Tuesday, 16 September 2008

စိတ်မကောင်းစရာသတင်း

စိတ်မကောင်းစရာသတင်းတစ်ခုမနေ့ကသတင်းစာမှာဖတ်ရတယ်
စာမေးပွဲများဖြေရတော့မယ်တဲ့
နောက် လ 15 ရက်နေ့ ကနေ 25 ထိကျောင်းတက်ရမယ်
ပြီးတော့ 28 ရက်နေ့က စပြီး 6 ဘာသာဖြေရမယ်
အခုလောလောဆယ် စာကျက်ချိန်တိုးလိုက်ပြီ
ည 12 နာရီအထိ
ထတော့ 9 နာရီ
မနက်စာအုပ်(အပြင်) ဖတ်
မနှစ်ကလိုမျိုးမဖြစ်အောင် ဂရုစိုက်ရမည်
မနှစ်တုန်းကအဖြစ်
စာမေးပွဲ မနက်ဖြန်ဖြေမည် မြန်မာစာဆရာမဆီ က မေးခွန်းယူပြီး အိမ်ပြန် 12ထိစာကျက် အိပ်
2 နာရီ ဝမ်းတွေသွားပါရော......................ါ်-(
6 နာရီ မထနိုင်တော့ဘူး အားပျက်သွားပြီ
8 နာရီ သူငယ်ချင်းများနဲ့ ချိန်းထားတာ မသွားဖြစ်တော့ဘူး
ဓာတ်ဆားပုလင်းကိုင်ပြီး လမ်းထလျှောက်တယ် အိမ် ကဖြစ်လားတဲ့ ဖြစ်တယ်သွားမယ်ဆိုပြီး 8.15 ကားဂိတ်သွားတယ် ဆေးသောက်တယ်
ကျောင်းရောက်တော့ အန်တယ် စာမေးပွဲခန်းထဲကို စပြီး 30 မိနစ်မှဝင်တယ်
ဖြေတော့ဖြေလိုက်တယ် ဘာတွေမှန်းကိုမသိဘူး
နောက်တစ်ခု
ဒုတိယနှစ် English Major ကဘာမဆိုင်တဲ့ Philosophy နဲ့ History သင်ရတယ်
အဲဒီနှစ်ခု မှားကျက်မိတယ် ဟီး ငိုချင်လိုက်တာ ကားပေါ်မှာ သူငယ်ချင်းတွေဝိုင်းပြောလို့ တော်သေးတယ် အဲဒါလည်းနောက်ကျမှပဲဝင်တယ်
တော်သေးတယ် ဘုရားကယ်တာ
အောင်သွားတယ်
ဒီနှစ်တော့ ဘာမှမဖြစ်ပါစေနဲ့ ဘုရား
ဝိုင်းပြီးဆုတောင်းပေးကြနော်
ဂျစ်ပဆီလေး
 16.9.2..8

2 comments:

Anonymous said...

ကဲ ဒီနှစ်တော့ အဖြစ်ကမနှစ်ကနဲ့ မတူး (အဲမတူ)ပါစေနဲ့ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ :D

Anonymous said...

thank you for using this Free BLogger template!

best regards,

blogfixes

Twitter Bird Gadget