Saturday 2 March 2013

Wunderlist 2.0 Myanmar Version!

Wunderlist ဆိုတာ........

Wunderlist ဆိုတာ ရိုးရှင်းပြီး လွယ်ကူစွာသုံးနိုင်သော
လုပ်ငန်းဆောင်တာများကိုထိန်းသိမ်းနိုင်သည့်
tool တစ်ခုဖြစ်သည်။ သင်လုပ်ဆောင်ရန်ရှိသည့်အလုပ်များ ကို
အစီအစဉ်တကျပြုလုပ်နိုင်ပါသည်။
တစ်ခုခုလုပ်ဆောင်ရန် စိတ်ထဲပေါ်လာပါက Wunderlist ထဲဝင်ပြီးရေးလိုက်ပါ။
ထူးခြားတာလေးတစ်ခုက လုပ်ဆောင်ရန်အစီအစဉ်များကိုသင်၏ မိတ်ဆွေ၊သူငယ်ချင်း၊
လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှနိုင်ခြင်းဖြစ်ပါသည်။

Wunderlist က အခမဲ့လား

Wunderlist နှင့်သက်ဆိုင်သော apps များ အားလုံးသည်အခမဲ့ဖြစ်ပါသည်။
Wunderlist ကိုဘယ် စနစ်တွေမှာသုံးလို့ရလဲ။Wunderlist ကို Window PC
တွေမှာ၊ Mac OSX, iOS ကိရိယာတွေမှာ(iPhone,iPadစသည်)၊
Android Phones, Tablests စသည်တို့တွင်သုံးလို့ရနိုင်ပါသည်။Linux
အတွက်လည်းမကြာခင်ထွက်လာပါလိမ့်မည်။ ဘယ် device မှာ မှတ်ခဲ့ မှတ်ခဲ့ cloud
system သုံးပြီး
device အားလုံးတွင်လာပေါ်ပါလိမ့်မည်။

Wunderlist က တခြား Task Management တွေနဲ့ ဘာတွေထူးလဲ။

- သင်၏ အစီအစဉ်များကို မိမိမိတ်ဆွေ၊သူငယ်ချင်း၊
လုပ်ဖော်ကိုင်ဖက်များနှင့်ဝေမျှနိုင်ခြင်း၊
- ယနေ့လုပ်ရမည့်လုပ်ငန်းဆောင်တာများ၊ မနက်ဖြန်လုပ်ရမည့်အကြောင်းအရာများ၊
စသည်ဖြင့်ခွဲခြားထားနိုင်ခြင်း၊
- Drag & Drop လုပ်ပြီးအစီအစဉ်များကိုပြန်လည်စီစဉ်နိုင်ခြင်း၊
- အစီအစဉ်ပေါင်းမြောက်မြားစွာကတည်းက မိမိလိုချင်သည်ကို keywords
ဖြင့်ရှာဖွေနိုင်ခြင်း၊
- နောက်ခံများကိုလည်းကိုယ်စိတ်ကြိုက်ပြောင်းလဲနိုင်ခြင်း
-သင်၏အစီအစဉ်များကို ဘယ်ကိရိယာတွင်ပဲသုံးသုံး sync လုပ်နိုင်ခြင်း၊ edit
လုပ်နိုင်ခြင်း၊

Wunderlist ကိုဒေါင်းလုတ်လုပ်ယူရန် Link များ

Website : https://www.wunderlist.com

Facebook: http://www.facebook.com/6Wunderkinder

Twitter : http://www.twitter.com/6Wunderkinder

Developer Site : www.wunderkinder.com

iPhone : https://itunes.apple.com/app/wunderlist/id406644151

Mac : https://itunes.apple.com/en/app/wunderlist/id410628904?mt=12 #

iPad : https://itunes.apple.com/app/wunderlist/id406644151

Android Tablet :
https://play.google.com/store/apps/details?id=com.wunderkinder.wunderlistandroid&hl=en

Android Phone :
https://play.google.com/store/apps/details?id=com.wunderkinder.wunderlistandroid

Windows : http://windows.wunderlist.com/download/setup.exe

Google Chrome App :
https://chrome.google.com/webstore/detail/wunderlist/fjliknjliaohjgjajlgolhijphojjdkc?utm_source=chrome-ntp-icon

