အခုတစ်လော ဘာတွေဖြစ်မှန်းကိုမသိဘူး
စိတ်တွေလည်းကုန်လာပြီ
စာတွေကျက်ရင် အိပ်ချင်လာတယ်
ဘာပဲလုပ်လုပ် ဦးလေးတွေအပြောခံရတယ်
အဲဒါကြောင့် လက်သည်းမညှပ်တာလဲ တစ်ပတ်ရှိပြီ(ထမင်းစားရင်တော့ ဇွန်းနဲ့စားတယ်
နေကလည်းမကောင်း
ခေါင်းတွေလည်းကိုက်
အာသီးလည်းရောင်
ဒီကြားထဲ
လွမ်းတာကပါလိုက်သေးတယ်
စာမကျက်ဖြစ်ရင်အိမ်ကအော်သေး
ရုပ်ရှင် မနက်ပိုင်းကြည့်ရင် အိမ်ကမကြိုက်
ကျွန်တော်က မနက်ပိုင်းဆိုစာမကျက်တက်ဘူး
ညနေပိုင်းမှ အိမ် နောက်ဖေး ဝရန်တာမှာထွက်ကျက်တာရယ်
ညပိုင်းအကုန်အိပ်သွားပြီးမှစာကျက်မှ ကျက်လို့ရတယ်
ကြားတုန်းကတောင် မုတ်ဆိတ် သုံးရက်လောက် မရိတ်ဖြစ်ဘူး(အိုစမာဘင်လာဒင် ကျနေတာပဲ)
ဟီ
လျှောက်ကြွားနေတာ သူများတွေသိကုန်တော့မယ်
တော်ပြီ
ဒီလောက်နဲ့ပဲ
ဘိုင်
ဂျစ်ပဆီလေး

1 comment:
စာတွေကျက်ရင် အိပ်ချင်လာတာတော့ ကျောင်းသား တော်တော်များများဖြစ်နေကျပဲ :P။ အဟဲ... မုတ်ဆိတ်ကတော့ ကျွန်တော်ဆိုရင် သိပ်မရိတ်ဘူးဗျ
Post a Comment