ဟို အတိုကြီး က တက်ထားတယ်တဲ့ အဲဒီတော့ ကျွန်တော်လည်း ရေးလိုက်ရပါပြီခင်ဗျား............
ပထမဆုံးကမ္ဘာမြေကြီးပေါ်ကိုစရောက်ခဲ့တာ
၁၉၈၉ခုနှစ် မတ်လ ၃၀ ရက် မနက် ၉ နာရီ
ပထမဆုံးအလိမ်ခံရခြင်း
အလိမ်ကတော့ခံရပါတယ် ဟီး ကျွန်တော်ကအတာကိုး ဒါကိုတော့မမှတ်မိတော့ဘူး
နောက်တစ်ခု................
ပထမဦးဆုံးအကြိမ်ကျောင်းပြေးခြင်း
ငယ်ငယ်တုန်းက ကျွန်တော် က အရမ်းဆိုးတာ အိမ်ကပိုက်ဆံ ယူ သူငယ်ချင်းတွေနဲ့အပြင်မှာ ဝယ်စား ဒီရောက်မှလိမ္မာသွားတာ ပထမဆုံး ကျောင်းပြေးတာက ရုပ်ရှင်သွားကြည့်တာ သူငယ်ချင်းတွေနဲ့ နယ်မှာပဲ
အိမ်နဲ့ ကျောင်းနဲ့ သိပ်တော့မဝေးဘူး ဒါပေမယ့် ရအောင်ခိုးပြီး သွားကြည့်ကြတယ်။ အိမ်ကတော့မမိဘူး။
ဟီး
ပထမဦးဆုံးမိသားစုနဲ့လမ်းလျှောက်ထွက်ခြင်း
မမှတ်မိဘူး ငယ်ငယ်လေးကတည်း က Father Gyi ဆုံးသွားတော့ သိပ်တော့မသိတော့ဘူး
ဒါလည်းကျော်လိုက်တော့.........
နောက်တစ်ခု..............
ပထမဦးဆုံးတတ်ခဲ့ဖူးသည့်ကျောင်း
နယ်ကကျောင်းပါ အ.မ.က(၁) နမ္မတူတဲ့
အိမ်နဲ့လည်းနီးတယ် ပြီးတော့ အိမ်ကဦးလေးတွေက အဲဒီက တာဝန်တစ်ခုခုယူထားရတော့အဲဒီမှာပဲတက်ရတယ်
ပထမဦးဆုံးအကြိမ်ညမအိပ်ပဲနေဖူးချင်း
ကျွန်တော် ကအအိပ်ကြီးတယ်ဗျ မအိပ်ရဘူးဆိုလည်း 2 နာရီအထိပဲထိုင်တယ် ပြီးတော့အိပ်တော့တာပဲ
ဒါလည်း မရှိဘူး ကျော်လိုက်တော့ နောက်တစ်ခု.............................
ပထမဦးဆုံးကျွန်တော်ရဲ့အချစ်ရဆုံးချစ်သူ
ကျွန်တော်ငယ်ငယ်ကတည်း က ကြိုက်တဲ့သူတော့ရှိတယ်ဗျ အများကြီးပဲ(နောက်တာ)
ဒါပေမယ့် ပထမဦးဆုံး ချစ်မိတာကတော့ မနှစ်ကမှပါ သူနာမည်ကတော့ ပြောတော့ဘူး (ပြောပြီးသွားပြီလေ အောက်မှာ)
တွေ့တာကတော့ ကျွန်တော် အလုပ်လုပ်တဲ့ Company မှာပါ
တွေ့တဲ့နေ့က မတ်လ 10 ရက်နေ့(ကျွန်တော့မွေးနေ့မတိုင် ခင် 20ရက်အလိုမှာ)
စခင်တာကတော့ 20 ရက်နေ့လောက်မှပေါ့(သူက အတည်ကြီးနဲ့ ခင်ရခက်တယ် 20ရက်နေ့တောင်မှ ရုံးမှာကျွန်တော်တစ်ယောက်တည်းကိုပဲခင်တာ)
သူနဲ့အမှတ်တရအရှိဆုံးနေ့ကတော့ မတ်လ 30 ရက်နေ့နဲ့ 29ရက်နေ့ပဲ
ဘာဖြစ်လို့လဲဆိုတော့ 29 ရက်နေ့မှာ ညနေပိုင်းက သူနဲ့ရန်ဖြစ်တယ် ပြီးတော့ ရုံးမှာပဲပြန်ချော့တယ် သူကဂတိပေးထားတာကိုး ကိတ်မုန့်ဝယ်ပေးမယ်ဆိုပြီးတော့ ညနေပိုင်းမှာ မဝယ်ပေးတော့ဘူးတဲ့ အဲဒါနဲ့ရန်ဖြစ် ရော ပြီးတော့ ပြန်ခါနီးမှာ စိတ်ဆိုးပြေသွားတယ် သူလိုက်ဝယ်ပေးတယ်(အိမ်ပြန်နောက်ကျခံပြီး၊ ပိုက်ဆံမလောက် လို့ 1000 တောင်စိုက်ပေးလိုက်သေးတယ်) ကိတ်မုန့်ကို သူ့စိတ်ကြိုက် ဝယ်ပေးတယ်
30 ရက်နေ့ကျတော့ မွေးနေ့ ရုံးမှာလုပ်ဖြစ်တယ် အရမ်းပျော်လိုက်တာ သူကရေမွေးတစ်ပုလင်းပေးတယ်
8 နာရီခွဲကျော်တဲ့အထိ ကမ်းနားမှာ နှစ်ယောက်သားထိုင်ကျတယ် ပြီးမှသူပြန်တယ်
ဒီအကြောင်း နောက်မှဆက်ရေးမယ် ဗျား
မျှော်...................