Youtube : https://www.youtube.com/watch?v=PhYruJX4ek8&feature=player_embedded

Wunderlist နှင့် မြန်မာဗားရှင်း

Wunderlist ကို ဘာသာပြန်ဖို့ နိုင်ငံခြားမှ ကိုဝင်းလွင်မိုး ကနေပြီးတော့
ဘာသာပြန်လိုသူများ သူနှင့်ချိတ်ဆက်ဖို့၊ U4MM Group ထဲမှာ စပြီးဖိတ်
ခေါ်ခဲ့ပါတယ်။ ကျွန်တော်စိတ်ဝင်စားလို့ ပါဝင်ကူညီမယ်လို့ပြောပြီး
ကူပြီးဘာသာပြန်ဖြစ်ခဲ့ပါတယ်။ ဒီ Localization ကိုလုပ်နေတာတော့ ကြာပါပြီ။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ကွန်ပြူတာစကားလုံးအားလုံးကို
မြန်မာလိုသတ်မှတ်ထားတာ မရှိသေးတော့ တော်တော်များများချန်ခဲ့ဖြစ်တယ်။
ဒါပေမယ့် Developer တွေကနေပြီးတော့ More than 90% လောက် ပြီးမှ Web apps
မှာထည့်ပေးမယ်လို့အကြောင်းကြားလာတယ်။ ကျွန်တော်တို့ ပထမပြန်ထားတာ 60
Percent ကျော်ကျော်ပဲရှိတယ်။ နောက်မှပြန်ကြိုးစားပြီး ပြန်တာ အခုဆို ၉၀
ရာခိုင်နှုန်းကျော်သွားပါပြီ။ တစ်ချို့စကားလုံးတွေကို
မူရင်းအတိုင်းပြန်ထည့်လိုက်ရတာတွေလည်းရှိပါတယ်။
ဒီပိုစ့်တင်တဲ့အချိန်အထိတော့ Mobile apps နဲ့ Window, Mac apps တွေမှာ
မြန်မာလိုမပါသေးပါဘူး။ ဒါကြောင့် Mobile apps, window app, mac app
တို့ရဲ့ Screenshot ကိုမတင်နိုင်သေးပါဘူး။ နောက် update version
တွေမှာထည့်ပေးမယ်လို့ ပြောထားပါတယ်။

ဥပမာအသုံးပြုနည်း

ကိုယ်က ရုံးတစ်ရုံး က MD ရဲ့ လက်ထောက်၊ သူအတွက် Timetable တွေဆွဲပေးရတယ်။
သူ့အတွက် တွေ့မယ့်လူတွေကိုစီစဉ်ပေးရ တယ်။ အခုလောလောဆယ်တော့
ကိုယ့်စာအုပ်ထဲမှာပဲရေး၊ ကိုယ့်စာအုပ်ထဲမှာပဲမှတ်၊MD ကကြည့်ချင်တယ်ဆိုရင်
ကိုယ့်စာအုပ်ကို ထုတ်ပြရ၊ ကဲဒါဆို Wunderlist နဲ့သုံးကြည့်ရအောင်၊
Wunderlist မှာ ဒီကနေ့ မနက်ဖြန်၊ စသည်ဖြင့် အချိန်တွေပါတယ်။
ဒီကနေ့လုပ်ရမယ့်စာရင်းတွေ ကို Wunderlist
သုံးပြီးကိုယ့်ဖုန်းထဲမှာရိုက်ထည့်လိုက်မယ်။ ဒါကို MD
သိအောင်လည်းပြချင်တယ်။ အဲဒီတော့ Share list ထဲမှာ MD ကို invite
လုပ်ထားလိုက်မယ်။ ဒါဆို သူလည်း သူလုပ်ရမယ့်အစီအစဉ်တွေကိုသိသွားပြီ။
သူ့ဖုန်းထဲက နေလည်းကြည့်လို့ရပြီ။ သူထက်ဖြည့်ချင်တာရှိရင်လည်း
သူ့ဟာသူထည့်လိုက်လို့ရတယ်။ ကိုယ့်ကိုတော့ notification လေးလာပေးမယ်။
သူဒါလေးတော့ ပြင်ထားပါတယ်ဆိုပြီး။

