Wednesday, 13 August 2008

ကိုစည်သူ၊ ကိုညမီးအိမ်၊ နှင့် ကျွန်တော် တို့လက်ဖက်ရည်ဆိုင်ထိုင်ခြင်း။

ပြီးခဲ့သည့် Sunday တုန်းက ကျူရှင်(အဝေးသင် အင်္ဂလိပ်မေဂျာ) ပြီးတော့ မနေ့ည က ကိုညမီးအိမ် နဲ့ ချိန်းထားတာသတိ
ရသွားတယ်။အဲဒါနဲ့သူနဲ့ချိန်းထားတဲ့ သူ့ဆိုင်ဆီသွား။ ရောက်တော့ ကိုညမီးအိမ် မရောက်သေးပါဘူးတဲ့။ခဏစောင့်တော့ပေါါ်တော်မမူလာ၊အဲဒါနဲ့ပဲသူအိမ်လိုက်
သွားလိုက်ပါတယ်။(နီးနီးလေးမို့လို့ပါ။) ပြီးတော့သူနဲ့ဆွေးနွေးစရာရှိတဲ့ MysteryZillion ရဲ့ Dictionary Project မေးပြီးတော့ ဟို ဆိုင်ကလုန်းနဲ့ ဒိုင်နိုဆောပေါင်း ထားတဲ့ဆိုင်မှာ ကိုစည်သူရှိတယ်တဲ့(online မှာတွေ့တာ) သွား၇အောင်(ကျွန်တော်လည်းသွားချင်နေတာနဲ့အတော်ပဲ) ဆိုတော့လိုက်သွားပါတယ်။(ကိုညမီးအိမ် ဆိုသူ မှာ MysteryZillion ရဲ့ Project Moderator ပါ။ သူပြောတော့ internet ကိုမနေ့ညတစ်ညလုံးသုံးနေပြီးမနက် ၆ နာရီမှအိမ်ပြန်အိပ် ပြီးထမင်းကိုတစ်နပ်ပဲစားတယ်လို့သူပြောပါတယ်) ဟိုရောက်တော့ ကိုစည်သူ(MZ ရဲ့ admin)လည်းအတူတူပဲ (internet ကိုညတစ်ညလုံး လီမွန်တီးနဲ့နှစ်ပါးသွားနေတာတဲ့) ပြီးတော့ သူတို့နဲအတူတူ လက်ဖက်ရည်ဆိုင်သွားကြပါတယ်။(ကိုစည်သူ (MZ Admin)ရဲ့ပုံကို popular myanmar ဒီမှာ သွားရောက်ကြည့်ရူနိုင်ပါတယ်) စကားစပြောကြတော့ သူတို့ပြောတာကိုကျွန်တော် မနည်းနားလည် ယူရပါတယ်(ဘာဖြစ်လို့လည်းဆိုတော့ သူတိုကတကယ့် ပရိုတွေဆိုတော့မနည်းနားလည်ယူရပါတယ်) အဲဒါနဲ့ ကျွန်တော်လည်း ဗိုက်ဗိုက် ကနေနိုင်တော့လို့ (အိမ် ကဆူမှာစိုးလို့လည်းပါတာပေါ့(ပြောမှပြောမသွား တာ))ပြန်လာလိုက်ရတယ်၊သူတို့ကတော့ ညမှပြန်တယ်လို့ပြောပါတယ်။ ထုံးစံအတိုင်းပေါ့ အိမ်ပြန်ရောက်တော့လည်း မပြောသွားလို့ဆူခံထိပါလေရော))
အော် ကျွန်တော်လိပ်စာလေးကိုပြန်ပြောင်းထားတယ် ကိုညမီးအိမ်သင်ပြပေးလို့(နောက်တစ်ရက်နှစ်ရက်နေရင်တော့ရလိမ့်ထင်တာပဲ)
အဲဒီတော့မှပဲ အိမ်တက်မင်္ဂလာကျင်းပတော့မယ်။

No comments:

Twitter Bird Gadget