ပထမဆုံးချစ်သူအနမ်း
မပေးလိုက်ရဘူး မပေးလိုက်ခင် သူပစ်သွားတယ်းx(
ပထမဆုံးမိသားစုနဲ့ခွဲခွာရခြင်း
Company မှာအလုပ်လုပ်တော့ Exhibition(ကုန်စည်ပြပွဲ) ဆိုပြီး သွားရတယ် ပထမဆုံးသွားဖြစ်တာကတော့ အောင်ပန်းပါ အလုပ်က အကြီးတွေနဲ့ပဲသွားရတယ် အငယ်တွေသိပ်မပါဘူး အကြီးတွေဆိုတော့ သိပ်တော့မပျော်ဘူးပေါ့လေ.............................
အဲဒါပထမဦးဆုံး အိမ်ကလူမပါပဲ ခရီးသွားတာပဲ
ပထမဦးဆုံးအလုပ်လုပ်ဖူးခြင်း
ပထမဆုံးလုပ်ဖြစ်တာကတော့ ကျူရှင်ပြတာပဲ ကျောင်းစာမေးပွဲအောင်တော့ ဘာလုပ်ရမှန်းမသိခင်မှာ အသိတစ်ယောက် က ကျူရှင်ပေးပါ့လား သူ့မြေးလေတွေကိုတဲ့လေ ကျွန်တော်လည်း ပိုက်ဆံရမယ်ဆိုတော့လုပ်တော့တာပေါ့........ ခုနှစ်လွှာပေါ်မှာ သူငယ်တန်းနဲ့ လေးတန်း ကိုသင်ရတယ် အငယ်ကောင်က စာမလုပ်ချင် ဘယ်ရမလဲ ကျွန်တော်လည်း တုတ်နဲ့ရိုက်ပေါ့ ဟီး
အကြီးတစ်ယောက်ကတော့ စာတော်တယ်
ပထမဦးဆုံးဘလောခ်စရေးခြင်း
ကိုမောင်လှ ဘလော့ကိုဖတ်ပြီး အားကျသွားတယ် ငါလည်း ဘာဖြစ်လို့မရေးနိုင်ရမှာလဲ ဆိုပြီး ရေးဖြစ်သွားတာပါ
စရေးတော့ ဘယ်သူနဲ့မှမသိသေးဘူး ကိုယ့်ဟာကိုယ်ပဲ မနည်းကြိုးစားယူရတာပဲ
သိပ်တော့အခက်ကြီးမဟုတ်ပါဘူး
ပထမဦးဆုံးရောက်ဖူးသည့်ဘလောခ်
ကိုမောင်လှဘလော့လေးပါ အရမ်းကောင်းပါတယ်
အဲဒီထဲမှာ အိမ်ပြန်ချိန် ဆိုတဲ့ ပိုစ်ကိုအရမ်းပဲကြိုက်သွားတာပါ
ပထမဦးဆုံးစရေးဖူးတဲ့ဖိုရမ်
ထုံးစံအတိုင်း ပဲပေါ့ MZ ကြီးပဲ အဲဒီမှာ အ၇မ်းဖော်ေ၇ွှလို့ စရေးဖြစ်သွားတာပါ အခုတော့ ကျွန်တော်လည်း ဆယ်ကျော်သက် ဖြစ်နေပါပြီ
ပထမဆုံး tag ခံရခြင်း
မည်သူမှမရှိပါ အခုမှ တိုတို ညမီးအိမ်စတက်ပါတယ်ဟီး
သူနဲ့ ပထမဦးဆုံးအတူတူသွားသည့်နေရာ
ပထမတော့ကျွန်တော်အိမ်သွားမယ်ဆိုပြီး ဒါပေမယ့် နောက်ဆုံး ကမ်းနားပဲရောက်သွားတယ်
ပထမဦးဆုံးရည်းစားစကားစပြောခြင်း
သူ့ကိုပါပဲ နေရာကတော့ 36 လမ်းအထက်မှာ ရုံးကအစ်မမင်္ဂလာဆောင်ပြီးတော့ သူ့ကိုပြန်အပို့မှာ ပြောဖြစ်တာပါ
ကဲတက်လိုက်ပြီနော် ကိုလူချော ညမီးအိမ်ရေ
အခုပြန်တက်ရမယ့်စာရင်းများကတော့
ကိုစူသီ
မှတ်တော့မမှတ်မိသေးဘူး
ပြီးမှပဲ နောက်တိုးစာရင်းနဲ့တင်လိုက်တော့မယ်နော်................................

No comments:
Post a Comment