အဲဒီအတိုင်းပဲ အိမ်ရှင်မတွေအတွက် ဒီကနေ့
ဝယ်မယ့်စာရင်းတွေကိုထည့်ထားလို့လည်းရတယ်။ ကိုယ့်ယောကျာ်း ကနေပြီးတော့
လိုချင်တာရှိရင်လည်း ဒီထဲကို invite လုပ်ပြီး ထည့်ထားပေးလို့ရတယ်။
ကိုယ့်သူငယ်ချင်းတွေနဲ့ ရုပ်ရှင်တွေကြည့်ချင်တယ်။ ဒါပေမယ့်
ဘယ်ကားကောင်းမှန်းမသိဘူးဖြစ်နေတယ်။ အဲဒီတော့ ကိုယ်ကြိုက်တဲ့ကားလေးတွေ
ရိုက်ထည့်ထားလိုက်မယ်။ ပြီးတော့ သူတို့ကြည့်ချင်တာတွေလည်း
ရိုက်ထည့်လိုက်မယ်။ အားလုံးကြည့်ချင်တဲ့ရုပ်ရှင်လေးကိုကြည့်လိုက်မယ်
စသည်ဖြင့် Wunderlist ကို ကြိုက်သလိုအသုံးပြုနိုင်ပါသည်။

Screenshot Link :
https://www.facebook.com/media/set/?set=a.10151455850853817.1073741826.640503816&type=1

Pyae Sone (Gipsy)

Tuesday 12 February 2013

BarCamp Yangon 2013 Diary.....

ဘားကမ့်လည်းတစ်နှစ်ပြီးတော့ တစ်နှစ် ရောက်လိုက်၊ပြီးသွားလိုက်နဲ့။
ပွဲကျင်းပချိန် ၂ ရက်ဆိုပေမယ့် ပွဲကို
လွန်ခဲ့တဲ့အောက်တိုဘာ၊နိုဝင်ဘာကတည်းကပြင်ဆင်လာခဲ့ကြတာပါ။ မနှစ်တုန်းကတော့
2013 မှာ


အော်ဂနိုင်ဇာ မလုပ်ဖူးလို့ပြောမိပေမယ့် ဘားကမ့်လို့အသံကြားရင်
လုပ်ချင်လာတဲ့စိတ်က ထိန်းမရသိမ်းမရပဲ။ ဒီနှစ်လည်း
အော်ဂနိုင်ဇာတွေခေါ်ပြီဆိုကတည်းကပါဖြစ်ခဲ့ပါတယ်။ ပြီးတော့ Organizer
တွေဖွဲ့ကြတယ်။


အော်ဂနိုင်ဇာ တွေကို အဓိကအားဖြင့် 2012 က ကူညီခဲ့ဖူးတဲ့ Volunteer
တွေကိုအခြေခံပြီး၊ အဲဒီထဲက စိတ်ဝင်စားတဲ့သူတွေနဲ့ အရင်က လုပ်ခဲ့ဖူးတဲ့
Organizer တွေ နဲ့ အသစ်ပြန်ဖွဲ့ဖြစ်တယ်။ 2012 မှာရခဲ့တဲ့သင်ခန်းစာ


တွေထဲကတစ်ခုက Organizer တွေများပြီး အချိတ်အဆက်မမိတဲ့ကိစ္စတွေပါ။ဒါကြောင့်
၂၀၁၃ ကျတော့ Team တစ်ခုမှာဘယ်နှစ်ယောက် လိုမလဲ လိုသလောက်ကိုပဲ
ကန့်သတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Organizer 25-30


ကြားထဲဖြစ်သွားတယ်။ ပထမ မီတင်တွေတုန်းက လာတက်တယ် နောက်ပိုင်းကျတော့
အဆက်အသွယ်ပျက်သွားပြီးမလာတဲ့လူတွေလည်း အများကြီးပါ။ အဲဒီမှာသူတို့အစား
တခြား တကယ်ကူညီပေးမယ့်လူတွေနဲ့


အစားသွင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ Public Relation ထဲက Organizer
လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ PR Team Leader က မထိုက်ထိုက်အောင်ပါ။ မီတင် ၂
ကြိမ်လောက်ပြီးတော့ မထိုက်က ခရီးတွေသွားနေတော့ ကျွန်တော်က ဟိုစပ်စပ်
ဒီစပ်စပ်ကူပေးခဲ့ရပါတယ်။


