောင့်. မကန့်တော့လိုက်ရသော ကျွန်တော့် လေးစာရသောလူများ အား တန်ဆောင်တိုင် မှာကန့်တော့လိုက်ပါတယ်.....................
ကန့်တော့ ခံ ပုဂ္ဂိုလ်များ
ပထမဆုံး
အသက်အကြီးဆုံးသော .........................ဦးလေးတီလေး
အသက် 35 နှစ်ပြည့်ပြီဖြစ်သော..............အကိုကြီးဒီဘီအေ
မမြင်ဖူးသေးပေမယ့် သင်ပေးသော.........ကိုဇော်သူရိန်
ကျွန်တော်လေးစားသော........................ကိုညီလင်းဆက်
မသိတာကိုစိတ်ရှည်စွာဖြင့်ပြောပြသော...ကိုညမီးအိမ်
ဂိမ်မာကြီးနှင့်ခင်မင်ရသော.....................ကိုကြီးစေတန်ဂေါ့
ယူအေးအီးကချစ်သူကိုလွမ်းနေသော.......ကိုစူသီ ခေါ် ကိုစည်သူအောင်
ပူပူနွေးနွေး 22 ပြည့်သွားသော................ကိုထွက်ပေါက်
လူရွှင်တော်ကြီး......................................ကိုကိုရဲ
ဟဲ ကိုးယောက်ပြည့်သွားပြီ ကိုးနဝင်းကျေပြီ....................
ကန့်တော့မည့် သူ
ကျွန်တော် ဂျစ်ပဆီလေး
ကန့်တော့ချိုး
အခုလိုတန်ဆောင်တိုင်အခါသမယ မှာ ဒီလို ဘလော့ဂါကြီးများ လေးစားရသော လူများ အပေါ် တစ်စုံတစ်ခု ဖြင့် တစ်နည်းနည်း ဖြင့် ပြစ်မှား မိပါက ခွင်လွှတ်ပါရန် အွန်လိုင်းမှနေ ပြီး ကန့်တော့အပ်ပါတယ်
လိုချင်သောဆု
Credit Card တစ်ခုလောက်ရရန်
ပုံပြင်လေးထဲကကောင်မလေးနဲ့ အဆင်ပြေရန်
စာမေးပွဲအောင်ရန်
Bill Gates လောက်ဖြစ်ရန်
Sergey Brin လိုမျိုး Web Developer သို့ Designer တစ်ခုခုဖြစ်ရန်
သိပ်လောဘမကြီးတော့ပါဘူး ..............ကဲဒီလောက်ဆိုတော်လောက်ပါပြီဗျား
ဦးတော့ ဦးတော့ ဦးတော့
ကဲမပြန်ကြသေးနဲ့နော် ကန့်တော့ခံ သက်ကြီး သောလူများ မုန့် စီစဉ်ထားသေးတယ် စားလို့ရအောင်လို့ စားသွားဦး
စီစဉ်ထားတဲ့မုန့်တွေ့ကတော့
အပျင်းပြေသောက်ဖို့ (လူကိုကိုးယောက်တောင်)
အစာပြေစားဖို့ (ကြိုက်တာယူစားနော်)
ကဲကျွန်တော်လည်း ဗိုက်ဆာလာပြီ အပြင်ထွက်ပြီး ပေါင်မုန့်သွားစားလိုက်ဦးမယ်..................

1 comment:
ကောင်ကလေးသတိကြပ်ကြပ်ထား... ငါ့ကိုများ ဦးလေးတဲ့.. ဟွန်း
Post a Comment