PR Team


ဒီနှစ်မှာတော့ PR Team အနေနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတွေ၊
ကိုလုပ်ပေးခဲ့ရပါတယ်။ ဒီနှစ်မှာတော့ PR Team ကို Photographing,
Translator, Topic Board, Uploading, Video Record ဆိုပြီး


အခန်းကဏ္ဍတွေပြန်ခွဲလိုက်ပါတယ်။ Organizer တစ်ယောက်ချင်းဆီကို Sub-team
တစ်ခုဆီတာဝန်တွေခွဲပေးပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော် ကတော့ Video
Record ပိုင်းကိုတာဝန်ယူဖြစ်ပါတယ်။


Photographing ပိုင်းကတော့ ကိုရဲအောင်သူနဲ့ ကိုဖြိုးဟိန်းကျော်၊
Translator ကတော့ မခင်မြတ်၊ Topic Board က မေသူအောင်၊ Uploading က ရတနာ၊
စသည်ဖြင့်တာဝန်ယူခဲ့ကြပါတယ်။


Volunteer ခေါ်ယူခြင်း


Volunteer ခေါ်ယူတာကို Online ကနေတစ်ဆင့် Form ဖြည့်ပြီးခေါ်ယူခဲ့ပါတယ်။
Team အလိုက်လိုအပ်မယ့်လူအရေအတွက်ကို ကြိုတင်ပြုစုထားပါတယ်။ ပြီးတော့
လိုအပ်တဲ့လူစာရင်းပြည့်တဲ့အချိန် Form


ကိုပိတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ခေါ်တာ က နှစ်ရက်တည်းဖြစ်သွားတယ်။
တစ်ချို့လူတွေ လုပ်ချင်ပေမယ့် Form
မဖြည့်လိုက်တဲ့အတွက်မလုပ်လိုက်ရတဲ့လူတွေလည်းအများကြီးပါ။ PR


အနေနဲ့တစ်ကယ်လိုတာကတော့ အယောက် ၃၀ ကျော်ပါ။ Form ဖြည့်တုန်းက ၃၀
ကျော်ပါတယ်။ ဒါပေမယ့် ပထမ မီတင်တုန်းက ၂၀ လောက်ပဲလာကြတယ်။
မလာတဲ့လူတွေကိုလည်း ဒုတိယ chance အနေနဲ့


Pre-BarCamp ကိုထပ်ဖိတ်ပါတယ်။ မီတင်နှစ်ခုလုံးမလာတဲ့လူတွေကို Volunteer
List ကနေဖျက်ပါတယ်။


Preparation


ဒီနှစ်ဘားကမ့်မှာ ထူးခြားတာလေးတစ်ခုက BarCamp မြူစွမ်( Museum)
ဖြစ်ပါတယ်။ လုပ်လာတာလည်း ၄ နှစ်ပြည့်ပြီဆိုတော့ Museum လေးလုပ်ဖြစ်ပါတယ်။
ပွဲမတိုင်ခင်တစ်ရက်မှာတော့ မြူစီယမ်


ကိုပဲနည်းနည်းပါးပါး ကူးဖြစ်တယ်။ ကျွန်တော်တာဝန်ယူဖြစ်တဲ့ Video Record
နဲ့ပတ်သတ်ပြီးနည်းနည်းလေးပြောချင်တယ်။ ဘားကမ့်မီတင်စကတည်းက Live Stream
လုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။


ပထမတုန်းကတော့ နိုင်ငံခြားက Live လုပ်ပေးတဲ့ Company တွေနဲ့ညှိပြီး
လုပ်ဖြစ်ဖို့ပြောကြတယ်။ နောက်ပိုင်း အခမဲ့ဖြစ်တဲ့ Google+ နဲ့ Youtube
နဲ့ဟာကိုကြိုက်လာကြတယ်။ ဒီလိုနဲ့နောက်ပိုင်း


ကိုဇော်မင်းအောင် တို့လုပ်တဲ့ Myanmar Live.tv က သူတို့လုပ်ချင်တယ်လို့
ကမ်းလှမ်းလာတယ်။ အဲဒါနဲ့သူတို့နဲ့ဆွေးနွေးကြည့်တယ်။ ပြီးတော့ Camcorder
လေးတွေဝယ်ဖို့ပြောကြတယ်။ ဒါပေမယ့် ဘားကမ့် team


ကနှစ်တိုင်းပြောင်းနေလို့ ပစ္စည်းတွေမ၀ယ်တော့ဘူးလို့ပြောတယ်။
နောက်ဆုံးထိကြိုးစားခဲ့ပါတယ်။ Laptop လေးတွေဌားပြီး Live လွင့်နိုင်ဖို့၊
နောက်ဆုံးထိ Myanmarlive.tv နဲ့ဆွေးနွေးခဲ့ပါတယ်။ နောက်ပိုင်းသဘော


မတူကြတာနဲ့ မလုပ်ဖြစ်တော့ဘူးဖြစ်သွားတယ်။ အဲဒီအတွက် Volunteer
တွေကိုလည်းခေါ်ပြီးသွားပြီ။ ဒါပေမယ့် ဦးစီးလုပ်မယ့်လူမရှိတာနဲ့ အဲဒီ
Volunteer လေးတွေကိုလည်း ထုတ်လိုက်ရပါတယ်။ ဒါကြောင့် ပွဲမှာ
Video Record မရှိဘူးဖြစ်သွားတယ်။


ဘားကမ့် 2010 စကတည်းက သေချာပြောဖြစ်ခဲ့တာတစ်ခုမှမရှိဘူး။ ပထမနှစ်တုန်းကပဲ
MYSTERYZILLION အကြောင်းပြောဖြစ်တယ်။ နောက်နှစ်တွေမှာမပြောဖြစ်ဘူး။
ဒီနှစ်တော့ တစ်ခုခုပြောရင်ကောင်းမလားလို့


စဉ်းစားမိတယ်။ စဉ်းစားမိတဲ့ Topic တွေက Myanmar Localization
ဆိုတဲ့အကြောင်း ရယ် Hacker Space ဆိုတဲ့အကြောင်းရယ်နှစ်ခုပြောချင်တယ်။
Myanmar Localization ကတော့ ကျွန်တော်တို့ Ubuntu ကို


Localization လုပ်နေတယ်။ အဲဒီအတိုင်းပဲ Gnome တို့၊ Firefox, FFတို့ကို
Localize လုပ်နေတဲ့လူတွေရှိတယ်။ Ubuntu ကိုပဲ
ကျွန်တော်တို့နဲ့တူတူမလုပ်ပဲ ဘာသာပြန်နေသူများလည်းရှိပါတယ်။


အဲဒီလူတွေအကုန်ပေါင်း ပြီး Team တစ်ခုအနေနဲ့ လုပ်ဖို့အတွက်
ဆွေးနွေးချင်တဲ့ Topic လေးပါ။ နောက်တစ်ခုက Hacker Space၊
မြန်မာနိုင်ငံကလူတော်တော်များများကို အဲဒီအကြောင်းပြောဖြစ်ရင် ဟက်ကာ


တွေအတွက် အခန်းပေးထားတယ်ထင်မယ်။ ဒါပေမယ့် ဟက်ကာတွေချည်းပဲမဟုတ်ပါဘူး။
တခြားတက်သစ်စလေးတွေ၊ resource ရှာချင်တဲ့လူတွေအတွက် အခန်းတစ်ခန်းထဲမှာ
အင်တာနက် ပေးထားမယ်။


ခုံတွေပေးထားမယ်။ resource computer လေးတစ်လုံးရှိမယ်။ စသည်ဖြင့်ပေါ့
အဲဒီလိုလေးမျိုးစတင်လုပ်ချင်တာလည်းပါတယ်။ (ဒါပေမယ့် ပွဲအတွင်းမှာတော့
ကိုဇော်တို့၊ ကိုရာဗွီတို့ တော့ Developer Space လို့ နာ


မည်တွင်ပြီး Hacker Space အတိုင်းလုပ်မယ်လို့ပြောနေသံလေးတွေကြားရတယ်။
မအားလို့ အဲဒီအခန်းတွေထဲသွားနားမထောင်ဖြစ်ပါ။)
အဲဒီနှစ်ခုပြောဖို့စဉ်းစားပေမယ့် ပွဲနားနီးမှ အိမ်ကကိစ္စလေးတွေ၊


တခြားကိစ္စလေးတွေပေါ်လာလို့ Presentation မလုပ်ဖြစ်ဘူး။ ဒါနဲ့
ဒီအတိုင်းပဲနေလိုက်ဖြစ်တော့တယ်။


First Day of BCY13


မနက်ထိ ကို ဘယ်သူဖွင့်ပွဲကိုလာမယ်ဆိုတာမသိဘူး။ ညတုန်းကတော့ ဒုဝန်ကြီး
ဦးသောင်းတင်ပဲတက်မယ်လိုလို၊ အန်တီစုပဲတက်မယ်လိုလို
သတင်းလေးတွေကြားနေရတယ်။ အန်တီစု တစ်နှစ်လာပြီးဆေးထိုးသွား


တော့စိတ်က ဟိုလိုလိုဒီလိုလိုဖြစ်နေလေရဲ့။ အိပ်ရာထနောက်ကျ၊ တက္ကစီမရ၊
အခွေတွေဆိုင်မှာဝင်သယ်ရ နဲ့နည်းနည်းနောက်ကျသွားတယ်။ :-P ဒါပေမယ့် တက္ကစီက
မောင်းတာ အိမ်ရယ်၊ တာရာ


ကိုသွားခေါ်တာရယ်၊ MICT ကိုမောင်းတာ မိနစ် ၃၀ နဲ့ရောက်သွားပါလေရဲ့။ :-)
ဖွင့်ပွဲအတွက် ပြင်ဆင်ဖြစ်တယ်။ ပြီးတော့ အစီအစဉ်မကျ၊
တဲ့ဖွင့်ပွဲလေးကိုကြည့်ဖြစ်တယ်။ ဒီနှစ်ဖွင့်ပွဲကတော့ မကြိုက်ဆုံးပဲ။


ပထမနေ့တော့ ဘယ်မှသွားနားမထောင်ဖြစ်ဘူး။ ဟိုပြေးလိုက် ဒီပြေးလိုက်၊
ဟိုဟာလေး ခဏနားထောင်လိုက်၊ ဒီဟာလေး ခဏနားထောင်လိုက်ပဲလုပ်ဖြစ်တယ်။ Dell က
ပြောတဲ့ Virtualization အကြောင်းတော့


နားထောင်ဖြစ်တယ်။ ညနေပိုင်းတော့မန်းသားတွေနဲ့တူတူပြန်ဖြစ်တယ်။ Topic
လေးတွေကောင်းပါတယ်။ ညနေပိုင်းမှာ ကိုသာသာရဲ့ Topic နားထောင်ချင်ပေမယ့်
ခြေထောက်က အဲဒီနားကိုမရောက်တော့ပေ။


PR တွေအတွက်အင်တာနက် လိုင်းလည်း မလုပ်ပေးတော့ upload လည်းမတင်ဖြစ်၊ Live
လည်းမလွင့်နိုင်ခဲ့ပါဘူး။


Second Day of BCY13


မနက် ၇ နာရီကျော်ကျော်လောက်ရောက်ဖြစ်တယ်။ လိုင်းလည်းအဆင်မပြေတော့
ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ပေါ့။ ဓာတ်ပုံသမားတွေလည်း
သူ့အလုပ်သူလုပ်နေလေရဲ့။ အားလုံးကိုယ်စီကိုယ်စီ လုပ်နေလေရဲ့။


အဲဒီနေ့ နားထောင်ဖြစ်တာက Motion Picture အကြောင်း , Emily ရဲ့ Topic,
ကိုသာသာရဲ့ Innovation နဲ့ပတ်သတ်တဲ့ Topic , Foreigner တစ်ယောက်ရဲ့
Drupal အကြောင်း အဲဒါတွေနားထောင်ဖြစ်တယ်။


အကြိုက်ဆုံးကတော့ ကိုသာသာရဲ့ Topic ပဲ ။


ဒီနှစ်ရဲ့ တစ်ချို့သောကိန်းဂဏန်းများ


၁။ တက်ရောက်သူပေါင်း - ပထမရက် ၃၁၀၀ (Online+offline)


- ဒုတိယရက် ၃၂၀၀ (Online +
Offline)စုစုပေါင်း - ၆၃၀၀


၂။ Volunteer ပေါင်း - ၁၀၀ ကျော်


၃။ Organizer - အယောက် ၃၀ ခန့်


၎။ တက်ရောက်လာသော နိုင်ငံခြားသား(အကျီင်္ထုတ်သည့် စာရင်းအရ ) - ၁၅ ယောက်ခန့်


၅။ ပြောကြားခဲ့သော Topic ပေါင်း ပထမနေ့ - ၅၈ ခုခန့်


ဒုတိယနေ့ - ၅၅ ခုခန့်

၆။ ပထမနေ့ စတင်ချိန် - မနက် ၈ နာရီခွဲခန့် (ဖွင့်ပွဲစတင်ချိန်)၊ မှ ညနေ ၎
နာရီထိ ဒုတိယနေ့ စတင်ချိန် - စတင်ဟောပြောချိန် - မနက် ၉ နာရီ မှ ညနေ ၎
နာရီကျော်ထိ


ဒီနှစ်ရဲ့ အားနည်းချက်များ


၁။ Volunteer ခေါ်ယူသည့်ပုံစံ နည်းနည်းရှုပ်သွားခြင်း။ (ဖြေရှင်းရန် -
နောက်နှစ်မှာလည်း အွန်လိုင်းမှတစ်ဆင့်ခေါ်ယူပြီး Team Leader တွေအလိုက်
တစ်ခါတည်းခွဲပေးလိုက်ရန်၊ PR အတွက် Form သပ်သပ်၊ တခြား Team တွေအတွက်
Form သပ်သပ် စသည်ဖြင့်ခေါ်ယူလျှင် ပိုမိုကောင်းမွန်သွားနိုင်)


၂။ ဖွင့်ပွဲအစီအစဉ်မကောင်းခြင်း၊ နေလည်းပူတယ်။ အနီးကပ်မှ စီစဉ်တာတွေလည်းပါတယ်။


၃။ Public Relation တွေအတွက် အင်တာနက်လိုင်းမရခြင်း၊ ( PR တွေအတွက် 3MB
Wimax လေးတစ်ခုလောက် စပွန်ဆာပေးကြလျှင်အဆင်ပြေနိုင်သည်)


၎။ Live Stream မအောင်ြမင်ခြင်း၊ Up to date မရခြင်း၊ ပြောကြားသွားသည့်
Presentation တွေအတွက် Video Record မရှိခြင်း၊


၅။ နောက်ဆုံးနေ့ Organizer တစ်ချို့ညစာငတ်ခြင်း၊ :-P


၆။ ပြောကြားသူများကို Certificate မပေးခြင်း။


ဒီလောက်ပဲစဉ်းစားလို့ရသေးတယ်။ :-P


ဘာပဲဖြစ်ဖြစ်ပါ။ ဒီနှစ်အောင်မြင်ပါတယ်။ လူပိုများတယ်။ Organizer တွေ၊
Volunteer တွေ စုစုစည်းစည်းဖြစ်ခဲ့တယ်။ သတင်းယူတဲ့အပိုင်းမှာ Myanmar
International, MRTV 4, Skynet စတာတွေက သတင်းလာ


ယူကြတယ်။ ပြီးတော့ DVB, RFA စတာတွေလည်းလာကြတယ်။ ဒါပေမယ့်
အစိုးရပိုင်တွေထဲက တစ်ခုမှတက်တာမတွေ့ရဘူး။ Change ဆိုတဲ့စကားလုံးကို
ပြောနေတာက ၂ နှစ်ကျော်ပြီ။ အခုထိ အစိုးရပိုင် Broadcasting ရော Printed
Paper တွေရော ထူးခြားလာတာတစ်ခုမှမတွေ့ရဘူး။



နောက်နှစ်တွေမှာလည်း အခြေအနေပေးရင်တော့ ၀င်ပါဖြစ်လိမ့်မယ်ထင်တယ်။
ဒါပေမယ့် မပြောတက်သေးဘူး။ ကိုယ်တွေလည်း ကိုယ့်စိတ်ကို Change
လုပ်ချင်နေတာကြာပြီ။ အခုထိ ကိုယ့်ဟာကိုယ် မ Change နိုင်သေးဘူး။ Change
နိုင်အောင်တော့ကြိုးစားရဦးမှာပဲလေ။........

ဓာတ်ပုံများကိုတော့ BarCamp Yangon Fan Page မှာသွားကြည့်ကြကုန်....



@Pyae Sone @ Gipsy
Twitter Bird Gadget